သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-12-08
နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်မယ့် လွှတ်တော် အသီးသီးကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်အတွင်း ကျင်းပဖို့ လျာထားတယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြောကြားလိုက်ပါတယ်။
2020-12-07
လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း ပုံစံ (၂၀) ကလွဲပြီး တခြား ရွေးကောက်ပွဲဆိုင်ရာ အသုံးပြုပုံစံတွေနဲ့ စာရွက်စာတမ်းတွေကို မိတ္တူကူးယူခွင့် မပြုဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2020-12-07
ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးခွဲက ရွေးကောက်ပွဲနဲ့ ဆက်စပ်တဲ့ အမှုပေါင်း ၁၆ မှု တိုင်ကြားထားပါတယ်။
2020-12-07
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်နဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့အစပ်က ပန်ကွပ်ရွာအနီးမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ ဒီနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
2020-12-07
မန္တလေးတိုင်း မိုးကုတ်နဲ့ မိုင်းလုံမြို့နယ်ခွဲအတွင်း မူးယစ်ဆေးရောင်းဝယ်မှုနဲ့ နာမည်ကြီးနေသူတွေ သုံးစွဲနေသူတွေ ၁၆ ယောက်ကို ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဖမ်းဆီးထားတယ်လို့ SSPP ပြောခွင့်ရ ဗိုလ်မှူး စိုင်းသန်းအောင်က RFA ကိုပြောပါတယ်။
2020-12-07
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို မဲပေးဖို့ တပ်တွင်း ဖိအားပေးတာတွေ ရှိနေတယ်လို့ Facebook လူမှုကွန်ရက်စာမျက်နှာမှာ တင်ခဲ့တာကြောင့် ထောင် ၉ လ ချမှတ်ခံရတဲ့ မသဉ္ဇာသန်းမင်းကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်လိုက်ပါတယ်။
2020-12-07
ရခိုင်မြောက်ပိုင်းက ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့ ဒေသခံ အချို့က လိုလားနေကြပါတယ်။
2020-12-07
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ နေ့စဉ်တိုးနေတာကြောင့် မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းမှာ ပိုးကူးစက်မှုထိန်းချုပ်ရေး သတ်မှတ်စည်းကမ်းဖောက်ဖျက်သူ စုစုပေါင်း ၃၄၀၀ ကျော်ကို အရေးယူခဲ့ပါတယ်။
2020-12-06
မအူပင်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးဟာ RDT test kit နဲ့ နှစ်ကြိမ်စစ်ဆေးရာမှာ ပိုးမတွေ့ခဲ့ပေမယ့် ရန်ကုန်မြို့ အမျိုးသားဓာတ်ခွဲခန်းကို နှာခေါင်း၊ အာခေါင်တို့ဖတ် ပေးပို့စစ်ဆေးရာမှာတော့ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
2020-12-06
ရန်ကုန်မြို့မှာရှိတဲ့ တရုတ်၊ ဗြိတိန်၊ ဂျပန်၊ အမေရိကန် သံရုံးရှေ့တွေမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC အလိုမရှိကြောင်း ဒီနေ့မနက်က ဆန္ဒပြတောင်းဆိုခဲ့သူ ၁၈ ဦးဝန်းကျင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားပါတယ်။
2020-12-06
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲတွေရပ်နေတာကြောင့် စစ်ဘေးဒုက္ခသည် ခုနစ်သောင်းဝန်းကျင် နေရပ်ပြန်သွားကြတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို အကူညီပေးနေတဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း က ပြောပါတယ်။
2020-12-05
နတ်ရွာစံသွားပြီဖြစ်တဲ့ ထိုင်းဘုရင် ဘူမိဘောရဲ့ ဒီဇင်ဘာ ၅ ရက်နေ့ ကျရောက်တဲ့ မွေးနေ့မှာ အကျဉ်းသား ၃ သောင်းကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပြီး အကျဉ်းသား ၂ သောင်းကို ထောင်ဒဏ်လျော့ပေါ့ ချမှတ်လိုက်ပါတယ်။
2020-12-05
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မဲပေးဖို့ တပ်တွင်းဖိအားပေးမှုတွေ ရှိနေတယ်ဆိုပြီး Facebook လူမှုကွန်ရက်စာမျက်နှာမှာ တင်ခဲ့တဲ့ မသဉ္ဇာသန်းမင်းကို တပ်မတော်က အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲထားရာမှာ ပခုက္ကူမြို့နယ် တရားရုံးက ဒီဇင်ဘာလ ၄ ရက် မနေ့က ထောင်ဒဏ်ကိုးလ ချမှတ်လိုက်ပါတယ်။
2020-12-05
နေအိမ်မှာ နေထိုင်ရေး သတ်မှတ်ထားတဲ့ မန္တလေးခရိုင်မှာ အပြင်ထွက်သွားလာခွင့် ထုတ်ပေးနေရာမှာ ငွေကြေးကောက်ခံမှုတွေရှိရင် တိုင်ကြားဖို့နဲ့ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောလိုက်ပါတယ်။
2020-12-04
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်ထဲက SMEs လုပ်ငန်းရှင်တွေ အနေနဲ့ ကိုဗစ်ချေးငွေ ထုတ်ယူရာမှာ ဟင်္သာတခရိုင် မြန်မာ့စီးပွားရေးဘဏ်ကို သွားရောက် ထုတ်ယူရမှာ ဖြစ်တဲ့အတွက် အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။