သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-09-17
ဖားကန့်မြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ဖားကန့် မြို့ပေါ်နဲ့ ဆိုင်းတောင်(ဆိပ်မူ) ရွာကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံနှစ်ဦး သေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-09-17
ဖြူးမြို့နယ်က ရေဘေးသင့်သူတွေအတွက် လာရောက်ကူညီပေးနေသူတွေကို စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေကနေ တင်းတင်းကျပ်ကျပ် စစ်ဆေးနေပါတယ်။
2024-09-17
ရေကြီးနစ်မြုပ်မှုတွေနဲ့ တောင်ကျချောင်းရေတွေကြောင့် အဲဒီမြို့နယ်ခြောက်ခုမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာရတဲ့ စစ်ဘေးဒုက္ခသည် သုံးသောင်းခန့်ဟာ ရေဘေးကိုပါ ထပ်ကြုံနေရတာပါ။
2024-09-17
တောင်ငူမြို့နယ်က ရေကြီးနစ်မြုပ်မှုတွေအတွင်း ရေစီးနဲ့ မျောပါသေဆုံးသူ ဆယ်ဦးထက်မနည်း ရှိတယ်လို့ တောင်ငူမြို့နယ်ထဲမှာ ရေဘေးကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
2024-09-17
ရာဂီမုန်တိုင်းအရှိန်ကြောင့် တိုင်းနဲ့ ပြည်နယ် ကိုးခုမှာ ၅၉ မြို့နယ် ရေဘေးသင့်ခဲ့တယ်လို့လည်း ဆိုပါတယ်။
2024-09-17
ဗိုလ်ချုပ်ကြီး တင်အောင်စန်းဟာ ပေကျင်းမြို့က စက်မှုနည်းပညာဆိုင်ရာ ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ဒရုန်းနဲ့ လေကြောင်းသုံး စစ်လက်နက်ပစ္စည်းတွေကို သွားရောက်လေ့လာပါတယ်။
2024-09-16
တာချီလိတ်မြို့မှာ မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုတွေကြောင့် သေဆုံးသူ ၁၄ ဦးအထိ ရှိလာပါတယ်။
2024-09-16
နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုတွေကြောင့် မြို့နယ်ပေါင်း ၈၄ မြို့နယ်က စပါးနဲ့မိုးသီးနှံစိုက်ဧကပေါင်း ခြောက်သိန်းခွဲနီးပါး ရေဝင်နစ်မြုပ်နေပါတယ်။
2024-09-16
ရေဘေးသင့်ခဲ့တဲ့ ဒေသခံ ၈၀၀ ဝန်းကျင်အတွက် အကူအညီတွေလိုနေတာလို့ ရေဘေးဒုက္ခသည်တွေကို ကူညီနေတဲ့ ဆရာတော် တစ်ပါးက RFA ကို မိန့်ပါတယ်။
2024-09-16
သီပေါမြို့မှာ ဩဂုတ်လ တစ်လအတွင်း အရပ်သား ၂၁ ဦး သေဆုံးပြီး ၄၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က စက်တင်ဘာ ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
2024-09-16
စက်တင်ဘာ ၁၆ ရက်နေ့ ညနေ လေးနာရီထိ စစ်ကောင်စီ ကောက်ယူရရှိတဲ့ စာရင်းကို ထုတ်ပြန်တာပါ။
2024-09-16
စစ်တောင်းမြစ်ရေ တက်လာတာကြောင့် ရေတာရှည်မြို့နယ်ထဲက ကျေးရွာအများစု ရေဘေးသင့်နေပြီး စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းက ကျေးရွာခြောက်ရွာခန့် ရေကြီးနေတာလို့ ဆိုပါတယ်။
2024-09-16
စစ်တွေမြို့ အနီးမှာရှိတဲ့ ရွှေပြည်သာနဲ့ ကျေးတောရွာနှစ်ရွာမှာ နေထိုင်သူတွေကို စစ်ကောင်စီတပ်က ဖိအားပေးပြောင်းရွှေ့စေခဲ့ပါတယ်။
2024-09-16
နေပြည်တော်မှာ ရေကြီးရေလျှံတာကြောင့် သီးနှံစိုက်ဧကပေါင်း ၁၇၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပါတယ်။
2024-09-16
မြစ်သားမြို့နယ်က ရွာလေးရွာမှာ စက်တင်ဘာ ၁၆ ရက်နေ့အထိ ရေနစ်မြုပ်နေဆဲဖြစ်ပြီး လူငါးထောင်ကျော် ဘေးလွတ်ရာမှာ နေထိုင်နေရတာကြောင့် စားနပ်ရိက္ခာနဲ့ သောက်ရေ အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။