သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-09-04
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် Francis ဟာ လာမယ့် နိုဝင်ဘာလ ၂၇ ရက်နေ့မှာ မြန်မာနိုင်ငံကို သမိုင်းဝင် ခရီးစဉ်အဖြစ် ရောက်ရှိလာမှာဖြစ်ပြီး နိုဝင်ဘာလ ၂၉ ရက်နေ့ ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ လူထုပရိသတ်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
2017-09-04
အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီဟာ စက်တင်ဘာလ ၅ ရက်၊ အင်္ဂါနေ့မှာ မြန်မာနိုင်ငံကို နှစ်ရက်တာ လာရောက်မှာ ဖြစ်ပါတယ်။
2017-09-03
ကချင်ပြည်နယ်မှာ ၂၀၁၅ ခုနှစ်ကစပြီး လက်ရှိအချိန်အထိ ၃ နှစ်တာကာလအတွင်း နယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား သုံးရာကျော်ကို ဖမ်းဆီးအရေးယူခဲ့တယ် လို့ ပြည်နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။
2017-09-03
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ဘဇံချောက်မှော်က သက်တမ်းကုန်နေတဲ့ လုပ်ကွက်တစ်ခုမှာ စက်တင်ဘာ ၁ ရက်နေ့ မနက်ပိုင်းက ကျောက်တောင်ကမ်းပါးပြိုကျတာကြောင့် ကျောက်တူးနေတဲ့ တနိုင်တပိုင်ရေမဆေးသမား ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
2017-09-03
မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေဖြစ်တဲ့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသအထက်ပိုင်းတွေမှာ နောက် ၂ရက်အထိ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်း ထုတ်ပြန်ပါတယ်။
2017-09-03
ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်ကို ငွေကြေးအလွဲသုံးစားပြုလုပ်မှု၊ ဝန်ထမ်းခန့်အပ်ရာမှာ တစ်ဦး တည်းသဘောနဲ့ ဆောင်ရွက်ခဲ့မှုတွေ ရှိတယ်ဆိုပြီး နိုင်ငံတော် အတိုင်ပင်ခံရုံးထံ တိုင်ကြားထားမှု ကို တိုင်းဒေသကြီး အစိုးရအဖွဲ့က စိစစ်ပြီး စစ်ဆေးတေ့ွရှိချက်တွေကို သမ္မတရုံးထံ ပြန်လည် အကြောင်းကြားထားပြီးဖြစ်တယ်လို့ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး က ပြောပါတယ်။
2017-09-03
အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့ မောင်တောမြို့နယ်မှာ ကျောင်းဆရာ၊ ဆရာမ ၃၀၀ ကျော်လောက် ပိတ်မိနေတယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်း က ပြောပါတယ်။
2017-09-03
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူဒုက္ခသည်စခန်းက ဒုက္ခသည်တွေဟာ မဲသဝေါဒေသမှာ နယ်မြေတည်ငြိမ်မှု မရှိသေးတာတွေ မိုင်းအန္တရာယ်တွေကြောင့် နေရပ်မပြန်နိုင်သေးဘူးလို့ ဒုက္ခသည်စခန်းတာဝန်ခံ ဦးထွန်း က ပြောပါတယ်။
2017-09-03
အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးဟာ ပေါက်ကွဲစေတဲ့ မီးလောင်ဗုံးနဲ့ ဒီကနေ့ တိုက်ခိုက်ခံ ရကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့ကို ကိုးကားပြီး ရိုက်တာသတင်း တပုဒ်မှာ ဖေါ်ပြပါတယ်။
2017-09-03
လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ထုတ်ပြန်တဲ့ ချိန်ခါလီကျေးရွာ မီးလောင်တာဟာ အကြမ်းဖက်သမားတွေက မီးရှို့ထွက်ပြေး တာဖြစ်ကြောင်း အဲဒီကျေးရွာဟာ အကြမ်းဖက်သမားတွေကျေး ရွာဖြစ်ကြောင်း ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ က ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင် က ပြောပါတယ်။
2017-09-02
ရခိုင်ပြည်နယ် မောင်တောဒေသက အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ဒုက္ခသည်တွေဆီကိုပို့နေတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီး (WFP) ရဲ့ အစားအစာထောက်ပံ့မှုတွေကို ရပ်ဆိုင်းထားရတယ်လို့ မနေ့က AFP သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
2017-09-02
ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်က အိမ်ခြေ ၇၀၀ လောက်ရှိတဲ့ ရိုဟင်ဂျာ မွတ်ဆ လင်ကျေးရွာတစ်ခု ရွာလုံးကျွတ်နီးပါး မီးရှို့ခံရတယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က စက်တင်ဘာလ ၂ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။
2017-09-02
ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း အကြမ်းဖက်မှုတွေကြောင့် စားနပ်ရိက္ခာ အခက်အခဲ ရှိနေတဲ့ မောင်တောနဲ့ ဘူးသီးတောင်က ကျေးရွာတွေကို လူကယ်ပြန်ဝန်ကြီးဌာနနဲ့ ပြည်နယ်အစိုးရ အဖွဲ့က တပ်မတော်ရဟတ်ယာဉ်နဲ့ စားနပ်ရိက္ခာတွေ လိုက်လံပို့ဆောင်ပေးနေပြီး အစိုးရဝန်ထမ်း တချို့ကို မြို့ပေါ်ပို့ဆောင်တာတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
2017-09-02
NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရေးအတွက် စစ်ရေးအရ ဖိအားပေးဆောင်ရွက်တာ မသင့်တော်ကြောင်း နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြခဲ့တဲ့ အကြောင်း မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာက SNLD ကျားခေါင်းပါတီ ခေါင်းဆောင်တွေနဲ့ ဒီနေ့ တွေ့ဆုံရာမှာ ပြောလိုက်ပါတယ်။
2017-09-02
လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ရန်ပြုတာတွေ၊ တုတ်၊ ဓါး လက်နက်တွေ ကိုင်ဆောင်တာတွေ မလုပ်ဖို့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းကြဖို့ ကျေးရွာတွေမှာ အသံချဲ့စက်တွေနဲ့ လိုက်လံသတိပေး တိုက်တွန်းနေတယ်လို့ အစိုးရရဲ့ သတင်းထုတ်ပြန်ရေးကော်မတီက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။