သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-07-30
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဧရာဝတီတိုင်းတောင်ပိုင်း၊ ပဲခူးတိုင်းတောင်ပိုင်းနဲ့ ရန်ကုန်တိုင်းတို့ မှာ ရေဖုံးလွှမ်းနိုင်တဲ့ အခြေအနေ ရှိနေတယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင် က ပြောပါတယ်။
2017-07-30
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တေ့ွဆုံမှုကနေ ရရှိထားတဲ့ သဘောတူ ညီချက် တစ်ရပ်အရ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မှာရှိတဲ့ စစ်ဘေးဒုက္ခသည် စခန်း ၁၀၀ ကျော် က အခြေခံပညာ အဆင့် ကျောင်းသူကျောင်းသားတွေ အစိုးရကျောင်းတွေ မှာ ပြောင်းရွှေ့တက်ရောက်နိုင်ရေး အတွက် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က စာရင်းကောက်ယူနေပါတယ်။
2017-07-29
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ အကြံဉာဏ်တွေ ရယူဖို့အတွက် အစိုးရက အလွှာပေါင်းစုံက လူပုဂ္ဂိုလ်တွေနဲ့ ဒီနေ့ ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ တွေ့ဆုံခဲ့ကြပါတယ်။
2017-07-29
မလေးရှားနိုင်ငံမှာ တရားမဝင် အလုပ်သမားတွေကို ဖမ်းဆီးတဲ့ စီမံချက်အရ ဇူလိုင်လအတွင်း မြန်မာနိုင်ငံသား ၄ဝဝ ကျော် ဖမ်းဆီးခံထားရတယ်လို့ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။
2017-07-29
အလုပ်မရရှိသေးတဲ့ ဆရာအတတ်သင် သင်တန်းအောင်မြင်ပြီးတဲ့ ဆရာ/ ဆရာမတွေကိစ္စကို သက်ဆိုင်ရာဝန်ကြီးဌာန တာဝန်ရှိသူတွေအနေနဲ့ လာမယ့် သြဂုတ်လ ၄ ရက်နေ့ နောက်ဆုံးထားပြီး တွေ့ဆုံဖြေရှင်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။
2017-07-29
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရာသီတုပ်ကွေး A(H1N1) ရောဂါပိုးတွေ့ရှိထားသူ ၄၁ ဦးရှိလာပြီး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မွန်၊ နေပြည်တော်နဲ့ တနင်္သာရီ စတဲ့ တိုင်းနဲ့ ပြည်နယ်တွေက သေဆုံးသူ ၇ ဦး အထိရှိနေပြီ ဖြစ်ပါတယ်။
2017-07-28
လတ်တလောဖြစ်ပွားနေတဲ့ ရာသီတုပ်ကွေးရောဂါ H1N1 နဲ့ ပတ်သက်ပြီး အရေးကြီးအဆိုတရပ်ကို ကျောင်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက ဒီကနေ့ လွှတ်တော်မှာ တင်သွင်းပါတယ်။
2017-07-28
မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇/၁ နဲ့တရားစွဲဆိုခံထားရတဲ့ သတင်းသမားသုံးဦး အပါအဝင် စုစုပေါင်း ၆ ဦးကို ဒီကနေ့သီပေါမြို့နယ် တရားရုံးမှာ တတိယအကြိမ်အဖြစ် ရုံးထုတ်ခဲ့ပြီး တရားလိုဖြစ်တဲ့ တပ်မတော်ဘက်ကို စတင်စစ်ဆေးခဲ့ပါတယ်။
2017-07-28
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်မှာ ဇူလိုင်လ ၁၆ ရက်ကနေ ၁၈ ရက်နေ့အထိကျင်းပခဲ့တဲ့ ကမ္ဘာ့ပထမဦးဆုံး အပြည်ပြည်ဆိုင်ရာ စက်ရုပ်ပြိုင်ပွဲ FIRST Global Robotics Olympics မှာ အဆင့် ၆ ရခဲ့တဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုအဖွဲ့က ဒီကနေ့ ရန်ကုန်မြို့ ကုန်သည်လမ်းက ဖန်တီးရာရုံးခန်းမှာ မီဒီယာနဲ့ မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ပါတယ်။
2017-07-28
ရခိုင်ပြည်နယ်မှာ ကိုယ်ဝန်ဆောင်မိခင်တွေကို လစဉ်ငွေထောက်ပံ့ပေးမယ့် အစီအစဉ်ကို ပြန်လည် သုံးသပ်နေတယ်လို့ အစိုးရအဖွဲ့ကနေ သိရပါတယ်။
2017-07-28
မွန်ပြည်နယ် လွှတ်တော်ရုံး ဝန်ထမ်းသစ်တွေဆီကနေ လာဘ်ငွေတောင်းယူတဲ့ လွှတ်တော် ဦးစီးမှူးအပါအဝင် ၃ ဦးကို အရေးယူပေးဖို့အတွက် ပြည်နယ်လွှတ်တော်က ပြည်နယ်အစိုးရအဖွဲ့ကို အစီရင်ခံစာပို့ထားပေမယ့် အဲဒီ အစီရင်ခံစာဟာ ၁၀ ရက်ကျော်တဲ့အထိ ဝန်ကြီးချုပ်ဆီ မရောက်သေးဘူးလို့ ပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။။
2017-07-28
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့မှာ မနေ့ညက အိမ်တအိမ်ကို ဖြိုချဖျက်ဆီးပေးဖို့ တောင်းဆိုလာသူတွေ များလာတဲ့အတွက် ဖြိုချဖျက်ဆီးလိုက်တာဖြစ်တယ် လို့ ကျောက်ပန်းတောင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌက ပြောပါတယ်။
2017-07-28
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃနဲ့ တရားစွဲဆိုခံထားရတဲ့ The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေရဲ့ အာမခံ လျှောက်ထားမှုကို ဗဟန်းမြို့နယ် တရားရုံးက ဒီကနေ့ ၉ ကြိမ်မြောက် ပယ်ချလိုက်ပါတယ်။
2017-07-27
မြန်မာနိုင်ငံမှာ H1N1 ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး လိုအပ်တဲ့အကူအညီပေးဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကို တောင်းခံထားပြီလို့ သိရပါတယ်။
2017-07-27
တပ်မတော်ကို အစိုးရစစ်တပ် သို့မဟုတ် စစ်တပ်လို့ မသုံးနှုန်းစေချင်ဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်အောင်ရဲဝင်းက သတင်းမီဒီယာကောင်စီအပြင် စာနယ်ဇင်း အဖွဲ့တွေနဲ့ ဒီကနေ့ နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။