သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-06-27
အလုပ်သမားတွေအတွက် အချိန်ပိုကြေး ကျပ်သိန်း ၅၀၀ လောက်ပေးဖို့ ကျန်နေတဲ့ Premier ကော်ဖီမစ်စက်ရုံကို အစိုးရက မနက်ဖြန် တရားစွဲဆိုမယ် လို့ ပြောပါတယ်။
2016-06-26
ကချင်ပြည်နယ် မိုင်ဂျာယန်မှာကျင်းပမည့် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းများ ရဲ့ ညီလာခံ တက်ရောက်ဖို့ နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ ဆုံဆွေးနွေးရေးကိစ္စတွေကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြီးစီး သွားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ EAO PPST ဒုတိယအကြိမ် ညီလာခံကနေ ဆုံးဖြတ်ခဲ့ကြပါတယ်။
2016-06-26
ကချင်ပြည်နယ်ကနေ စားဝတ်နေရေး အခက်အခဲကြောင့် ရခိုင်ပြည်နယ် ကို ပြန်လာကြတဲ့ မင်းပြား၊ မြောက် ဦး၊ မြေပုံစတဲ့မြို့နယ်တွေက ရခိုင်တိုင်းရင်းသားတွေအတွက် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဗုဒ္ဓပါဒခြေတော်ရာ အနီးမှာ ဆောက်လုပ်ထားတဲ့ လုံးချင်းနေအိမ် ၆၃ လုံး ကို ပြည်နယ်အစိုးရက ပေးအပ်လိုက်ပါတယ်။
2016-06-26
ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား တွေ့ဆုံပွဲကို အလုပ်ကနေ ခွင့်မတိုင် ကြားဘဲ တက်ရောက်ခဲ့လို့ဆိုပြီး အထည်ချုပ်စက်ရုံတစ်ရုံက မြန်မာအလုပ်သမား ၄၈ ယောက် ကို အလုပ်ရှင်က အလုပ်ကနေ ထုတ်ပယ်လိုက်ပါတယ်။
2016-06-26
ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့ နယ် ရေယားကျေးရွာနဲ့ ရေယောင်းမကျေးရွာအကြား ပြည်ထောင်စုလမ်းမကြီးမှာ WY စာတန်းပါ စိတ်ကြွဆေးပြားပေါင်း ၁ဝ သိန်းကျော် ကာလတန်ဖိုး ငွေကျပ် သိန်းပေါင်း ၄ သောင်းနီးပါးကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။
2016-06-26
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ မှာ ဒေသခံ လူမှုအဖွဲ့အစည်းတွေနဲ့ ဒီကနေ့ တွေ့ဆုံခဲ့ ပါတယ်။
2016-06-26
အစိုးရက "ရခိုင်ပြည်နယ်က အစ္စလာမ်ဘာသာကိုးကွယ်သူများ" လို့ သုံးနှုန်းဖို့ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး စစ်တွေမြို့က ရဟန်းသံဃာတော်တွေ၊ ဒေသခံလူထုတွေက ကန့်ကွက် လိုက်ကြပါတယ်။
2016-06-26
အကျဉ်းထောင်တွေမှာ ကျန်ရှိနေသေး တဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက် မရှိ ပြန်လွှတ်ပေးဖို့နဲ့ ကုလသမဂ္ဂက ပြဌာန်းထားတဲ့ ညဉ်းပန်းနှိပ်စက်မှုု တားမြစ်ဆန့်ကျင်တဲ့ဥပဒေ Convention Against Torture (CAT) ကို မြန်မာနိုင်ငံက လက်မှတ်ရေး ထိုးဖို့အတွက် လူမှု့အဖွဲ့အစည်း ၄ ခု ပူးပေါင်းပြီး ဒီနေ့ ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2016-06-26
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့က ခေါင်းဆောင်တွေ လာမယ့် ဇွန်လ ၂၈ ရက်နေ့ နေပြည်တော်မှာ ပထမဆုံး အကြိမ် တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။
2016-06-26
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တစ်နှစ် အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး ကာလတန်ဖိုး အမေရိကန် ဒေါ်လာ သန်းပေါင်း ၅ဝ ကျော် ဖိုးခန့်ကို အာဏာပိုင်တွေက ဒီကနေ့ ရန်ကုန်၊ တောင်ကြီး၊ မန္တလေး၊ စတဲ့ မြို့ကြီးတွေမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
2016-06-26
ဒီနေ့ ကျရောက်တဲ့ မူးယစ်ဆေးဝါးတိုက် ဖျက်ရေးနေ့မှာ မွန်ပြည်နယ် ရေးမြို့က အရပ်ဖက်အဖွဲ့တွေ၊ ဒေသခံတွေနဲ့ ဆရာတော်တွေက မူးယစ်ဆေးဝါးပပျောက်ရေးအတွက် ဆန္ဒပြတောင်းဆိုကြ ပါတယ်။
2016-06-26
၁၉၆၂ နောက်ပိုင်း မြန်မာနိုင် ငံ ကျောင်းသားလှုပ်ရှားမှုသမိုင်းမှာ အာဏာပိုင်တွေက တရားဝင် ကြိုးပေးကွပ်မျက်ခံရတဲ့ တစ်ဦးတည်းသော ကျောင်းသားခေါင်းဆောင် ချင်း တိုင်းရင်းသား ဆလိုင်း တင်မောင်ဦး ကွယ်လွန်ခြင်း နှစ် ၄ဝ ပြည့်အခမ်းအနားကို ရန်ကုန်မြို့ တောင်ဥက္ကလာ မြို့နယ်မှာရှိတဲ့ စိတ်တိုင်းကျခန်းမမှာ ဒီကနေ့ ကျင်းပ ခဲ့ပါတယ်။
2016-06-25
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ဟာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာရဲ့ဇနီး နရာပေါင် ချာအိုချာနဲ့အတူ နခွမ်းပထုမ် ခရိုင်က စန်ဖလန်မြို့မှာရှိတဲ့ ဘန့်ဟိုးအောင် စံပြကျေးရွာကို ဒီနေ့သွားရောက်ပါတယ်။
2016-06-25
ဗလီတစ်ခုဖျက်ဆီးခံလိုက်ရတဲ့ ပဲခူး တိုင်း ဝေါမြို့နယ် သူရဲသမိန်ရွာမှာ တည် ငြိမ်အေးချမ်းရေးအတွက် ရဲတပ်ဖွဲ့အင်အား တိုးမြှင့်ချထားတယ်လို့ သက်ဆိုင်ရာအာဏာပိုင်တွေက ဒီနေ့ပြောလိုက်ပါတယ်။
2016-06-25
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီးအကျဉ်းကျနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦး အမှုကို ဥပဒေကြောင်းအရ ကူညီသင့် တာကူညီပေးမယ်လို့ ရွှေ့ပြောင်းအလုပ် သမား အရေးဆောင်ရွက်နေသူတွေကို ပြောလိုက်ပါတယ်။