သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-04
တနင်္သာရီတိုင်း ထိုင်း-မြန်မာနယ်စပ် ဂိတ်တွေဖြစ်တဲ့ မောတောင်၊ ထီးခီး နဲ့ ကော့သောင်း နယ်စပ်ဂိတ်တွေမှာ သီးသန့် လုံခြုံရေးအင်အား တိုးမြှင့်ပေးဖို့ အရေးပေါ်စီမံ ခန့်ခွဲရေး အစည်းအဝေးမှာ တိုင်းဒေသကြီးဝန်ကြီး ချုပ် ဒေါက်တာ လဲ့လဲ့မော် က တောင်းဆိုလိုက်ပါတယ်။
2016-08-04
ဘာသာရေးနဲ့သက်ဆိုင်တဲ့ အဆောက် အဦးတွေကို ဆောက်လုပ်ရာမှာ သက်ဆိုင် ရာတိုင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့နဲ့ ဒေသ ခံတွေရဲ့ထောက်ခံချက် ပါရှိရမှာဖြစ်ပြီး ခွင့်ပြုချက်မဲ့ ဆောက် လုပ်တာတွေကို ဖယ်ရှားရှင်းလင်းသွားမှာ ဖြစ်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ဝင်းက ပြောပါတယ်။
2016-08-04
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကံဘောက်ဒေသမှာ သဘာဝဓာတ်ငွေ့ ထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေဖြစ်ကြတဲ့ Total၊ Petronas နဲ့ PTTEPI ကုမ္ပဏီတွေဟာ ဒေသခံတွေ ရဲ့အကျိုးစီးပွားကို လျစ်လျူရှုနေကြတယ်ဆိုပြီး ကျေးရွာ၂ဝ က လူ ၆ဝဝ ကျော်ဟာ ကုမ္ပဏီတွေရှေ့မှာ ဒီနေ့ ဆန္ဒပြခဲ့ ကြပါတယ်။
2016-08-04
အနာဂတ် ကောင်းမွန်ရေးဟာ ပညာရေးအပေါ် မူတည်နေပြီး ပညာရေး ကောင်းမွန်ရေးဟာ ဆရာ ဆရာမတွေအပေါ် မူတည်နေကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
2016-08-04
ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်ကြရတဲ့ ကလေးငယ်တွေရဲ့ အရေးကိစ္စတွေကို လာမယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ ထည့်သွင်းဆွေးနွေး အဖြေရှာကြစေလိုကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းကိုနိုင်က တိုက်တွန်းပါတယ်။
2016-08-03
တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး တပ်တွေနဲ့ အစိုးရတပ်မတော်တို့ ပူးပေါင်းနိုင်မည့် ပြည်ထောင်စု တပ်မတော်တရပ် ဖြစ်ပေါ် လာဖို့ နည်းလမ်းရှာတဲ့အနေနဲ့ NCA အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့က ခေါင်းဆောင် ကိုယ်စားလှယ်တွေဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နိုင်ငံတကာ တတ်သိပညာရှင်တွေနဲ့ ဒီကနေ့ ဆွေးနွေးနေကြပါတယ်။
2016-08-03
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန် ၁ မှာရှိတဲ့ Next Star အထည်ချုပ်စက်ရုံမှာ တစ်ရက်လုပ်အားခ ကျပ် ၃၆၀၀ တိုးပေးဖို့ တောင်းဆိုမှုကြောင့် အလုပ်ထုတ်ခံရတဲ့ အလုပ် သမားခေါင်းဆောင် ၃ ဦးကို အလုပ်ပြန်ခန့်ပေးဖို့ အလုပ် သမား တစ်ရာနီးပါးက ဆန္ဒပြတောင်းဆိုနေပါတယ်။
2016-08-03
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကိုးကန့် တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခံ ထားရပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားသူ ၉သောင်းကျော်ရှိ တယ်လို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီး ဦးသိန်းဆွေ က ပြောပါတယ်။
2016-08-03
တရားရုံးတွေမှာ ကန့်သတ်ထားတဲ့ အမှုတွေကလွဲပြီး ကျန်တဲ့အမှုကိစ္စတွေ ကို ပြည်သူတွေအနေနဲ့ တက်ရောက်နားထောင်ခွင့် ရှိကြောင်းနဲ့ တားဆီးမှုတွေရှိလာရင် တိုင် ကြားနိုင်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့် က ပြည်သူ့လွှတ်တော်မှာ ဒီနေ့ ပြောပါတယ်။
2016-08-03
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသက မြေလွတ်၊ မြေလပ် နဲ့ မြေရိုင်းတွေကို တောင်သူတွေ လုပ်ကိုင် ခွင့်ရရှိအောင် ပြည်နယ်အစိုးရက လယ်ယာမြေတွေ ဖော် ထုတ်ခွဲဝေပေးဖို့ ပြည်နယ်လွှတ်တော်မှာ အဆိုတင်သွင်းပြီး တိုက်တွန်းလိုက်ပါတယ်။
2016-08-03
နှစ်စဉ်ဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမှုတွေ နဲ့ သောက်သုံးရေ ပြတ်လပ်မှုတွေကို ဖြေ ရှင်းပေးဖို့နဲ့ တိမ်ကောနေ တဲ့ မြစ်ချောင်းတွေကို ပြန်လည်တူးဖော်ဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းတဲ့ အဆိုကို အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးကျော်ထွေးက ဒီကနေ့ အမျိုးသားလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
2016-08-03
ဧရာဝတီမြစ်ရေနဲ့ ချင်းတွင်းမြစ်ရေ မြင့် ထက်မှုကြောင့် မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီ၊ ကချင် စတဲ့ တိုင်းနဲ့ပြည် နယ် ၆ခုမှာ ရေဘေးဒုက္ခသည် ၁သိန်း ၃ သောင်းနီးပါးအထိ ရှိနေပါတယ်။
2016-08-03
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ်တွေမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ရောဂါ တစ်မျိုးကြောင့် ကလေးငယ်နဲ့ သက်ကြီး ရွယ်အို စုစုပေါင်း ၃၃ ဦး သေဆုံးသွားတယ်လို့ လဟယ်မြို့နယ် တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလော်ယုံ က ပြောပါတယ်။
2016-08-03
ပြည်သူအများစုဟာ အကြောက်တရားတွေ နဲ့ ရှင်သန်နေရတဲ့အတွက် အစိုးရသစ်အနေ နဲ့ မှုခင်း ကျဆင်းရေးကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ တိုက်တွန်းကြောင်းအဆို ကို ပြည်သူ့လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ ဒီကနေ့ အတည်ပြုလိုက်ပါတယ်။
2016-08-03
အရင်အစိုးရလက်ထက်ကရှိခဲ့တဲ့ အမည်ပျက်စာရင်း Black List မှာ ထည့်သွင်းခံထားရတဲ့အထဲက မြန်မာနိုင်ငံ သား ၂၄၈ ဦး၊ နိုင်ငံခြားသား ၃၇၁ ဦး စုစုပေါင်း ၆၁၉ ဦးကို စာရင်းကနေ ပယ်ဖျက် လိုက်ပြီဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ပြောပါတယ်။