သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-12-29
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လာမယ့် ဒီဇင်ဘာလကုန်နောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တယ်ဆိုတဲ့ သတင်းတွေအပြင် တပ်မတော်စစ်ကြောင်းတွေက လှုပ်ရှားမှုတွေရှိလာလို့ ရပ်ရွာတွေကို ယာယီပြန်သွားကြတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ အခုရက်ပိုင်း သူတို့ခိုလှုံခဲ့တဲ့ ဒုက္ခသည်စခန်းတွေဆီကို တဖန်ပြန်ပြီးတော့ ထွက်ပြေးလာနေကြပါတယ်။
2020-12-29
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ တွေ့မယ့်အဖွဲ့ဟာ မနက်ဖြန် ကစပြီး ကချင်နဲ့ မွန်က တိုင်းရင်းသားပါတီတွေနဲ့ စတင်တွေ့ဆုံသွားမယ်လို့ ဒီနေ့ ကျင်းပတဲ့ ပါတီဗဟို အလုပ်အမှုဆောင် ကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။ တချို့တိုင်းရင်းသားပါတီတွေက NLD နဲ့ တွေ့ဆုံမယ်လို့ အကြောင်းပြန်ကြပေမယ့် အကြောင်းမပြန်တဲ့ ပါတီတွေလည်းရှိနေပါတယ်။
2020-12-29
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာက အုပ်ချုပ်ရေးမှူးအပါအဝင် အရပ်သားသုံးဦးကို ဒီဇင်ဘာ လ ၂၇ ရက်နေ့၊ မနက် ၁၀ နာရီလောက်မှာ ရှမ်းနီလက်နက်ကိုင်အဖွဲ့က ခေါ်ဆောင်သွားတယ် လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့က ရဲမှူးကြီး ဉာဏ်မြင့်ကျော်က ပြောပါတယ်။
2020-12-29
ရန်ကုန်တိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ကျဆင်းသွားတာကြောင့် ရန်ကုန်မှာရှိတဲ့ ကိုဗစ်စင်တာနှစ်ခုကို အစိုးရက ယာယီပိတ်သိမ်းလိုက်ပါတယ်။ ပိုးကူးစက်မှုကျသွားပေမယ့် မပေါ့ဆဖို့ ကျန်းမာရေးပညာရှင်တွေ သတိပေးနေပါတယ်။
2020-12-29
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာရှိတဲ့ ဓညဝတီ တပ်မတော်ရေတပ်စခန်းနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာ စာရေးသားတင်လို့ ထောင်ဒဏ် ငါးနှစ် ချမှတ်ခံလိုက်ရတဲ့ လူငယ်အတွက် ကျောက်ဖြူခရိုင် တရားရုံးမှာ အယူခံတက်ဖို့ တရားခံရှေ့နေဘက်က ပြင်ဆင်နေပါတယ်။
2020-12-29
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ ထိန်းချုပ်ဖို့ နယ်စပ်ဂိတ်တွေပိတ်ထားချိန်မှာ တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်ကုန်သွယ်ရေးဂိတ်ကနေ တရုတ်နိုင်ငံဘက်အခြမ်းကို ကုန်စည်တွေ ခေါက်တိုပြေးဆွဲခွင့်ရထားတဲ့ မြန်မာနိုင်ငံသား ယာဉ်မောင်း ၂၃ ယောက်ကို တရုတ်နိုင်ငံ ဝမ်တိန်မြို့ ကျန်းမာရေးဌာနက ဒီဇင်ဘာ ၂၈ ရက်နေ့ မနေ့ကပဲ ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးပေးခဲ့ပါတယ်။
2020-12-29
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒလက်ချောင်းက ရှမ်းကုန်းကျေးရွာမှာ မနေ့ည ၁၂ နာရီဝန်းကျင်က ချင်းလူမှုရေးအသင်းရုံး အဆောက်အအုံနဲ့ အိမ် ခြောက်ဆောင် မီးလောင်သွားတယ်လို့ ချင်းလူသားချင်း စာနာထောက်ကူညီပေးရေးအဖွဲ့ CHAT က RFA ကို ဒီနေ့မနက်က ပြောပါတယ်။
