သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-29
ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစုရပ်ကွက် အမှတ် ၃ ဒုက္ခသည်စခန်းမှာရှိတဲ့ ရခိုင် တိုင်းရင်းသား ဒုက္ခသည် အိမ်ထောင် စုပေါင်း ၁၇၀ ကျော်ကို မင်းဂံရပ်ကွက် အတွင်းမှာလုံးချင်းနေ အိမ်တွေဆောက်လုပ်ပြီး နေရာချထားပေးမယ်လို့ ရခိုင်ပြည် နယ် အစိုးရအဖွဲ့က ပြောပါတယ်။
2015-11-29
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီအနေနဲ့ တိုင်းရင်းသားဒေ သတွေမှာ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေကို မစုစည်းနိုင်ခဲ့လို့ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ရတာဖြစ်တယ်လို့ SNLD ပါတီ ခေါင်းဆောင်တွေ က ပြောပါတယ်။
2015-11-29
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ UNFC နှစ်ပတ်လည် ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ လာမယ့် ဒီဇင်ဘာလ ဒုတိယ ပတ်ထဲမှာ ကျင်းပဖို့ စီစဉ်ထားကြောင်း UNFC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပြော ပါတယ်။
2015-11-28
ရှမ်းပြည်နယ် မှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေအတွက် ရည်ရွယ်ပြီးတော့ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေ စီ အဖွဲ့ချုပ်ဝင်တွေက အလှုငွေကောက်ခံပြီးတော့ ကူညီ သွားမယ်လို့သိရပါတယ်။
2015-11-28
မြန်မာနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကြား မှာ ရှိနေတဲ့ နှစ်နိုင်ငံ ဆက်ဆံရေး အဖု အထစ်တွေကို ဖယ်ရှားပြီး ရှေ့ကို တက် လှမ်းလိုတဲ့ ဆန္ဒရှိပါတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူပုဂ္ဂိုလ် ကပြောကြားလိုက် ပါတယ်။
2015-11-28
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ ရွေးကောက်ခံကိုယ်စား လှယ်တွေအနေနဲ့ လာဘ်ပေး လာဘ်ယူ ကိစ္စကို လုံးဝရှောင်ရှားဖို့ တိုက်တွန်းကြောင်း SNLD ပါတီ ထိပ်တန်းခေါင်းဆောင်တွေက ပြောပါတယ်။
2015-11-28
ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်အတွင်း ကယ်ဆယ်ရေး စခန်း ၃ ခုမှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည် ဦးရေ တစ်ထောင်ကျော်အတွက် အမျိုးဘာသာသာသ နာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဗဟိုက ဒီကနေ့ မှာ ငွေကျပ် သိန်း ၆ဝ ကို လှူဒါန်းခဲ့ပါတယ်။
2015-11-28
အစိုးရတပ်မတော်နဲ့ RCSS /SSA ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ တို့ဟာ နှစ်ဖက်တပ်နေရာချထားရေးနဲ့ နယ်မြေသတ်မှတ်ရေးတွေအတွက် လာမယ့် ဒီဇင်ဘာလ ဆန်းပိုင်းမှာ ရှမ်းပြည်နယ်အတွင်း တွေ့ဆုံဆွေးနွေးသွားဖို့ ရှိတယ်လို့ RCSS /SSA က ပြောပါတယ်။
2015-11-28
ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်မော် ရွာက Ever Winner ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ ရတနာပြည့်ဖြိုးအောင် ကျောက်စိမ်းကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် လူတစ်ဦးသေဆုံးခဲ့ပါတယ်။
2015-11-28
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်က NLD လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပါတယ်။
2015-11-27
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှာ အနိုင်ရရှိခဲ့တဲ့ မန္တလေးတိုင်း လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့်ကို မဲဆွယ်စည်းရုံးရာမှာ ဘာသာရေးကိုအသုံးပြုပြီး မဲဆွယ်စည်းရုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်းက ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာ ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားတယ်လို့ သိရပါတယ်။
2015-11-27
ဗြိတိန်နိုင်ငံ အခြေစိုက် Global Witness အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ စွပ်စွဲ ထားသလို ကျောက်စိမ်းလုပ်ငန်းလုပ်နေတဲ့ မျိုးနွယ်ကျောက်မျက်ကုမ္ပဏီ၊ မြတ်ယမုံကျောက်မျက်ကုမ္ပဏီနဲ့ သက်ဆိုင်မှုမရှိကြောင်း အစွပ်စွဲခံရတဲ့ မွေးမြူရေးနဲ့ ရေလုပ် ငန်းဝန်ကြီးဟောင်း ဦးမောင်မောင်သိမ်းက ငြင်းဆိုလိုက် ပါတယ်။
2015-11-27
မုံရွာမြို့ အနောက်ဖက် မိုင် ၅၀ ကျော်အကွာကိုဗဟိုပြုပြီး ပြင်းအားအဆင့် ၅ ဒသမ ၅ ရှိတဲ့ ငလျင်တစ်ခု ဒီနေ့ နေ့လည် ၃ နာရီ ၅ မိနစ်လောက်က လှုပ်ခတ်သွားခဲ့ပါတယ်။
2015-11-27
ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းကို တိုကျိုမြို့က ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။
2015-11-27
ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေ အတွက် မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ၈၈ ယောက်စုပေါင်းပြီး ကျပ် သိန်း ၅၀ ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကနေတဆင့် လှူဒါန်းသွားမယ်လို့ သိရပါတယ်။