သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-06-22
ဟင်္သာတ-ညောင်တုန်း မီးရထား လမ်းဖောက်လုပ်ရာမှာ သိမ်းယူခံထားရတဲ့ ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်က လယ် ယာမြေဧက ၂၀၀ ကျော်အတွက် လျော်ကြေးငွေကျပ် သိန်း ၇၃၀၀ နီးပါး ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီ က ဒေသခံ တောင်သူတွေထံ မနေ့က ပြန်လည်ပေးအပ်ခဲ့ ပါတယ်။
2016-06-22
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်မှာ တရားမဝင် နယ်မြေကျူးကျော်ပြီး ကျောက် မီးသွေး တူးဖော်နေသူတွေကို စုံစမ်းစစ်ဆေးနေတာကြောင့် လုပ်ငန်းရှင်တွေ ရဲ့ ခြိမ်းခြောက်မှုကို ခံနေရတယ်လို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က ပြောပါတယ်။
2016-06-22
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee က ရခိုင်ပြည်သူပြည်သားအားလုံး တိုးတက်ပြောင်းလဲ ဖို့အတွက် ကူညီသွားမယ်လို့ ဒီနေ့ ပြောပါတယ်။
2016-06-22
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ကို ကြိုဆိုဖို့အတွက် မဟာချိုင် မြို့က ထလေထိုင်းရပ်ကွက်မှာ ထိုင်းရဲတပ်ဖွဲ့က ဒီကနေ့ လုံခြုံရေး ထူထူထပ်ထပ်ချထားပြီး ကြိုတင်ပြင်ဆင်မှုတွေ ပြု လုပ်နေကြပါတယ်။
2016-06-22
ထိုင်း မြန်မာနယ်စပ်လျှောက်မှာရှိတဲ့ ဒုက္ခသည်စခန်း ၉ ခုက မြန်မာဒုက္ခသည် တစ်သိန်းကျော်ကို မူလနေရပ် ပြန်ပို့ရေးကိစ္စနဲ့ ပတ်သက် ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါ ဆွေးနွေးမယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ က ပြောပါတယ်။
2016-06-21
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည် မြို့နယ်က ဘုန်းကြီးကျောင်းတိုက် ၂ တိုက် ဝင်းထဲမှာ လိုင်စင်မဲ့ကား ၃၆ စီးကို မနေ့က ဖမ်းဆီးရမိခဲ့ပြီး အဲဒီအမှုနဲ့ ပတ်သက်သူ ၂ ဦးကို အမှတ် ၁၁ နယ်မြေရဲစခန်းမှာ ဖမ်းဆီးအရေးယူထားပါတယ်။
2016-06-21
ကချင်ပြည်နယ် မြစ်ကြီးနားမြို့သီတာ ရပ်ကွက်မှာ မနေ့ည ၉ နာရီကျော်လောက် က တပ်မတော်သား ၂ ဦးနဲ့ မြို့ခံ လူငယ် တချို့ရုန်းရင်းဆန်ခတ်ဖြစ်ပွားရာကနေ အသက် ၁၉ နှစ် အရွယ် ကွန်ပျူတာ တက္ကသိုလ်ကျောင်းသား မောင်ဂွမ် ဆိုင်းအောင်ဆိုသူ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး ဒီကနေ့ သူ့ရုပ်အလောင်း ကို နေအိမ်သယ်လာစဉ်မှာ ဒေသခံ လူငယ်တွေနဲ့ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေက တပ်မတော်ကို အလိုမရှိကြောင်း ဒီနေ့ ဆန္ဒပြကြပါတယ်။
2016-06-21
ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်နဲ့ သက္ကယ်ပြင်ကျေးရွာက မွတ်စ လင်တွေကို အစိုးရက NVC လို့ခေါ်တဲ့ အစိမ်းနုရောင် နိုင်ငံသားစိစစ်ခံယူ ခွင့်ကဒ်တွေကို ဒီနေ့ စတင်ထုတ်ပေးရာမှာ သက္ကယ်ပြင်ကျေးရွာက မွတ်စလင်တွေ က အဲဒီကဒ်ကို ထုတ်ယူဖို့ ငြင်းဆန်ကြပါတယ်။
2016-06-21
ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ မွတ် စလင်တွေကို အစိုးရက"ရခိုင်ပြည်နယ်က မွတ်စလင်များ" ဆိုပြီးသုံးနှုန်းတာကို ကန့်ကွက်ကြောင်းနဲ့ ဘဂါၤလီလို့သာ ဆက်လက်သုံးနှုန်းသွား မှာဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ANP က ဒီနေ့ သဘော ထားကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။
2016-06-21
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဆီစက်ရုံတွေက ရောနှောဆီတွေနဲ့ မသန့် တဲ့စားသုံးဆီတွေကို ထုတ်လုပ်ရောင်း ချနေကြောင်း လားရှိုးမြို့ စားသုံးသူရေးရာဦးစီးဌာန က စစ်ဆေးတွေ့ရှိထားပါတယ်။
2016-06-21
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့် အရေးအထူးကိုယ်စားလှယ် Yanghee Lee ရဲ့ မြန်မာပြည် ခရီးစဉ်အတွင်း သတင်း ထုတ်ပြန်ရာမှာ ရခိုင်ပြည်နယ်က မွတ်စလင် အသိုင်းအဝိုင်း လို့သာ သုံးနှုန်းဖော်ပြဖို့ အစိုးရပိုင်မီဒီယာတွေ ကို ပြန်ကြားရေး ဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။
2016-06-21
မန္တလေးတိုင်း ပလိပ်မြို့မှာရှိတဲ့ ပန်ဒါ ချည်မျှင်အထည်နဲ့ အချောကိုင်စက်ရုံမှာ အလုပ်ရှင်အလုပ်သမား သဘောတူ စာချုပ်ကို အလုပ်ရှင်ဘက်က ဖောက် ဖျက်နေတယ်ဆိုပြီး ၁၈ ရက်ကြာ သပိတ်စခန်းဖွင့် ဆန္ဒပြနေတဲ့ အလုပ်သမားတွေ ဟာ ဒီနေ့ ပလိပ်မြို့ တစ်ပတ်လှည့်လည် ဆန္ဒပြခဲ့ကြပါ တယ်။
2016-06-21
ဒီနေ့ကျရောက်တဲ့ ၁၄၁ နှစ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနားကို ကယားပြည်နယ် ဒီမောဆိုမြို့နယ်က ကန်ခုနှစ်ဆင့်မှာ ကျင်းပခဲ့ပါတယ်။
2016-06-21
၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင် ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ခေါင်းဆောင်တဲ့အဖွဲ့နဲ့ AA ရက္ခိုင့်တပ်မတော် ၊ MNDAA ကိုးကန့်အဖွဲ့၊ TNLA တအာင်းပလောင်အဖွဲ့က ကိုယ်စားလှယ်တွေနဲ့ မိုင်းလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသမှာ တွေ့ဆုံခဲ့ကြတယ်လို့ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာဖုန်းကျော် က အတည်ပြု ပြောကြားပါတယ်။
2016-06-21
အစိုးရတပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်နေတဲ့ဒေသတွေက တိုင်းရင်းသားတွေ ဘယ်လိုကာကွယ်ပေးမလဲဆိုတဲ့ ကိစ္စတွေကို ပြည်တွင်းအရပ်ဘက် လူမှုအဖွဲ့ အစည်းတွေက ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့် အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Yanghee Lee ကို တင်ပြဆွေးနွေးခဲ့ကြပါတယ်။