2020-12-29
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်း တစ်ထောင့်ငါးရာဝန်းကျင် ရှိပြီး အဲဒီအထဲက ၈၀ ရာခိုင်နှုန်းဟာ ရောဂါပျောက်ကင်းသွားကြပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ရောဂါပိုးကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်းအများစုဟာ အစိုးရဝန်ထမ်းတွေဖြစ်ကြပြီး ပုဂ္ဂလိက ကျန်းမာရေးလောကမှာလည်း ကူးစက်ခံရသူတွေရှိတယ်ဆိုပေမယ့် အစိုးရဘက်လောက် မများဘူးလို့ဆိုပါတယ်။
2020-12-28
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ် လွယ်အံကျေးရွာအုပ်စုအတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ပန်လော့ရွာ အပါအဝင်အနီးအနားက ရွာသူရွာသားတွေ ကျောက်မဲမြို့ပေါ်ကို ထွက်ပြေးလာကြရပါတယ်။
2020-12-28
ကရင်ပြည်နယ်၊ ဘားအံမြို့အနီး သံလွင်မြစ်အနောက်ဘက်မှာ ဖြစ်ပေါ်နေတဲ့ ရေအရောင် ပြောင်းလဲမှု ပြဿနာဟာ ကျောက်မီးသွေးနဲ့ ဆက်စပ်မှုမရှိတဲ့အပြင် အဲဒီရေဟာ သောက်သုံးဖို့ သင့်တော်တယ်လို့လည်း ကရင်ပြည်နယ်အစိုးရက ပြောပါတယ်။
2020-12-28
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးအခြေစိုက်ရာ နေပြည်တော် ဇေယျာသီရိမြို့နယ်မှာရှိတဲ့ စစ်ဆေးရုံရဲ့စာရင်းအရ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ တပ်မတော်သားနဲ့ တပ်မိသားစုဝင်တွေ ၄ ရက်အတွင်း ၁၄၁ ဦးထိ ရှိလာတယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက RFA ကိုပြောပါတယ်။
2020-12-28
အာကာသလွန်းပျံယာဉ်ရဲ့ မလိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုဟာ ရခိုင်ပြည်နယ်၊ မာန်အောင်နဲ့ သံတွဲမြို့နယ်အနီး ပင်လယ်ပြင်ကို ဒီဇင်ဘာလ ၂၇ ရက်နေ့ ညပိုင်းမှာ ကျရောက်ခဲ့ပြီး နေအိမ်တွေ တုန်ခါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2020-12-28
ရွေးကောက်ပွဲ တရားမဲ့ ပြုကျင့်မှုတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြိုင်ဘက်အာဏာရပါတီ NLD ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် UEC က တဆင့် ကန့်ကွက်လွှာ တင်သွင်းထားတဲ့ အမှုပေါင်း ၂၀၀ နီးပါး ရှိတယ်လို့ USDP ပါတီက ပြောပါတယ်။
2020-12-28
မွန်လူငယ်တွေ အသက် ၁၈ နှစ်ပြည့်ပြီးရင် မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှာ စစ်ပညာသင်ယူပြီး တာဝန်ထမ်းဆောင်ဖို့ မွန်လူငယ်နေ့ ဖြစ်မြောက်ရေးကော်မတီက တိုက်တွန်းလိုက်ပါတယ်။
2020-12-28
နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄ (က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရပြီး တစ်နှစ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေဟာ ရန်ကုန်မြို့ အနောက်ပိုင်းခရိုင် ရဲစခန်းမှာ ဒီဇင်ဘာလ ၂၈ ရက် ဒီနေ့မနက်ပိုင်းက လာရောက် အဖမ်းခံခဲ့ပါတယ်။