သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-07-27
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေအတွင်း မိုးကြိုးပြင်ရွာနားက ခြံစည်းရိုးခတ်ထားတဲ့နေရာမှာ မနေ့ က ဒေသခံလယ်သမားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပဋိပက္ခဖြစ် ပွားခဲ့တာနဲ့ ပတ်သက်ပြီး ဒေသခံရွာသားတွေကို အမှုဖွင့် အရေးယူသွားမယ်လို့ သိရပါတယ်။
2014-07-26
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေးအထူးကိုယ်စားလှယ် Ms Yanghee Lee က ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့အခြေ အနေတွေကြောင့် ဗုဒ္ဓဘာသာဝင်နဲ့ မွတ်စလင်တွေအကြား ရာသက်ပန်ခွဲခြားမှှုဖြစ်ပေါ်လာမှာကို စိုးရိမ်ပူပန်မိကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။
2014-07-26
လက်ပံတောင်းတောင်ဒေသမှာ ရဲတပ်ဖွဲ့နဲ့ဒေသခံတွေ ဒီနေ့ထပ်ပြီး ထိပ်တိုက်တွေ့ကြတယ်လို့သိရပါတယ်။
2014-07-26
မန္တလေးမြို့မှာ အခြေအနေတွေ တည်ငြိမ်နေပြီဖြစ်တဲ့အတွက် နေ့စဉ်လူမှု ဘဝတွေပြေလည်ဖို့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို လုံးဝရုပ်သိမ်းပေးဖို့မန္တလေးမြို့ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီက ဒီနေ့ကျင်းပတဲ့ အစည်းအဝေး ကနေ မေတ္တာရပ်ခံလိုက်ပါတယ်။
2014-07-26
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA တပ်တွေနဲ့ မြန်မာ့တပ်မတော်၊ အရှေ့တောင်ပိုင်းစစ်ဌာနချုပ် လက်အောက်ခံ ရှေ့တန်း အမှတ် ၂၇၅ တို့အကြား နယ်မြေဖြတ်ကျော်တာကို အကြောင်းပြုပြီး စစ်ဆေးရာမှာ အပြန်အလှန်ဖမ်းဆီးတာတွေ မနေ့ညက ဖြစ်ပွားခဲ့ပါတယ်။
2014-07-26
ရခိုင်ပြည်နယ်အစိုးရက MSF ခေါ် နယ်စည်းမထား ဆရာဝန်များအဖွဲ့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ဖို့ ဖိတ်ခေါ်ခဲ့တာဟာ ရခိုင်ပြည်သူတွေရဲ့ အကျိုး အတွက် ဆောင်ရွက်ခဲ့တာဖြစ်တာကြောင့် ရခိုင်ပြည်သူတွေ အနေနဲ့ ယုံကြည်မှုပေးကြဖို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ဒီကနေ့ တိုက်တွန်းပြောဆိုလိုက် ပါတယ်။
2014-07-26
သတင်းမီဒီယာအချင်းချင်း ကျင့်ဝတ်ပိုင်း ဆိုင်ရာ ထိန်းကျောင်းကြဖို့နဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ကို ဝန်းရံ ကြဖို့အတွက် မီဒီယာသမားတွေက ဒီနေ့ သဘောတူညီချက် ထုတ်ပြန်လိုက်ပါတယ်။
2014-07-26
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms Yanghee Lee ဟာ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေနဲ့ ဒီနေ့ တွေ့ ဆုံဆွေးနွေးခဲ့ပါတယ်။
2014-07-26
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၁၆ ဖွဲ့ တက်ရောက်နေတဲ့ ဆွေးနွေးပွဲ ဒုတိယမြောက်နေ့ကို ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့ မှာ ကျင်းပနေပြီး တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်မူကြမ်း ပြီးစီးနိုင်ဖို့ ဆွေးနွေးနေ ပါတယ်။
