သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-10
အမျိုးသားညီညွတ်ရေးအစိုးရ NUG က ခန့်အပ်ထားတဲ့ ဝန်ကြီးချုပ် ဦးမန်းဝင်းခိုင် သန်းရဲ့ စိုက်ပျိုးရေး ခြံကျယ်ကြီးကို စစ်ကောင်စီက ဒီဇင်ဘာ ၁၀ ရက် ဒီနေ့မှာ လာရောက်ချိတ်ပိတ်သွားတယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ RFA ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
2021-12-10
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား နှစ်ဖက် တိုက်ပွဲတွေ အချိန်မရွေး ပြန်ဖြစ်လာနိုင်ခြေရှိနေတဲ့အတွက် သတိထားစောင့်ကြည့် နေတယ်လို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့ ရခိုင်အမျိုးသား အဖွဲ့ချုပ် (ULA) က ဒီဇင်ဘာ ၁၀ ရက် ဒီနေ့မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
2021-12-10
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့အခြေစိုက် ကမ္ဘောဇတိုင်းမ် သတင်းဌာနက အယ်ဒီတာ တစ်ဦး၊ သတင်းထောက် နှစ်ဦးနဲ့ မိသားစုဝင်တစ်ဦး စုစုပေါင်း လေးဦးကို တောင်လေးလုံး အကျဉ်းထောင်တွင်း တရားရုံးကနေ ဒီဇင်ဘာလ ၁၀ ရက် ဒီနေ့မှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်တယ်လို့ ကမ္ဘောဇတိုင်းမ် သတင်းအယ်ဒီတာတွေက RFA ကို အတည်ပြု ပြောဆိုပါတယ်။
2021-12-10
မကွေးတိုင်း စေတုတ္တရာမြို့နယ် သက္ကယ်တောင်ကျေးရွာက ခရစ်ယာန်ဓမ္မဆရာ ဆလိုင်းငွေကြာကို စေတုတ္တရာ အခြေစိုက် ကပစ (၂၀) တပ်က ဒီဇင်ဘာလ ၆ ရက်နေ့က PDF လို့စွပ်စွဲပြီး ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် ဒီဇင်ဘာလ ၉ ရက် မနေ့က စစ်ကြောရေးက ရရှိတဲ့ ဒဏ်ရာတွေကြောင့် မကွေးဆေးရုံ မှာကွယ်လွန်တယ်လို့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။
2021-12-10
တနင်္သာရီတိုင်း လောင်းလုံမြို့နယ် ဂေါ့အင်းရွာမှာ စစ်တပ် သတင်းပေးအဖြစ် သတ်မှတ်ခံထားရသူရဲ့ နေအိမ်ကို ဒီဇင်ဘာလ ၉ ရက် မနေ့နေ့လယ်ပိုင်းက အမည် မသိ လူနှစ်ဦးက သေနတ်နဲ့ လာရောက်ပစ်ခတ်ရာမှာ အိမ်ထဲမှာရှိတဲ့ အသက် ၁၈ နှစ်အရွယ်မိန်းကလေးတစ်ဦး သေဆုံးသွားပါတယ်။
2021-12-10
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ ဒီဇင်ဘာလ ၁၀ ရက် ဒီနေ့ စည်ပင်သာယာ ဌာနအောက်က စျေးဆိုင်တွေ မဖွင့်ရင် တစ်လယာယီ ပိတ်သိမ်းမယ်လို့ လိုက်လံ ကြေညာပြီးနောက် မြို့နယ်စည်ပင်သာယာရုံး ဗုံးနဲ့ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
2021-12-10
စစ်ကိုင်းတိုင်းအထက်ပိုင်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်းဆင်းလာတဲ့ စစ်ကောင်စီပိုင် ကျောက်စိမ်းတင် ရေယာဉ်နဲ့ ကနီမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့တို့ ဒီကနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာမှာ ကာကွယ်ရေးတပ်သားတွေဘက်က သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-10
