သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-08-08
လာမယ့် သြဂုတ်လ ၁၀ ရက်နေ့ မှာ မြန်မာနိုင်ငံအနှံ့ ရေကြီးရေ လျှံနိုင်ကြောင်းနဲ့ သဘာဝဘေးအန္တရာယ် အနည်းငယ်ကျရောက်နိုင်ကြောင်း ရန်ကုန်မြို့ မြို့နယ် အတော်များများမှာ လူတချို့က သတိပေးလက်ကမ်း စာစောင်တွေ ဝေငှနေတာဟာ ကောလာဟာလသာဖြစ်ပြီး သိပ္ပံအထောက်အထား ဘာမှမရှိကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားလိုက်ပါတယ်။
2014-08-08
ပြည်သူတွေတောင်းဆိုနေတဲ့ ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေးတွေ ရရှိဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ၊ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ညီညွတ်ဖို့ လိုအပ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီနေ့ ကျရောက်တဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံ ၂၆ နှစ်မြောက်နေ့ အခမ်းအနားမှာ ပြောပါတယ်။
2014-08-08
အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ နိုင်ငံခြားရေးမူဝါဒကို ကျေ နပ်ကြောင်း နိုင်ငံတော်သမ္မတရဲ့ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။
2014-08-08
ကမ္ဘာ့နိုင်ငံတွေရဲ့ တရားဥပဒေစိုးမိုးရေး ဆိုင်ရာ အစီရင်ခံစာတစ်ရပ်အရ လေ့လာခဲ့ တဲ့ နိုင်ငံပေါင်း ၉၉ နိုင်ငံ ထဲမှာ မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှု အခြေအနေဟာ အဆင့် ၈၉ မှာ ရှိနေပါတယ်။
2014-08-07
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် ဝက်သေကျေးရွာ က ကျေးရွာပိုင်မြေတွေ ပြန်လည်ရရှိဖို့ မန္တလေးတိုင်းဒေသကြီးအစိုးရရုံးရှေ့မှာ ဆန္ဒပြ မယ့်တောင်သူတွေကို သပိတ်ကျင်းမြို့အဝင်မှာ မြို့နယ် ရဲတပ်ဖွဲ့က တားဆီးထားတယ်လို့ သိရပါတယ်။
2014-08-07
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး မြို့နယ်၊ အေးသာယာမြို့သစ်မှာ ရာနဲ့ ချီတဲ့တောင်သူတွေဟာ အသိမ်းခံထားရတဲ့ လယ် ယာမြေတွေပြန်လည်ရရှိဖို့အတွက် ဒီကနေ့ ဆန္ဒပြတောင်း ဆိုခဲ့ကြပါတယ်။
2014-08-07
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်အတွင်းက ရပ်ကွက် ၈ ခုမှာ မိုးများပြီး ရေကြီးတဲ့ အတွက် နေအိမ် ၂၀၀၀ နီးပါး ရေဘေးသင့်ပြီး လူပေါင်း ၉၀၀၀ နီးပါး ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရတယ်လို့ သိရပါတယ်။
2014-08-07
ရခိုင်ပြည်နယ်၊ မြေပုံမြို့မှာ မြန်မာနိုင်ငံ သားဖြစ်ခွင့်လျှောက်ထားတဲ့ မွတ်စလင် ၁၀၀၀ ကျော်ထဲက ၄၀ လောက်ကို ၁၉၈၂ ခုနှစ် နိုင်ငံ သားဖြစ်မှု ဥပဒေနဲ့အညီ လူတွေ့စစ်ဆေးမေးမြန်းပြီးဖြစ် တယ်လို့ သိရပါတယ်။
2014-08-07
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဒါးပိုင်မွတ်စလင် ဒုက္ခသည်စခန်းမှာ မနေ့က လုံခြုံရေးရဲတပ်ဖွဲ့နဲ့ ဒုက္ခသည်မွတ်စလင်တွေအကြား ပဋိပက္ခဖြစ် ပွားခဲ့ရာ ရဲကသေနတ်နဲ့ ပစ်ခတ် တာကြောင့် မွတ်စလင်တစ်ဦး ဦးခေါင်းမှာကျည်ဆံ ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။
2014-08-07
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry အနေနဲ့ မြန်မာနိုင်ငံက ဆိုးဝါးလာတဲ့ လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ် သက်ပြီး ခရီးစဉ်အတွင်း မြန်မာအစိုးရကို ဖိအားပေးပြော ကြားသင့်တယ်လို့ အမေရိကန်ပြည်ထောင်စု နယူးယောက် မြို့အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
2014-08-06
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာနားက ဝါးရုံတောဆို တဲ့နေရာကို ဖားကန့်ဒေသ အခြေစိုက် တပ်မ ၆၆ လက်အောက်ခံတပ်တွေနဲ့ အုပ်ချုပ်ရေး အဖွဲ့တွေက ဝင်ရောက်နှိမ်နင်း ရာမှာ မူးယစ်ဆေး ဝါး ရောင်းချသူ ၅ ဦးကို ဘိန်းဖြူ၊ ရာမ၊ ဆိုင်ကယ် ၁၁ စီးနဲ့ ငွေကျပ် သိန်း ၅၀နီးပါး ဖမ်းမိခဲ့တယ်လို့ ဖမ်းဆီးရာ မှာပါဝင်ခဲ့သူတွေက ပြောပါတယ်။
2014-08-06
ဒီလ ၄ရက်နေ့က ပဲခူးတိုင်းဒေသကြီး ပြည် မြို့မှာ PR ခေါ် အချိုးကျကိုယ်စားပြု စနစ်ကို ကန့်ကွက်ဆန္ဒပြခဲ့သူတွေထဲက ဦးဆောင် သူ ၅ ဦးကို တရားမဝင်စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ပုဒ်မ ၁၈နဲ့ ပြည်မြို့နယ်ရဲစခန်းက အမှုဖွင့်ထား ပါတယ်။
2014-08-06
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် ပြည်သူ ၅ သန်းနီးပါးရဲ့ဆန္ဒကို လွှတ်တော် က အကောင်အထည်ဖေါ်ပေးဖို့ တာဝန်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးတွဲကော်မတီက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2014-08-06
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတဲ့ မဲဆွယ်စည်းရုံးရေး ကာလ ရက်ပေါင်း ၃၀ ကို ရက်ပေါင်း ၆၀လို့ ပြောင်းလဲ သတ်မှတ်ပေးဖို့ နိုင်ငံရေးပါတီတွေက တင်ပြတဲ့ အပေါ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြန်လည်စဉ်းစားပေးမယ်လို့ ဒီနေ့ ပြော ကြားခဲ့ကြောင်း နိုင်ငံရေးပါတီ တာဝန်ရှိသူတွေ က ပြောပါတယ်။
2014-08-06
သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် ကို နေပြည်တော် ဒက္ခိဏသီရိခရိုင် တရားရုံးမှာ ၆ ကြိမ်မြောက်အဖြစ် ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။