သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-08-06
မန္တလေးမြို့ပဋိပက္ခ စတင်ဖြစ်ပေါ်စေခဲ့တဲ့ လိမ်လည်တိုင်တန်းမှုတွေမှာ ပါဝင် ပတ်သက်သူ ၄ ဦးကို ပျဉ်းမနားမြို့နယ် တရားရုံးမှာ ဒီနေ့ ထပ်မံရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2014-08-06
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့နယ်ခွဲ၊ မိုင်းလင်းအနောက် ကျေး ရွာအုပ်စု နားဟိုင်းလုံကျေးရွာနဲ့ ဝိန်းမနော်ကျေးရွာတွေမှာ မိုင်းလင်းရွှေတူးဖော်ရေးလုပ်ငန်းကြောင့် ပျက်စီးသွားတဲ့ လယ်ယာမြေဧက ၃၀၀ ကျော်အတွက် ကုမ္ပဏီ ၃ ခုက တစ်ဧကကို ငွေကျပ် ၆သိန်းကျော် လျော်ကြေးပေးမယ်လို့ သိရပါတယ်။
2014-08-05
ရခိုင်ပြည်နယ်၊ မြေပုံမြို့မှာ မြန်မာနိုင်ငံ သားဖြစ်ခွင့်လျှောက်ထားတဲ့ မွတ်စလင် တစ်ထောင်ကျော်ကို ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေ နဲ့အညီ လူတွေ့ စစ်ဆေးမေးမြန်းမှုကို မြို့နယ်အဆင့်အဖြစ် ဒီနေ့ စတင်စစ်ဆေးနေပါတယ်။
2014-08-05
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်တဲ့ မဲဆွယ်စည်းရုံးရေး ညွှန်ကြားချက်တွေနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD နဲ့ တိုင်းရင်းသားပါတီ ၁၁ ပါတီက ကိုယ်စားလှယ်တွေ မနက်ဖြန် ကော်မရှင်နဲ့ တွေ့ဆုံကြ မယ်လို့ သိရပါတယ်။
2014-08-05
ပိုင်နက်ကျူးလွန်မှု၊ ခိုးမှု၊ လူစုလူဝေးနဲ့ ဝင်ရောက်မှုတွေနဲ့ဖမ်းဆီးတရားစွဲခံထား ရတဲ့ ဧရာဝတီတိုင်း အိမ်မဲမြို့နယ် ဆင်တိုးရွာကလယ်မား ၁၇ ယောက်နဲ့ကျောင်းကုန်းမြို့နယ် ကုန်းရှန်းရွာက လယ်သမား ၂ ယောက်အပါအဝင် လယ်သမား ၁၉ ယောက်ကို ပန်းတနော်မြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2014-08-05
မန္တလေးမြို့ပဋိပက္ခ စတင်ဖြစ်ပေါ်စေခဲ့တဲ့ လိမ်လည်တိုင်တန်းမှုတွေမှာ ပါဝင် ပတ်သက်သူ ၄ ဦးကို ပျဉ်းမနားမြို့နယ် တရားရုံးမှာ မမှန်မကန်တိုင်တန်းမှု ပုဒ်မ ၂၁၁နဲ့ ဒီနေ့ ထပ်မံတရားစွဲဆိုလိုက်ပါတယ်။
2014-08-05
မြန်မာ့အရေးဆောင်ရွက်နေတဲ့ ဗြိတိန်နိုင်ငံ အခြေစိုက် Burma Campaign UK ရဲ့ ရေးသားချက်တွေဟာ နိုင်ငံတကာအသိမှတ်ပြုနေတဲ့ သမ္မတရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို ထိခိုက် ပျက်စီးစေဖို့သာဖြစ်တယ်လို့ သမ္မတပြောခွင့်ရသူ ပြန် ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။
2014-08-05
လာမယ့် ရွေးကောက်ပွဲတွေမှာ ပီအာ ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို မကျင့်သုံးဖို့ ပြည်သူ့ လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက် အဖွဲ့ဝင် ၁၀၀ လောက်က ဒီနေ့ ရန်ကုန်မြို့ မြို့တော် ခန်းမရှေ့မှာ ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။
2014-08-05
ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့ လက်ကမ်းစာစောင်တွေ လိုက်ဝေခဲ့တဲ့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ သင်္ဃန်းကျွန်း မြို့နယ် တရားရုံးက ဒီနေ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ် အမိန့်ချ လိုက်ပါတယ်။
2014-08-05
မြန်မာနိုင်ငံကို လာရောက်လည်ပတ် တဲ့ နိုင်ငံခြားသားခရီးသည်တစ်ယောက် ဟာ သူ့ရဲ့ ခြေသလုံးမှာ ဗုဒ္ဓပုံတော်တွေ ကို ဆေးမင်ကြောင်ရေးထိုးထားတဲ့အတွက် သက်ဆိုင် ရာက ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သိရပါတယ်။
2014-08-05
အသက်မပြည့်ဘဲ စစ်မှုထမ်းခဲ့ကြရတဲ့ ကလေးစစ်သား ၉၁ ယောက်ကို မြန်မာ့ တပ်မတော်က မိဘတွေထံ ပြန်လည် အပ်နှံခဲ့တာကို ကြိုဆိုကြောင်း ကုလသမဂ္ဂက သတင်း ထုတ်ပြန်ခဲ့ပြီး၊ အဲဒီကလေးတွေရဲ့ ပညာရေး အတွက် တာဝန်ယူဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
2014-08-04
မန္တလေးမြို့ ပဋိပက္ခစတင်ဖြစ်ပေါ်စေခဲ့တဲ့ လိမ်လည်တိုင်တန်းမှုတွေမှာ ပါဝင်ပတ် သက်သူ ၄ ဦးကို ပျဉ်းမနားမြို့နယ်တရား ရုံးမှာ အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (ဃ)၊ (င)၊ (ည) တို့နဲ့ ဒီနေ့ ပထမ အကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2014-08-04
အပတ်စဉ်ထုတ် မွန်းတည့်နေဂျာနယ်က ဖမ်းဆီးခံရသူ ၆ ဦးထဲက အမှုဆောင် အယ်ဒီတာ ကိုရဲမင်းအောင်ကို ခိုင်လုံတဲ့ သက်သေမလုံလောက်လို့ဆိုပြီး ပန်းဘဲတန်းမြို့နယ် တရားရုံးက ဒီနေ့ လွှတ်ပေးခဲ့ပါတယ်။
2014-08-04
ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံစုစုပေါင်း ၁၀၀ ကျော်လောက်က ပီအာ ခေါ် အချိုးကျကိုယ်စားပြုစနစ် ကို ဒီနေ့ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
2014-08-04
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ က ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ကချင်ပြည်နယ်က နိုင်ငံရေး ပါတီတွေနဲ့ ဒီနေ့ တွေ့ဆုံပြီး လက်ရှိပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ရှင်းပြခဲ့ပါတယ်။