သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-30
မတရားလုယူခံထားရတဲ့ အခွင့်အရေးတွေနဲ့ နိုင်ငံရေးစနစ်ကို မမှိတ်မသုန် တွန်းလှန်တိုက်ဖျက်ကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး က ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂ မှာ ကျရောက်မယ့် ၂၇၆၁ ခုနှစ် ကရင့်အမျိုးသားဆိုင်ရာ နှစ်သစ်ကူးနေ့ သဝဏ်လွှာမှာ တိုက်တွန်းလိုက်ပါတယ်။
2021-12-30
ရှမ်းပြည်နယ် (မြောက်ပိုင်း) မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့က ငွေဆင်အိမ်ယာ အနားမှာ ဒီဇင်ဘာလ ၂၉ ရက် မနေ့ည ၁၀ နာရီလောက်က စစ်ကောင်စီလက် အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်လို့ တစ်ဦး သေဆုံးပြီး ရဲ တပ်ဖွဲ့ တစ်ဦး အပါအဝင် သုံးဦး ဒဏ်ရာရခဲ့တယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။
2021-12-30
လက်နက်မဲ့သူ ၄၀ ကို အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်မှုနဲ့ တခြား ပြစ်မှုတွေ အတွက် မြန်မာစစ်တပ်က တာဝန်ခံ တာဝန်ယူဖို့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကရင်နီ အဖွဲ့အစည်း ၆၇ ဖွဲ့က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2021-12-30
စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရ လက်ထက် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ဟာ အိုးဘိုအကျဉ်း ထောင်ထဲမှာ အအေးပက်ဖျားပြီး ကျန်းမာရေးမကောင်းဖြစ်နေတယ်လို့ ရှေ့နေ အသိုင်းဝိုင်းက ပြောပါတယ်။
2021-12-30
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ လေး ကေ့ကော်မှာဖြစ်ပွားတဲ့ ဒီဇင်ဘာလ ၃၀ ရက် ဒီနေ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က တပ်ခွဲမှူးအဆင့်ရှိသူ အပါအဝင် ခုနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ ဖမ်းမိတယ် လို့ ပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။
2021-12-30
ရခိုင်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ အင်တာနက်လိုင်းပြန်ဖွင့်ပေးဖို့ တောင်းဆို တာကြောင့် ဖမ်းဆီးတရားစွဲခံထားရတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့က လူငယ် နှစ်ဦးကို ကျောက်ဖြူမြို့နယ်တရားရုံးက ဒီဇင်ဘာ ၃၀ ရက် ဒီနေ့မှာ ငွေဒဏ်ချလိုက်ပါတယ်။
2021-12-30
အဖမ်းခံထားရတဲ့ မဇ္ဈိမသတင်းဌာနရဲ့ နေပြည်တော်အခြေစိုက် သတင်းအယ်ဒီတာ ကိုသန်းထိုက်အောင်ကို ဒီဇင်ဘာလ ၃၀ ရက် ဒီနေ့ နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် တရားရုံးမှာ လူကိုယ်တိုင် ရုံးထုတ်ခဲ့ပါတယ်။
2021-12-30
ပဲခူးတိုင်း (အနောက်ခြမ်း) ပြည်မြို့ အကျဉ်းထောင်မှာ ဖမ်ဆီးထိန်းသိမ်းခံထားရတဲ့ NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်နဲ့ ပါတီဝင်၊ သတင်းထောက်၊ နိုင်ငံရေး တက် ကြွလှုပ်ရှားသူနဲ့ ပရဟိတသမား ၄၀ ဦးကို ဒီဇင်ဘာလ ၂၉ ရက် မနေ့က ထောင်ဒဏ်တွေအသီးသီး ချမှတ်လိုက်တယ် လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
2021-12-30
အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားတဲ့ အနုပညာရှင်တွေထဲက သရုပ်ဆောင် အကယ်ဒမီ လူမင်းနဲ့ ရဲတိုက် တို့ကို ဒီဇင်ဘာ ၃၀ ရက် ဒီကနေ့မှာပဲ အင်းစိန်ထောင် အတွင်း တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ်ချလိုက်ပါတယ်။
2021-12-30
မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးကို ထောင်တွင်းတရားရုံးကနေ ဒီဇင်ဘာလ ၃၀ ရက် ဒီနေ့မှာ စစ်ကောင်စီက ပုဒ်မနှစ်ခုအတွက် အလုပ်နဲ့ ထောင်ဒဏ် ၅ နှစ် အမိန့်ချလိုက်တယ်လို့ ရှေ့နေအသိုင်းဝိုင်းက ပြောပါတယ်။
2021-12-30
ချင်းပြည်နယ်၊ မတူပီမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ (၁၄၀) တပ်နဲ့ ခရိုင်ရုံး အကြားက မြန်မာ့ဆက်သွယ်ရေး (MPT) တာဝါတိုင်နားမှာ ဒီဇင်ဘာ ၂၉ ရက် မနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်သားတွေ မိုင်းနင်းမိတာကြောင့် ကိုးဦး ဒဏ်ရာရခဲ့တယ်လို့ မတူပီမြို့ ချင်း ကာကွယ်ရေးတပ် (CDF) အဖွဲ့က ပြောပါတယ်။
2021-12-30
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ရဲ့ ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး အင်းစိန်အကျဉ်းထောင်ထဲမှာ ရိုက်နှက်ခံရပြီး ဆေးကုသခွင့် မပေးတာကြောင့် အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
2021-12-30
နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်ကူးဖို့ တစ်ရက်အလို ဒီကနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ စစ်ကောင်စီက မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုကို အဂတိလိုက်စားမှု ခြောက်မှုအတွက် ထောင်ဒဏ် ၁၈ နှစ်၊ မကွေးတိုင်းအစိုးရ ဝန်ကြီးတွေဖြစ်ကြတဲ့ ဒေါက်တာ ခင်မောင်အေး ကို အဂတိလိုက်စားမှု သုံးမှုအတွက် ထောင်ဒဏ် ၉ နှစ်၊ ဝန်ကြီး ဦးတင်နွယ်ဦး ကို အဂတိလိုက်စားမှု လေးမှုအတွက် ထောင်ဒဏ် ၁၂ နှစ်နဲ့ မကွေးတိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးတာ ကို အဂတိ လိုက်စားမှု နှစ်မှုအတွက် ထောင်ဒဏ် ၆ နှစ် အသီးသီး ချမှတ်လိုက်တယ်လို့ အမှုလိုက်ရှေ့နေတွေက ပြောပါတယ်။
2021-12-30
ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုရွာအနီးမှာ ပြီးခဲ့ရက်ပိုင်းက အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှု ဖြစ်ပြီးနောက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့ ဖရူဆိုမြို့ပေါ်နဲ့ မိုဆိုရွာက ဒေသခံတွေ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ အကူအညီ ပေးနေသူတွေက ပြောပါတယ်။
2021-12-30
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အခြေစိုက် ဇေယျာတိုင်း(စ်) သတင်းအေဂျင်စီကို စစ်ကောင်စီက ပိတ်သိမ်းလိုက်ကြောင်း အကြောင်းကြာစာ ဒီရက်ပိုင်းမှာ လက်ခံရရှိခဲ့တယ်လို့ ဇေယျာတိုင်း(စ်) သတင်း အေဂျင်စီရဲ့ တာဝန်ခံအယ်ဒီတာက ဒီဇင်ဘာလ ၃၀ ရက်နေ့ ဒီကနေ့မှာ RFA ကို ပြောပါတယ်။