သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-12-29
မြန်မာနဲ့ဖိလစ်ပိုင်နိုင်ငံတွေကြား ပြည်ဝင် ခွင့် ဗီဇာ ကင်းလွတ်ခွင့် လက်မှတ်ရေးထိုး ခဲ့ပြီးဖြစ်တဲ့အတွက် ရိုးရိုး ဗီဇာ ကိုင်ဆောင် ထားတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေဟာ လာမယ့်နှစ် ဇန်နဝါရီ (၄) ရက်နေ့က စပြီး၊ မြန်မာနိုင်ငံတွင်းကို ဗီဇာမလိုဘဲ သွားရောက်လည်ပတ်နိုင်ပြီဖြစ်ပြီး (၁၄) ရက်အထိ နေထိုင်နိုင်ပြီဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးဌာန အင်တာနက်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။
2013-12-29
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ အတွက် နေအိမ် ၁၁ လုံး ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
2013-12-29
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် အမှတ်(၄) ရပ်ကွက် (တောင်ပိုင်း) အားကစားကွင်းမှာ စည်ပင်သာယာ ဝန်ထမ်း အိမ်ရာဆောက်လုပ်ဖို့ စီစဉ်နေတဲ့အပေါ် ရာနဲ့ချီတဲ့ ရပ်ကွက် နေပြည်သူတွေက ဒီကနေ့ ကန့်ကွက် ဆန္ဒပြကြပါတယ်။
2013-12-29
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်ရှိနေ တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု-ဥက္ကဌ ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT က ခေါင်းဆောင်တွေနဲ့ ဒီကနေ့မနက် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2013-12-29
စစ်ကိုင်းတိုင်း ဒေသကြီး တမူးမြို့နယ် မှာရှိတဲ့ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား နယ်နိမိတ် အငြင်းပွားနေတဲ့ BP-77 နဲ့ BP-79 နယ်နိမိတ် မှတ်တိုင်နေရာတွေမှာ အိန္ဒိယနိုင်ငံ ဘက်က အဆောက်အအုံ တိုးချဲ့ဆောက်လုပ်နေတဲ့ နေရာ ကို နှစ်ဖက်ပြည်သူတွေ ထိခိုက်မှု မရှိဘဲ မြန်မာ အစိုးရက ပြန်လည်ရယူပေးဖို့နဲ့ နယ်နိမိတ် မိုင်တိုင်တွေကို အမြန်ဆုံး တိတိကျကျ သတ်မှတ်ပေးဖို့ အပါအဝင် အချက် ၁၀ ချက်ပါ ကြေငြာချက် တရပ်ကို မင်းကင်းနဲ့ တမူး ဒေသခံတွေက ထုတ်ပြန်လိုက်ပါတယ်။
2013-12-28
ထိုင်းမြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ မယ်ဟောင်ဆောင်မြို့အနီးက ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၁ မှာ ဒီနေ့ နေ့လည်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့လို့ အဖွားအို တစ်ဦး သေဆုံးပြီး အိမ်ခြေ ၂၀ နီးပါး မီးလောင်ဆုံးရှုံး သွားခဲ့တယ်လို့ သိရပါတယ်။
2013-12-28
ရခိုင်ပြည်နယ် စစ်တွေမြို့က မော်တော်ဆိပ် မှာ မောင်တောနယ်စပ်ဘက်ကို ထွက်ခွာမယ့် ရွှေနဒီ အမြန်ရေယဉ်ပေါ်မှာ WY နဲ့ R စာတန်းနှစ်မျိုးပါ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း နှစ်သောင်း၊ ကာလတန်ဖိုး သိန်း ၆၀၀ လောက်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဒီကနေ့ မနက်က ဖမ်းဆီးရမိခဲ့တယ်လို့ အမည်မဖော် လိုတဲ့ ဒေသခံ ရဲအရာရှိတစ်ဦးက RFA ကို ပြောပါတယ်။
2013-12-28
လာမယ့် ၂၀၁၄ခုနှစ်မှာ မြန်မာနိုင်ငံ မှာပြုလုပ်မယ့် အာဆီယံ အရပ်ဖက် အဖွဲ့အစည်းများ ညီလာခံနဲ့ အာဆီယံလူထုဖိုရမ်မှာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ တရားမျှတမှုနဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးစတဲ့ ခေါင်းစဉ်တွေ အောက်ကနေ မြန်မာနိုင်ငံက အရပ်ဖက်လူမှုဖွဲ့အစည်းတွေ ဝင်ရောက်ဆွေးနွေးကြမယ်လို့ သိရပါတယ်။
2013-12-28
ပြည်တွင်း ပြည်ပမှာနေထိုင်ကြတဲ့ မွန်လူငယ် တစ်သောင်းဝန်းကျင် တက်ရောက်တဲ့ ဒုတိယအကြိမ်မြောက် မွန်လူငယ်နေ့ကို မွန်ပြည်နယ် ရေးမြိုနယ် မော့ကနင်ကျေးရွာမှာ ဒီကနေ့ကျင်းပခဲ့ပါတယ်။
2013-12-28
ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ (၁၈) ကို ဖျက်သိမ်းပေးဖို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေ လာမယ့် ဇန်နဝါရီလ ၄ ရက်နေ့မှာ ရန်ကုန်နဲ့ မကွေးမြို့တွေမှာ ဆန္ဒပြခွင့် လျှောက်ထားတာကို ရန်ကုန် ကျောက်တံတား မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနဲ့ မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွေ က ဒီကနေ့ ပယ်ချခဲ့ပါတယ်။
2013-12-28
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ခြင်း မရှိရင်လည်း လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2013-12-28
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီနဲ့ ဗဟိုအလုပ် အမှုဆောင်ကော်မတီ အစည်းအဝေးကို နေပြည်တော်မှာ ဒီဇင်ဘာလ ၂၄ ရက်နေ့ကစပြီး ကျင်းပနေရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို အဓိက ထား ဆွေးနွေးနေတယ်လို့ အစည်းအဝေး တက်ရောက်နေ တဲ့ ပါတီတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2013-12-27
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်မှာ နှစ်စဉ်ငါးလိုအပ်မှု ရှိနေတဲ့အတွက် မြန်မာနိုင်ငံကငါးတွေ ဝယ်ယူတင်သွင်းဖို့ ပြည်နယ်ရဲ့ မွေးမြူရေးနဲ့ ရေလုပ်ငန်းဌါနက ပြည်နယ်အစိုးရကို အဆိုပြုထားတယ်လို့ သိရပါတယ်။
2013-12-27
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း မြန်မာ နိုင်ငံမှာ ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅၃ သန်းကျော်ရှိခဲ့တယ်လို့ ဗဟိုစာရင်းအင်းဌါနရဲ့ အချက်အလက်ကိုကိုးကားပြီး တရုတ်ဆင်ဟွာသတင်းက ဖေါ်ပြလိုက်ပါတယ်။
2013-12-27
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲက ကရင်ဒုက္ခသည်တွေ အများစုနေထိုင်ရာ မယ်လဒုက္ခသည်စခန်းမှာ မနေ့နေလည် ၂ နာရီလောက်က မီးလောင်မှုဖြစ်ခဲ့တဲ့အတွက် အိမ်ခြေ ၁၀၀ ကျော်လောက် မီးဘေးသင့်ပြီး လူ ၃ ယောက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။