သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-09
မန္တလေးမြို့က Messenger ဂျာနယ်သတင်းထောက် ကိုမျိုးမြင့်စံ (ခေါ်) စာရေးဆရာ မြူငှက် ဟာ မန္တလေးပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ကုသဌာနမှာ ဒီကနေ့ နေ့လည် ၁ နာရီ ၃ဝ က ကွယ်လွန်သွားခဲ့ပါတယ်။
2016-08-09
ရခိုင်ပြည်နယ်မှာ ဒုတိယ အကြီးဆုံးဖြစ် လာမယ့် ပုဏ္ဏားကျွန်းစက်မှုဇုန်စီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော်ပေးဖို့ တိုက်တွန်းကြောင်း အဆိုကို ဒီနေ့ ရခိုင်ပြည်နယ်လွှတ်တော် က လက်ခံဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။
2016-08-09
စစ်ကိုင်းမြို့မှာ ရှစ်လေးလုံး အရေးတော်ပုံ ကာလ အတွင်း သြဂုတ်လ ၉ ရက်နေ့က ကျဆုံးခဲ့တဲ့ ရဟန်း ရှင်လူ ကျောင်းသားပြည်သူ တစ်ရာနီးပါးလောက် အတွက် အောက်မေ့ဂုဏ်ပြုပွဲ အခမ်းအနားကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2016-08-09
နိုင်ငံတော်သမ္မတ တင်ပြထားတဲ့ ကမ္ဘာ့ ဘဏ်ကနေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူမယ့် အစီအစဉ်ဟာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးနဲ့ ဗဟိုဘဏ် အတွက် ဖြစ်တယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စု လွှတ်တော်မှာ ဒီနေ့ တင်ပြခဲ့ပါတယ်။
2016-08-09
၆၈ နှစ်မြောက် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့အခမ်းအနားကို ကယားပြည်နယ် ဖားဆောင်းမြို့နယ် နန်းကစ်ကျေးရွာမှာ ဒီကနေ့ကျင်းပခဲ့ပါတယ်။
2016-08-09
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရှဒူးဇွပ်ကျေးရွာအနီးတဝိုက်မှာ အစိုးရ တပ်မတော်နဲ့ ကေအိုင်အေ တပ်တွေအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူဦးရေ တစ်ထောင်လောက်ဟာ ရှဒူးဇွပ်ကျေးရွာက ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဘုရားကျောင်းတွေမှာ ခိုလှုံနေကြပါတယ်။
2016-08-09
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၀၀ ကျော်ရဲ့ နေ့တွက်စရိတ် တစ်ရက် စာ ငွေကျပ် ၂သောင်းစီကို စုပေါင်း ပြီး ရေဘေးဒဏ်ခံနေရတဲ့နေရာတွေကို လှူဒါန်းသွားမယ် လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က ဒီကနေ့ လွှတ်တော်မှာ ကြေညာလိုက်ပါတယ်။
2016-08-09
လက်ရှိ ပညာရေးစနစ် ဟာ တွေးခေါ်မြော်မြင်မှုမရှိဘဲ အလွတ် ကျက်ဖြေနေရတဲ့ စနစ်ဖြစ်တာကြောင့် မှန်ကန်တဲ့ ပညာရေး မူဝါဒတစ်ရပ် ရေးဆွဲပေးဖို့ ပညာရေး ဝန်ကြီးဌာနထံ တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်မှာ တနင်္လာနေ့က တင်သွင်းလိုက်ပါတယ်။
2016-08-08
လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးစနစ် SSR/DDR နဲ့ ပတ်သက်ပြီး အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေး အဖွဲ့အစည်းတွေအတွက် စိန်ခေါ်မှုတစ်ခုအဖြစ် ရင်ဆိုင်နေ ရတယ်လို့ UNFC ဒုတိယဥက္ကဌ နိုင်ဟံသာ က ပြောကြားလိုက်ပါတယ်။
2016-08-08
၈ လေးလုံးနေ့ အထိမ်းအမှတ် အခမ်း အနားတွေကို ဒီနေ့ မြန်မာနိုင်ငံ နေရာ အတော်များများမှာ ကျင်းပကြသလို တရုတ်မြန်မာနယ်စပ် ABSDF မြောက်ပိုင်း ဗဟိုဌာနချုပ် မှာလည်း ကျင်းပကြပါတယ်။
2016-08-08
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံ ပထမအကြိမ် အစည်းအဝေး ကို နေပြည်တော်မှာ လာမယ့် သြဂုတ်လ ၃၁ ရက်နေ့မှာ စတင်ကျင်းပမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။
2016-08-08
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နှစ်လအတွင်း ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားသူ ၂ဝ ကျော်ရှိနေပြီး လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်၊ ကွမ်လုံ၊ ဟိုပန်၊ လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့တွေမှာ ရောဂါဖြစ်ပွား မှုတွေ ရှိနေတယ်လို့ ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာထင်လင်းက ပြောပါတယ်။
2016-08-08
ဧရာဝတီ၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ မန္တလေး၊ ရန်ကုန်၊ မွန်နဲ့ ကချင် စတဲ့ တိုင်းဒေသကြီး နဲ့ ပြည်နယ် ၈ ခုမှာ ရေကြီးရေလျှံ မှုကြောင့် ရေဘေးဒုက္ခရောက်နေတဲ့ လူဦးရေ ၄ သိန်းနီးပါး အတွက် ငွေကျပ်သိန်းပေါင်း ၃၅ဝဝ နီးပါးဖိုး ဆန်ရိက္ခာနဲ့ အရေးပေါ်စားနပ်ရိက္ခာတွေ ထောက်ပံ့ကူညီပေးထား ပါတယ်။
2016-08-08
ရက္ခိုင့်တပ်မတော် AA၊ တအာင်း လွတ်မြောက်ရေးတပ်မတော် PSLF/TNLA ၊ ကိုးကန့်တပ်မတော် MNDAA နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဌ ဦးသိန်းဇော် ဦးဆောင် တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မနက်ဖြန် သြဂုတ်လ ၉ ရက်နေ့ မှာ မိုင်းလားမြို့မှာ တွေ့ဆုံမှာဖြစ်ပါတယ်။
2016-08-08
အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည် တွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေး နဲ့ တရား ဥပဒေစိုးမိုးရေးကိစ္စတွေကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒီနေ့ တွေ့ ဆုံဆွေးနွေးခဲ့ပါတယ်။