သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-11-03
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန် ၂ Midus အထည်ချုပ်စက်ရုံရဲ့ မန်နေဂျာ ဒေါ်မြင့်မြင့်မော်ကို အလုပ်ထုတ်ပေးဖို့ ဆန္ဒပြနေတဲ့ အလုပ်သမားတွေက အလုပ်ရှင်နဲ့ ဒီနေ့ လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ ညှိနှိုင်းတာ ပြေလည်မှုမရဘူးလို့ သိရပါတယ်။
2014-11-03
ဧရာဝတီနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ သက်ငယ် စပါးဈေးတွေ ကျဆင်းနေတဲ့အတွက် တောင်သူတွေ အရှုံးမပေါ်စေဖို့ ဒီလကစပြီး ဧည့်မထစပါး တင်း ၁ဝဝ ကို ကျပ်သုံးသိန်းခွဲနဲ့ ဝယ်ယူသွားမယ်လို့ မြန်မာနိုင် ငံ တောင်သူလယ်သမားအသင်းက ကြေညာလိုက် ပါတယ်။
2014-11-03
နိုင်ငံရေးပုဒ်မတွေအပြင် တခြားပုဒ်မတွေ နဲ့ ထောင်ချခံထားရသူ ၂၇ ဦးကို အစိုးရက နိုင်ငံရေး ပြစ်မှှုတွေပယ်ဖျက်ပြီး တခြားပြစ်မှှုတွေနဲ့ ဆက်လက်အရေးယူနေတာဟာ မဖြစ်သင့်ကြောင်းနဲ့ သူတို့ကို အမြန်ဆုံးလွှတ်ပေးဖို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ FPPS တို့က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
2014-11-02
ပဲခူးတိုင်းဒေသကြီး အင်းတကော်မြို့နယ် အင်းတကော်ကျေး ရွာက ဗိုလ်ချုပ်ကျောက်တိုင်နဲ့ ဗိုလ်တဲမြေနေရာကို ပြည်သူ ပိုင်အဖြစ် သတ်မှတ်ပေးဖို့ ဒေသခံ ၂ဝဝ ကျော်က ပဲခူးမြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-11-02
အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေအကြား လုပ်ငန်းခွင်ပဋိပက္ခတွေကို ဖြေရှင်းပေးတဲ့ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေးဥပဒေ မှာ ငွေဒဏ်တင်မကပဲ ထောင်ဒဏ်တွေပါ ထည့်သွင်းပြင် ဆင်ပေးဖို့ ရန်ကုန်တိုင်းဒေသကြီးက အလုပ်သမားသမဂ္ဂ အဖွဲ့ဝင် ၂ဝဝ ကျော်လောက် တာမွေမြိ့နယ် ကျိုက္ကဆံ အားကစားကွင်းမှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-11-02
မကြာသေးခင်က ကရင်လက်နက် ကိုင် လေးဖွဲ့ပူးပေါင်းပြီး ဖွဲ့စည်းခဲ့ တဲ့ ကော်သူလေး တပ်မတော် KAF ဟာဘယ်နိုင်ငံရေး အဖွဲ့အစည်းတစ်ခုခုရဲ့ လွှမ်းမိုးမှုမှမရှိကြောင်း ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA က ဒီကနေ့ ကြေညာလိုက်ပါတယ်။
2014-11-02
ဒီနေ့ကျရောက်တဲ့ International Day To End Impunity for Crimes against Journalist နိုင်ငံတကာသတင်းသမားများ အပေါ် ရာဇဝတ်မှုကျူးလွန်မှုများ အဆုံးသတ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ သတင်းမီဒီယာသမားတွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းက အဖွဲ့ဝင်တွေအပါအဝင် လူ ၅ဝ ကျော်ဟာ သတင်းမီဒီယာသမားတွေအပေါ် ဥပဒေအရ ထိရောက်တဲ့ အကာအကွယ်ရရှိဖို့ ရန်ကုန်မြို့ မြို့တော်ခန်း မရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-11-02
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ ပြီးခဲ့တဲ့ သောကြာနေ့ညပိုင်းက ဗုံးနှစ်လုံး ပေါက်ကွဲခဲ့တာနဲ့ ဆက်နွယ်ပြီး မြို့ခံ အမျိုးသား ၃ ဦးကို ဘူးသီးတောင်မြို့နယ်ရဲတပ်ဖွဲ့ က ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။
2014-11-01
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာ မနေ့ညက အမှတ် ၄၂၄ ခြေမြန်တပ်ရင်းက စစ်သား ၄၀ လောက်က မြို့ထဲမှာ ရိုက်နှက်ခဲ့တဲ့အတွက် လူတစ်ချို့ ဒဏ်ရာရခဲ့ပြီး ၃ ယောက် က ဆီဆိုင်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
2014-11-01
အလွတ်သတင်းထောက် ကိုပါကြီးခေါ် ကိုအောင်ကျော်နိုင် သေဆုံးမှုကို စစ်ဆေးဖို့အတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင်က တာဝန်ရှိသူတွေ မွန်ပြည် နယ် မော်လမြိုင်မြို့ကို ဒီနေ့ ရောက် ရှိသွားပြီဖြစ်ပါတယ်။
2014-11-01
တိုင်းဒေသကြီးတွေမှာ ကျင့်သုံးမယ်ဆိုပြီး လွှတ်တော်မှာ ဆွေးနွေးခဲ့တဲ့ PR ခေါ် အချိုးကျ ကိုယ်စားပြုရွေးကောက်ပွဲစနစ်ကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ လူအင်အား နှစ်ရာလောက်က ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်မှာ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
2014-11-01
ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ မနေ့ည ၉ နာရီလောက်က ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့ပြီး၊ ထိခိုက်ဒဏ်ရာ ရတာတော့ မရှိဘူးလို့ သိရပါတယ်။ ဗုံးပေါက်ကွဲ တဲ့နေရာမှာ လက်ကိုင်ဖုန်းတစ်လုံးတွေ့ရှိရကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော် မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောပါတယ်။
2014-11-01
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ကျင်းပနေဆဲ တန်ဆောင်တိုင်ပွဲတော်မှာ မနေ့ည သန်းခေါင်လောက်က မီးပုံးပျံ တစ်ခုဟာ အမြင့်ပေ ၂၀၀ လောက်ကနေ ပျက်ကျသွားခဲ့တဲ့ အတွက် လာရောက်ကြည့်ရှုသူတွေထဲက ၁၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။