သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-12-11
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ နိုင်ငံရေး အကျဉ်းသား ၄၁ ဦး လွတ်မြောက်လာ ခဲ့တဲ့အပေါ် ကုလသမဂ္ဂက ကြိုဆိုလိုက်ပါတယ်။
2013-12-11
ဒီနေ့ ကျရောက်တဲ့ ၇၅ နှစ်မြောက် ၁၃၀၀ ပြည့် ရေနံမြေသပိတ် စိန်ရတုအခမ်းအနားကို မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ ကျင်းပခဲ့ပြီး ရေနံမြေသပိတ်ခေါင်းဆောင် အာဠာဝက သခင်ဘိုးလှကြီး ကြေးသွန်းရုပ်တုကို ဖွင့်လှစ်ဂါရဝပြုခဲ့ ကြပါတယ်။
2013-12-11
ကရင်အမျိုးသား အစည်းအရုံး KNU ထိန်းချူပ်နယ်မြေဖြစ်တဲ့ ကရင်ပြည်နယ် ဘားအံခရိုင်က လေးဝါး ခေါ် လော်ခီးလာနယ်မြေမှာ ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ ရဲ့ ဒုတိယအကြိမ် ညီလာခံကို မူလအစီအစဉ်အရ အခုလ ဒီဇင်ဘာလထဲမှာ ကျင်းပဖို့သတ်မှတ်ထားခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လာမယ့်နှစ်ဆန်းပိုင်းမှပဲ ကျင်းပဖို့ ဒီကနေ့ ညီလာခံဖြစ်မြောက်ရေးအဖွဲ့က စည်းဝေးဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။
2013-12-11
ရခိုင်ပြည်နယ်မှာ လူမှုရေး အကူအညီတွေပေးနေတဲ့ ဟော်လန်အခြေစိုက် နယ်စည်းမခြားဆရာဝန်များအဖွဲ့ AZG(MSF) ဟာ မွတ်စလင်တွေကိုသာ ကူညီနေတဲ့အတွက် စစ်တွေမြို့ခံ ၃၀ လောက်ဟာ ဒီကနေ့မနက်ပိုင်းက စစ်တွေဆေးရုံကြီး ဝင်းထဲမှာ AZG(MSF) အဖွဲ့ကို အလိုမရှိကြောင်း ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
2013-12-11
လွှတ်တော်ကိုယ်စားလှယ်တွေ ငွေ ကျပ်သိန်း တစ်ထောင်အသုံးပြုပြီး ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားတဲ့ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက လက်မှတ်မထိုးပေးဘဲ ပြည်ထောင်စုလွှတ်တော်ကို ပြန်ပို့လိုက်တယ်လို့ သိရပါတယ်။
2013-12-11
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ အကျဉ်းထောင် ၁၂ ခုကနေ နိုင်ငံရေး အကျဉ်းသား ၄၁ ဦး ဒီနေ့ လွတ်မြောက်လာခဲ့ပါတယ်။
2013-12-11
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပွဲတော်ကို လူသုံးသောင်းဆံ့တဲ့ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းမှာ ဒီကနေ့ ဖွင့်လှစ် လိုက်ပါတယ်။
2013-12-11
ကျန်းမာရေး စောင့်ရှောက်မှုဆိုတာ လူ့တန်ဖိုးကို လေးစားမှုအပေါ် မူတည် သင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
2013-12-10
မြန်မာအစိုးရက ဓါတုဗေဒလက်နက်များ သုံးစွဲမှု ပိတ်ပင်တားဆီးရေး ပဋိညာဉ်ကို အတည်ပြုဖို့ပြင်ဆင်နေပြီလို့ RFA ကိုဒီကနေ့ ဗုဒ္ဓဟူးနေ့ မှာ ပြောဆိုလိုက်ပါတယ်။
2013-12-10
တရုတ်အလံမီးရှို့မှုနဲ့ အင်းစိန် အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ နော်အုန်းလှကို ရွှေတိဂုံစေတီမှာ အသံကျယ်ကျယ်နဲ့ ဘုရားရှိခိုးလို့ဆိုပြီး သာသနာကိုစော် ကားမှုနဲ့ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်တရားရုံးက ဒီနေ့ တရားစွဲလိုက်တယ်လို့ နော်အုန်းလှရဲ့ရှေ့နေက ပြောပါတယ်။
2013-12-10
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တစ်ဝိုက်က အသိမ်းခံထားရတဲ့ လယ်မြေကိစ္စအတွက် လယ်သမားတွေကို ကူညီခဲ့သူ ဒေါ်မြင့်မြင့်အေး၊ ဒေါ်ခင် မိမိခိုင်နဲ့ ကိုသန့်ဇင်ထက်တို့က သူတို့ကို ၆ လတိတိ အမိန့်ချခြင်းမရှိဘဲ ဖမ်းဆီးထားတာကြောင့် ပေါင်းတည် အကျဉ်းထောင်ထဲမှာ အစာငတ်ခံဆန္ဒပြသွားမယ်လို့ ဒီနေ့ နတ္တလင်းတရားရုံးမှာ ရုံးထုတ်စစ်ဆေးစဉ် RFA ကို ပြော ပါတယ်။
2013-12-10
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်က တရုတ်နိုင်ငံသားပိုင် ဂရိတ်ဝေါ ဖိနပ်စက်ရုံနဲ့ ငွေပင်လယ်စက်မှုဇုန်က မြန်မာစိုးစံဝင်း ဖိနပ်စက်ရုံတွေမှာ လုပ်ခလစာတိုးပေးဖို့ အလုပ်သမားတွေ ဆန္ဒပြနေကြပါတယ်။
2013-12-10
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မြေနေရာပိုင်ဆိုင်မှုအတွက် သပိတ်စခန်းဖွင့် တောင်း ဆိုနေသူတွေက အချိန်တစ်ခုအတွင်း ဒီမြေနေရာကိစ္စ ကို ဖြေရှင်းပေးမယ်လို့ စာချုပ်ချုပ်ဆိုပြီး ကတိပေးမယ်ဆိုရင် မိကျောင်းကန် သပိတ်စခန်းကို ရုတ်သိမ်းပေးမယ်လို့ ပြော ပါတယ်။
2013-12-10
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ရပ်စဲနိုင်မှသာ တရားမျှတတဲ့ လူ့အခွင့်အရေး ထွန်းကားလာမယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးက ဒီကနေ့ ပြောလိုက်ပါတယ်။
2013-12-10
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မှာရှိတဲ့ ဂန္ဓမာ Whole Sale ကုန်တိုက်က အလှပြင်ဆိုင်တစ်ဆိုင်မှာ မနေ့ကည ၁၂ နာရီခွဲဝန်းကျင်က မီးလောင်ခဲ့တာကြောင့် လူ ၇ ဦး သေဆုံး ခဲ့ပါတယ်။