သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-04-13
KIO ထိန်းချုပ်နယ်မြေကကျေးရွာတွေမှာ မြေရှားသတ္တု တူးဖော်မဲ့လုပ်ငန်းတွေကို အမြန်ဆုံးရပ်တန့်ပေးဖို့ ကချင်ပြည်နယ် လူထုအခြေပြုအဖွဲ့အစည်းတွေက ဧပြီလ ၁၃ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
2023-04-13
ပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၀၀ လောက်ထိ သေဆုံးခဲ့တဲ့ဖြစ်ရပ်အတွက် အာဆီယံနိုင်ငံတွေက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း အင်ဒိုနီးရှားက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2023-04-13
ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဧပြီ ၁၃ ရက်မှာလုပ်မယ့် ကုလလုံခြုံရေးကောင်စီအစည်းအဝေးမှာ ဆွေးနွေးသွားမယ်လို့ လုံခြုံရေးကောင်စီရဲ့ သတင်းတွေကို ဖော်ပြတဲ့ SCR မှာ ဖော်ပြထားပါတယ်။
2023-04-13
ဧပြီ ၁၃ ရက် မနက်မှာ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်နဲ့ ပဲခူးတိုင်း၊ လက်ပံတန်းမြို့မှာ ဗုံးတွေဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ ပြောပါတယ်။
2023-04-13
မြစ်ကြီးနားမြို့ Happy KTV မှာ ဖမ်းဆီးခံခဲ့ရတဲ့ KIO အုပ်ချုပ်ရေးအရာရှိ ၁၃ ဦးကို ထောင် ငါးနှစ်စီ ချမှတ်လိုက်တယ်လို့ ပြောပါတယ်။
2023-04-13
လားရှိုးမြို့အဝင်မှာ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသားလေးဦး သေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
2023-04-12
PDF သုံးယောက်ကို ထိုင်းလူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးပြီး မြန်မာဘက်လွှဲပြောင်းလိုက်တာကို အာဆီယံနိုင်ငံတွေက လွှတ်တော်အမတ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ APHR အဖွဲ့က ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ အလားတူဖြစ်ရပ်တွေ ထပ်မဖြစ်ဖို့ တောင်းဆိုလိုက်ပါတယ်။
2023-04-12
ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးဌာနက အကြမ်းဖက်မှုတွေ ချက်ချင်းအရှိန်လျှော့ဖို့နဲ့ ဒဏ်ရာရသူတွေကို ဆေးဝါးကုသပေးဖို့ တိုက်တွန်းပါတယ်။
2023-04-12
နိုင်ငံတကာက ချက်ချင်းအရေးယူရမယ်လို့ ကုလသမဂ္ဂအရာရှိဟောင်းတွေနဲ့ ဖွဲ့ထားတဲ့ မြန်မာနိုင်ငံအထူးအကြံပေးကောင်စီက တိုက်တွန်းပါတယ်။
2023-04-12
ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေဟာ မြန်မာစစ်တပ်က လူ့အသက်တွေကိုတန်ဖိုးမထားဘူးဆိုတာ မီးမောင်းထိုးပြတာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။
2023-04-12
NUG စာရင်းအရ သေဆုံးသူတွေထဲ ၁၈ နှစ်အောက် ကလေးစုစုပေါင်း ၁၉ ဦးပါဝင်ပြီး ၁၈နှစ်အထက် လူကြီး ၉၇ ဦးပါဝင်ပါတယ်။
2023-04-12
သင်္ကြန်မှာ နံသာရေတွေနဲ့ ဘုရား၊စေတီ၊ ပုထိုးတွေကို ရေသပ္ပာယ်ပြီးမှ ရခိုင်ပြည်သူတွေ ရေကစားကြလေ့ရှိပါတယ်။
2023-04-12
နတ်တလင်းမြို့နယ်က ဆင်ဆွဲရွာမ၊ ကရင်ဆင်ဆွဲ၊ ပျဉ်းမခေါင်နဲ့ ကြက်မနက် စတဲ့ ရွာပေါင်းလေးရွာကို စစ်ကောင်စီတပ်က မီးရှို့မယ်လို့ခြိမ်းခြောက်ပြီး ဖယ်ရှားခိုင်းထားပါတယ်။
2023-04-12
ကလေးမြို့တောင်ပိုင်း သာစည်ရွာမှာ ကလေးဒေသ ကာကွယ်ရေးအဖွဲ့ဝင် ၁၀ ဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားပါတယ်။
2023-04-12
နောင်ချိုမြို့နယ် ဟိုခိုနဲ့ သံဘိုရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ပွဲကြောင့် ထွက်ပြေးရတဲ့ဒုက္ခသည် သုံးထောင်ကျော်လာပါတယ်။