သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-22
စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်က ချင်းတွင်းမြစ်ထဲမှာ ဓမ္မစေတီခေါင်းလောင်းရှာဖွေနေတာတွေ ကို ဆက်လက်လုပ်ကိုင်နေမယ်ဆိုရင် ဥပဒေအရ အရေးယူ တာတွေအထိ လုပ်ဆောင်သွားမယ်လို့ စစ်ကိုင်းတိုင်းဒေသ ကြီး အစိုးရအဖွဲ့က ပြောပါတယ်။
2016-07-22
မြန်မာနိုင်ငံသား အလုပ်သမားတွေကို အလုပ်ရှာဖွေပေးနေတဲ့ ထိုင်းအလုပ် ရှာဖွေရေး အေဂျင်စီ ၂၄ ခုနဲ့ ကိုယ်စားလှယ် ၆ ယောက်ကို မြန်မာအစိုးရက အမည်ပျက်စာရင်း သွင်းလိုက်ပါတယ်။
2016-07-22
တန်းတူညီမျှတဲ့ပြည်ထောင်စု၊ အခွင့်အရေး တူတဲ့ပြည်ထောင်စု၊ အာဏာတူ တဲ့ပြည်ထောင် စုဖြစ်လာဖို့ လာမယ့် ၂၁ ရာစု ပင်လုံ ညီလာခံက လုပ်ဆောင်ရမယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် က ပြောပါတယ်။
2016-07-21
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အထပ်မြင့်အဆောက်အဦ ဆောက်လုပ်ခွင့်ဆိုင်ရာ ညွှန်ကြား ချက်အသစ်ကြောင့် အမေရိကန်ဒေါ်လာ ၅ ဘီလျံကျော် နစ်နာဆုံးရှုံးနေတယ်လို့ ရန်ကုန်မြို့ အခြေစိုက် ဆောက် လုပ်ရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။
2016-07-21
တနင်္သာရီကမ်းရိုးတန်း ကမ်းနီးဒေသတွေ မှာ ကမ်းဝေးငါးဖမ်းစက်လှေကြီးတွေ ဝင်ရောက်ဖမ်းဆီးနေတာတွေ့ရှိရင် တနင်္သာရီရေတပ်ဌာနချုပ်နဲ့ ကမ်းရိုးတန်းတိုင်းစစ်ဌာန ချုပ်တွေ ကို တိုင်ကြားနိုင်တယ်လို့ တိုင်းဒေသကြီး အစိုးရ အဖွဲ့ က ပြောပါတယ်။
2016-07-21
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ လက်နက်ကိုင် အဖွဲ့တွေက ခရီးသည်တွေနဲ့ ဒေသခံတွေ ဆီက ဓါးပြတိုက်နေတာတွေကို ပပျောက်အောင်ဆောင်ရွက်ပေးဖို့နဲ့ ရေးမြို့နယ်အတွင်း လျှပ်စစ်မီးရရှိအောင်ဆောင်ရွက်ပေးဖို့ ဒေသတွင်းအရပ်ဘက်အဖွဲ့တွေက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ကို တောင်းဆိုလိုက်ပါတယ်။
2016-07-21
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ် က ဒေသခံတွေဟာ TNLA နဲ့RCSS တပ်တွေ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာမှာ စိုးရိမ်နေရ တာကြောင့် နမ္မတူမြို့ပေါ်ကို ထွက်ပြေးလာကြပါတယ်။
2016-07-21
ရခိုင်ပြည်နယ်နဲ့ တစ်နိုင်ငံလုံးမှာ နိုင်ငံသား စိစစ်ရေးလုပ်ငန်းတွေကို အချိန်ကာလ သတ်မှတ်မထားဘဲ စိတ်ရှည်ရှည်ထား ပြီး ကောက်ယူသွားမှာဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ပြည်ထောင် စုဝန်ကြီး က ပြောပါတယ်။
2016-07-21
တာဝန်ချိန်သာမန်နာကျင်စေမှုနဲ့ ထောင် ဒဏ် ၃ လ ကျခံနေရတဲ့ BBC သတင်းထောက် ကိုနေမျိုးလင်းဟာအမှု အယူခံရခဲ့တဲ့အတွက် ဒီကနေ့ လွတ်မြောက်လာပါတယ်။
2016-07-21
မွန်ပြည်နယ် ရေးမြို့နယ်က ငါဖမ်း စက်လှေတစ်စီးပေါ်မှာ လူကုန်ကူးခံရသူ ၁၁ ဦးက သူတို့ ငါးဖမ်းလှေမှာ ကြုံတွေ့ ခဲ့ရတာတွေကို သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ရှင်းပြခဲ့ ပါတယ်။
2016-07-21
ငြိမ်းချမ်းရေးဗိသုကာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်တဲ့ ၅၂ ပြည့်နဲ့ ဂူဗိမာန် နှစ် ၅၀ ပြည့် အခမ်း အနားကို ရန်ကုန်မြို့ ရွှေတိဂုံဘုရား တောင်ဘက်မုခ်က ဆရာကြီး သခင်ကိုယ်တော်မှိုင်းဂူဗိမာန်မှာ ကျင်းပခဲ့ပါတယ်။
2016-07-21
မြန်မာနိုင်ငံရဲ့ ပညာရေး တိုးတက်ခိုင်မာစေဖို့ အခြေခံပညာက အရေးကြီးကြောင်းနဲ့ မိဘတွေက ယုံကြည်စွာအပ်နှံတဲ့ ကျောင်းတွေအနေနဲ့လည်း ယုံကြည်ထိုက် အားကိုးထိုက်တဲ့ အခြေအနေရှိဖို့ လိုကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
2016-07-21
ချင်းမိုင်မြို့ကိုရောက်ရှိနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီ (၂)က ဦးခက်ထိန် နန် ခေါင်းဆောင်တဲ့အဖွဲ့နဲ့ တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအဖွဲ့ ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်ပြည် အမျိုး သားကောင်စီ ANC ၊ လားဟူဒီမိုကရက်တစ်ပါတီ LDP ၊ ဝ အမျိုးသားအဖွဲ့ချူပ် WNO အဖွဲ့က ခေါင်းဆောင်တွေ ဒီကနေ့ မနက် ၈ နာရီက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။
2016-07-20
ထိုင်း-မြန်မာ နယ်စပ်က သဘာဝသစ်တော တစ်ခုကို ကမ္ဘာ့အမွေအနှစ်စာရင်းထဲ ထည့်သွင်းဖို့ ထိုင်းအစိုးရရဲ့ အစီအစဉ်ဟာ နယ်စပ်ပြဿနာကြောင့် နှောင့်နှေးသွားပါတယ်။
2016-07-20
မလေးရှားနိုင်ငံမှာ လူကုန်ကူး ခံရသူ မြန်မာနိုင်ငံသား ၂၇ ယောက်ကို ကယ်တင်လိုက်ကြောင်း မလေးရှားရဲတပ်ဖွဲ့ က ပြောပါတယ်။