သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-12-01
နိုင်ငံတကာ လူမှုကယ်ဆယ်ရေး အဖွဲ့ အစည်းတစ်ခုဖြစ်တဲ့ Relief International က မြေပုံမြို့မှာရှိတဲ့ မွတ်စလင် ဒုက္ခသည်တွေအတွက် ရေ ချိုးခန်းနဲ့ အိမ်သာ အဆောက်အဦးတွေ ဆောက်လုပ်ပေး မယ့်အစီအစဉ်တွေကို မြေပုံမြို့ခံ ၈၀၀ လောက်က မနေ့က ကန့်ကွက်ခဲ့ကြတယ်လို့ သိရပါတယ်။
2013-12-01
အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ အစိုးရတို့ ပူးပေါင်းပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခုခံအားကျဆင်းမှုရောဂါ ကူးစက်မှုနှုန်း၊ ဖြစ်ပွားမှုနှုန်း၊ သေဆုံးမှုနှုန်းထားတွေကို စာရင်းကောက်ယူပြီး ပိုမိုထိရောက်တဲ့ အကူအညီတွေပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။
2013-11-30
သြစတြေးလျနိုင်ငံမှာ ရောက်ရှိနေတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို Melbourne မြို့မှာရှိတဲ့ Monash တက္ကသိုလ်ကြီးက ဂုဏ်ထူးဆောင ်ဥပဒေပါရဂူဘွဲ့ ကို ဒီကနေ့ အပ်နှင်းလိုက်ပြီး Desmond Tutu လူမှုထူးချွန် ဆုကိုလည်း ချီးမြှင့်လိုက်ပါတယ်။
2013-11-30
အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့်ပေးထားပေမယ့် ထိလွယ်ရှလွယ်နိုင်တဲ့ကိစ္စရပ်တွေမှာ ထိပ်တိုက် ရင်ဆိုင်တာတွေ ရှောင်ဖို့လိုတယ်လို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဒီနေ့ သတိပေးပြောကြား လိုက်ပါတယ်။
2013-11-30
ဒီနှစ် ဧပြီလ ၁ ရက်နေ့ကစပြီး ပြန်ကြားရေးဝန်ကြီးဌာန က သတင်းစာ ၃၁ စောင်ထုတ်ဝေခွင့်ပြု ခဲ့ရာမှာ ဒီကနေ့ထိ ထုတ်ဝေခြင်းမပြုနိုင်တဲ့ သတင်းစာ ၁၅ စောင်ကို လာမဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံး ထားပြီး ထုတ်ဝေကြဖို့ အကြောင်းကြားမှာဖြစ်ပြီး မထုတ်ဝေရင် လိုင်စင်ရုပ်သိမ်းသွားမယ်လို့ သိရပါတယ်။
2013-11-29
ပင်လုံညီလာခံလို အနှစ်သာရရှိတဲ့ ပြည်ထောင်စုညီလာခံ ကျင်းပနိုင်ဖို့အတွက် ကနဦးအလုပ်အဖွဲ့ကို လာမယ့်ဒီဇင်ဘာလထဲမှာ ဖွဲ့စည်းသွားမှာဖြစ်ကြောင်း ရှစ်လေးလုံး ငွေရတုကော်မတီ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2013-11-29
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ မြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်မှာရှိ တဲ့ တော်ဝင်သစ်အချောထည်စက်ရုံက အလုပ်သမား ၆ ယောက်ကို ဒီကနေ့ စမ်းချောင်းမြို့နယ် တရားရုံးက တရားမဝင်စီတန်း လှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ဒဏ်ငွေ ၁ သောင်းစီ အမိန့်ချမှတ်လိုက်ပါတယ်။
2013-11-29
ပဲခူးမြို့နယ် တရားရုံးက လယ်သမားအရေးဆောင်ရွက်သူ ဦးဝင်းချိုနဲ့ လယ်သမား ၅ ယောက်ကို ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် ၆ လ ၊ တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ- ၁၈ နဲ့ ငွေဒဏ် ၁ သောင်းစီပေးဆောင်ဖို့ ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။
2013-11-29
မြန်မာနိုင်ငံမှာ အရှေ့တောင်အာရှ အားကစားပွဲတော် ဆီးဂိမ်းကို အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ ရာနှုန်းပြည့် အဆင်သင့်ဖြစ်နေပြီလို့ အာကစားဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2013-11-29
ဒီနေ့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲမှု ၁ နှစ်ပြည့် ဆန္ဒပြပွဲကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အကျဉ်းထောင်ထဲက လွတ်မြောက်လာတဲ့ နော်အုန်းလှ အပါအဝင် ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုအောင်စိုးနဲ့ စုစုပေါင်း ၅၀ လောက် လမ်းလျှောက်ဆန္ဒပြ ခဲ့ကြပါတယ်။
2013-11-29
သြစတြေးလျနိုင်ငံမှာ ရောက်ရှိနေတဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ကင်ဘာရာမြို့က ထိပ်တန်းတက္ကသိုလ်ကြီး တစ်ခုဖြစ်တဲ့ ANU သြစတြေးလျ အမျိုးသား တက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို မနေ့က လက်ခံရယူခဲ့ပါတယ်။
2013-11-28
ယခင်စစ်အစိုးရလက်ထက် က ထောက်လှမ်းရေး ညွှန်ကြားရေး မှူးဟောင်း၊ ဝန်ကြီးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က နိုင်ငံရေးလုံးဝလုပ်မှာမဟုတ်ဘူးလို့ ဒီနေ့မှာ ကတိပေးပြောကြားလိုက်ပါတယ်။
2013-11-28
လူမျိုးစုတစ်ခုတည်းဖြစ်ပေမဲ့ "မြို" နဲ့"ခမိ" ဆိုပြီး နာမည်ကွဲနေတဲ့အပေါ် "မြို" စာပေနဲ့ယဉ်ကျေးမှုကော်မတီက ဦးဆောင်ပြီး ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်များကွန်ရက်ရုံးမှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2013-11-28
မကြာသေးခင်က ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီ မှာ တင်သွင်းအတည်ပြုခဲ့တဲ့ မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ဆက်စပ်တဲ့စာတမ်းမှာ ရိုဟင်ဂျာတွေကို နိုင်ငံသားပြုခွင့်ပေးရန် ဆိုတဲ့အချက်ကို ကန့်ကွက်တဲ့အနေနဲ့ ဒီကနေ့ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ မှာ ဒေသခံ ၈၀၀ လောက်က ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
2013-11-28
မြန်မာ့တပ်မတော်ကို ထူထောင်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင်တွေထဲက တစ်ဦးတည်းသောကျန်ရှိသူ ဗိုလ်ရဲထွဋ်ဟာ ရန်ကုန် မြို့ နိုဝင်ဘာ ၂၇ ရက်၊ မနေ့ည ၉ နာရီမိနစ် ၂၀ အချိန်မှာ ကွယ်လွန်သွားခဲ့ပါတယ်။