ကြောက်မက်ဖွယ်ကောင်းတဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ် ပြစ်ဒဏ်ကနေ ကင်းလွတ်နေတာကို အရေးတကြီး အဆုံးသတ်ဖို့ လိုအပ်နေပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက် က ဒီဇင်ဘာ ၁၀ ရက် ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ သတိပေးလိုက်ပါတယ်။
2021-12-10
နေပြည်တော် အထူးတရားရုံးမှာ စစ်ဆေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုစွဲထားတဲ့ အဂတိအမှု ငါးခုထဲက တစ်မှုဖြစ်တဲ့ ရန်ကုန်ရှိ ဒေါ်ခင်ကြည်ဖောင်းဒေးရှင်း ရုံးချုပ် မြေနေရာ အမှုနဲ့ပတ်သက်လို့ ဒီဇင်ဘာ ၁၀ ရက် ဒီနေ့မှာ တရားလိုကို စတင်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူ တွေက RFA ကိုပြောပါတယ်။
2021-12-10
စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး အရပ်သား ဆန္ဒပြပွဲတွေကို စစ်တပ်က ဖြိုခွင်းမှု အတွင်း အသက်ဆုံးရှုံးခဲ့သူတွေကို ရည်စူးပြီး မြန်မာနိုင်ငံဆိုင်ရာ နော်ဝေးသံရုံး၊ ဒိန်းမတ်သံရုံး၊ ဆွီဒင်သံရုံးနဲ့ ဖင်လန် သံရုံးတွေက ဒီကနေ့မနက်ပိုင်းက နှင်းဆီပန်း ၁၃၂၃ ပွင့် ခင်းကျင်းပြီး ဂုဏ်ပြုခဲ့ပါတယ်။
2021-12-09
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ဒီနေ့မှာကျရောက်တဲ့ နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာပဲ နိုင်ငံတစ်ဝန်း အသံပိတ်သပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။
2021-12-09
ဒီဇင်ဘာလ ၁၀ ရက်နေ့ဟာ ကမ္ဘာ့လူ့အခွင့်အရေးနေ့ဖြစ်ပါတယ်။ ဒီနေ့မှာ စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အုပ်ချုပ်မှုကို လက်မခံကြောင်း ပြသတဲ့အနေနဲ့ မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေအနေနဲ့ အလုပ်တွေ၊ ကျောင်းတွေ၊ ဈေးတွေမသွားဘဲ မိမိနေအိမ်မှာပဲနေထိုင်ပြီး အသံတိတ်သပိတ် ဆင်နွှဲကြဖို့ အာဏာရှင်ဆန့်ကျင်ရေးအင်အားစုတွေ က တိုက်တွန်းထားပါတယ်။
2021-12-09
မွန်ပြည်နယ် သံဖြူဇရပ် ကြံ့ခိုင်ရေးရပ်ကွက် အောင်ဆန်းလမ်းမပေါ်မှာ ဒီဇင်ဘာလ ၈ ရက် မနေ့ည ၈ နာရီခွဲအချိန်က ဆိုင်ကယ်စီးလာတဲ့ အသက် ၅၁ နှစ်အရွယ် ဦးသားငယ်ကို စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲဝင်တွေက သေနတ်နဲ့ပစ်ခတ်တာ ကြောင့် သေဆုံးသွားတယ်လို့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
2021-12-09
ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)နဲ့ ဆက်စပ် တယ်ဆိုပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုစိန်ချစ်ဟာ အစာအိမ်ရောဂါကြောင့် သံတွဲအကျဉ်းထောင်မှာ ဆေးကုသမှုခံယူနေ ရတယ်လို့ အကျိုးဆောင်ရှေ့နေက RFA ကို ဒီနေ့ ပြောပါတယ်။
2021-12-09
စစ်တပ်အာဏာသိမ်းတာကို လက်မခံဘူး ဆိုတာကို ပြသတဲ့အနေနဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ကမ္ဘာ့လူ့အခွင့်အရေးနေ့မှာ ငြိမ်သက်သပိတ်ပြုလုပ်ပြီး ