သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-12-16
အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည် နယ် မောတောဒေသမှာ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေကို ခေါ်ယူပြီး သွားရောက် သတင်းယူခွင့်ပြုသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ရုံး သတင်းထုတ်ပြန်ရေးကော်မတီက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
2016-12-16
တင်္သာရီတိုင်းဒေသကြီးအတွင်းမှာ ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့ပိုင် ကုမ္ပဏီကဆောင်ရွက်မယ့် စီမံကိန်းတွေဟာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူ၊ တာဝန်ခံမှု၊ ဒေသခံတွေရဲ့ သဘောတူညီမှု ရယူခြင်းမရှိဘဲ မဆောင်ရွက်သင့်ဘူးလို့ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၃၀၀ ကျော်က သဘောထား ထုတ်ပြန်ကြေညာပါတယ်။
2016-12-16
The Farmer Myanmar ဂျာနယ်ရဲ့ မန္တလေးသတင်းတာဝန်ခံ ကိုကျော်သူရမျိုးဟာ အရိုက်ခံရတဲ့ပုံစံမျိုး မဟုတ်ဘဲ ဆိုင်ကယ်လဲမှောက်တာသာ ဖြစ်နိုင်ကြောင်း ချမ်းအေးသာဇံမြို့နယ် အမှတ် ၃ ရဲစခန်းက သိရပါတယ်။
2016-12-16
ဒီကနေ့ မနက် ၇ နာရီခွဲလောက်က အစိုးရတပ်မတော်နဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့ ရှမ်းပြည်နယ် တောင်ကြီးမြို့နဲ့ ဟိုပုန်းမြို့ကြားမှာ တိုက်ပွဲဖြစ်ခဲ့ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့က အတည်ပြုပြောပါတယ်။
2016-12-15
အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံဆက်သွယ် မယ့် အဝေးပြေးလမ်းမဖောက်လုပ်ရေး လုပ်ငန်းရဲ့ တစိတ်တဒေသအဖြစ် အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံမှာ တံတား ၆၉ စင်းဆောက် လုပ်ဖို့ အပါအဝင် လမ်းတံတားစီမံချက်တွေ အကောင် အထည်ဖော်နေပါတယ်။
2016-12-15
အောက်တိုဘာလဆန်း က မောင်တောဒေသ နယ်ခြားစောင့်ရဲစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ရိုဟင်ဂျာမွတ်ဆလင်အဖွဲ့ ကို ဆော်ဒီအာရေး ဗီးယားနဲ့ ပါကစ္စတန်နိုင်ငံတွေနဲ့ ဆက်စပ်နေကြောင်း ဒီအဖွဲ့ဝင်တွေရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး နိုင်ငံ တကာပဋိပက္ခ လေ့လာရေးအဖွဲ့ ICG က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2016-12-15
နိုင်ငံတော်သမ္မတရဲ့ သီးသန့်ရန်ပုံငွေ ကနေ သုံးစွဲထားတဲ့ ကျပ်သန်း တသောင်းခြောက်ကျော်ထဲက ရှမ်းပြည်နယ်အစိုးရက သုံးစွဲထားတဲ့ ကျပ်သန်း ၄၀၀ ကျော်ကို ပြန်လည်စိစစ် ဖို့ ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်း က ညွန်ကြားလိုက်ပါတယ်။
2016-12-15
ရွှေတိဂုံစေတီတော်မှာ ကပ်လှူထား တဲ့ ရွှေပြားတစ်ချို့မှာ ပဏာမစစ်ဆေးခဲ့ ရာမှာ အရည်အသွေး မမီတာတွေကို တွေ့ရှိခဲ့တဲ့အတွက် ပညာရှင်တွေနဲ့ ထပ်မံစစ်ဆေးပြီး သက်ဆိုင်ရာ ယခင် ကန်ထရိုက်လုပ်ငန်းရှင်တွေကို အရေးယူသွားမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ကြေညာထုတ်ပြန် ထားပါတယ်။
2016-12-15
မန္တလေးမြို့၊ လမ်း ၇၀၊ ၃၂ လမ်းနဲ့ ၃၃ လမ်း ကြားမှာ Farmer ဂျာနယ်တိုက်ရဲ့ မန္တလေး သတင်းတာဝန်ခံ ကိုကျော်သူရမျိုး ကို လူလေးယောက်ပါတဲ့ အဖွဲ့က မနေ့ည ၁၀ နာရီခန့်က ချောင်းရိုက်ခဲ့တာကြောင့် မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရပါတယ်။
2016-12-15
ထိုင်းနိုင်ငံမှာ ထိုင်းအိမ်ရှင်ဆီကနေ ငွေသားနဲ့ ရွှေထည်၊ စိန်ထည်ပစ္စည်းတွေ ယူသွားတယ်ဆိုတဲ့ မြန်မာနိုင်ငံသား အိမ်ဖော်အမျိုးသမီးကို ရှာဖွေဖု့ိအတွက် ထိုင်းအထူးစုံစမ်းရေး ရဲတပ်ဖွဲ့က နေပြည်တော်ကို စာပို့ထားတယ်လို့ ထိုင်းနိုင် ငံရောက် မြန်မာ နိုင်ငံသားများအဖွဲ့ MAT ရဲ့ ဒါရိုက်တာ ဦးကျော်သောင်းက ပြောပါတယ်။
2016-12-15
အလဲဗင်းမီဒီယာ CEO ဒေါက်တာ သန်းထွဋ်အောင်ရဲ့ ကျန်းမာရေးနဲ့ပတ်သက် ပြီး တရားရုံးမှာ သက်သေအဖြစ် ထွက်ဆို မယ့် ထောင်ဆရာဝန်က ထောင်တွင်းမှာလူနာတွေ အရမ်း များနေလို့ဆိုပြီး တရားရုံးကို မလာရောက်နိုင်တဲ့အတွက် လာမယ့် ဒီဇင်ဘာလ ၂၂ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက် ပါတယ်။
2016-12-15
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ အဖွဲ့အစည်းရဲ့ လယ်ယာစီးပွားနဲ့ တောင်သူ လယ်သမားရေးရာဌာနက ၃ ဦးကို မွန်ပြည်နယ်၊ ရေးမြို့နယ် မှာနေထိုင်သူ ဦးရန်လင်းအောင်က နစ်နာကြေး ကျပ်သိန်း ၅၀၀ ရလိုမှုနဲ့ မော်လမြိုင်ခရိုင်ရုံးမှာ တရားစွဲဆိုထားပြီး အမှု ကို ဒီနေ့ စတင်စစ်ဆေးခဲ့ပါတယ်။
2016-12-14
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ရန်ကုန် မြို့မှာ လာမယ့် ၁၉ ရက် တနင်္လာနေ့ တွေ့ ဆုံကြတဲ့အခါ ရိုဟင်ဂျာပြဿနာကို ဆွေးနွေး ကြမယ်လို့ မလေး ရှားနိုင်ငံ ကွာလာလမ်ပူမြို့က ဗုဒ္ဓဟူးနေ့ မနေ့ကလာတဲ့ သတင်းမှာ ဖေါ်ပြထားပါတယ်။
2016-12-14
ရခိုင်ပြည်နယ် မြောက်ပိုင်းမောင်တောဒေ သမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေ တယ်လို့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ တကယ်စစ်မှန်ပြီး လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့ပြီး စုံစမ်းစစ်ဆေးစေသင့်ကြောင်း၊ တပ်မတော်အရာရှိ ကြီးတွေ၊ ရဲအရာရှိကြီးတွေပါတဲ့ စုံစမ်းရေးကော်မရှင်တွေ ဖွဲ့ပြီး လှည့်စားဖို့ မကြိုးစားသင့်ကြောင်း HRW လူ့အခွင့် အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။
2016-12-14
အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော်နှစ်ရပ်စလုံးက ပြည်သူ့ကိုယ်စားလှယ်တွေကို တရုတ်ဘာသာစကား သင်ကြားပို့ချပေးမယ်လို့ လွှတ်တော် အမတ်တယောက်က မနေ့က ပြောကြားလိုက်ပါ တယ်။ မြန်မာနိုင်ငံ တရုတ်သံရုံးနဲ့ မန္တလေးမှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံး အကူအညီနဲ့ သင်ကြားမှာ လို့ ပြောပါတယ်။