2014-07-25
ရန်ကုန်မြို့ ဗိုလ်တစ်ထောင်ဆိပ်ကမ်းမှာ ရှိတဲ့ Vintage ရေပေါ်ဟိုတယ်က လာရောက်တည်းခိုသူတွေကို ဟိုတယ်ဝန်ထမ်းတွေကနေ ဒူးထောက်အရိုအသေပေးပြီး ကြိုဆိုနေတဲ့ ဓါတ်ပုံ အသုံးပြု ကြော်ငြာခဲ့တာနဲ့ ပတ်သက်ပြီး အဲဒီလိုမြန်မာ့ ယဉ်ကျေးမှုနဲ့ ကိုက်ညီခြင်းမရှိတဲ့ ဝန်ဆောင်မှု ကို ရပ်ဆိုင်းဖို့ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီး ဌာနက ဟိုတယ်ပိုင်ရှင်နဲ့ စီမံအုပ်ချုပ်သူကို မနေ့က ပြင်းထန်စွာ သတိပေးလိုက်တယ်လို့ သိရပါတယ်။
2014-07-25
မီဒီယာဖိနှိပ်မှုရပ်တန့်ပေးဖို့နဲ့ ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခံထားရတဲ့ ယူနတီဂျာနယ်က အမှုဆောင် အရာရှိချုပ်နဲ့ သတင်းထောက် ၄ ဦးရဲ့ ပြစ်ဒဏ်တွေ ကို လျော့ပေးဖို့အတွက် မကွေးတိုင်းဒေသကြီး၊ အောင်လံ မြို့က မြို့နယ်တရားရုံးရှေ့မှာ သတင်းထောက် ၂၀ လောက် ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။
2014-07-25
ရခိုင်ပြည်နယ်မှာ ကျန်းမာရေး ကူညီစောင့်ရှောက်မှုတွေ ပြန်လည်ဆောင် ရွက်ဖို့ နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF ကို မြန်မာအစိုးရ က ပြန်လည်ဖိတ်ခေါ်ချက်အပေါ် MSF အဖွဲ့က ကြိုဆိုလိုက်ပြီး၊ အခြေအနေစောင့်ကြည့်နေ ဆဲဖြစ်ကြောင်း ဒီကနေ့ သဘောထားထုတ်ပြန်လိုက်ပါတယ်။
2014-07-25
လာမယ့်ရွေးကောက်ပွဲတွေမှာ PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးပြီး တိုင်းဒေသကြီးတွေမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်ဖို့အဆိုကို ဒီနေ့ ပြည်သူ့ လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက ကန့် ကွက်ဆွေးနွေးပြီး ၅ ဦးက ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။
2014-07-25
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် က မြေယာပြဿနာနဲ့ပတ်သက်ပြီး ထောင်ချခံထားတဲ့ လယ်သမားအကျဉ်းသားတွေကို ဒီနေ့မနက်မှာ ရွှေ ဘိုထောင်ကနေ မိသားစုတွေနဲ့ ဝေးတဲ့ထောင်တွေဆီ ထပ်မံပြောင်းရွှေ့လိုက်သလို၊ စစ်သားအင်အား ၂၀၀ လောက်က တောင်သူတွေရဲ့ ပြောင်းနဲ့ ပဲ စိုက်ခင်းတွေကို ဒီနေ့ ထပ်မံဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။
2014-07-25
မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် မှာ လယ်ယာမြေဧက နှစ်သောင်း ငါးထောင်ကျော်လောက်ကို သစ်တောကြိုးဝိုင်းမြေအဖြစ် သတ်မှတ်ထားတာကို ပယ်ဖျက်ပေးဖို့ ထောင်ဂဏန်းလောက် ရှိတဲ့ ဒေသခံလယ်သမားတွေက ဒီနေ့ ဆင်ပေါင်ဝဲမြို့နယ် သစ်တောဦးစီးဌာနရုံးရှေ့မှာ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။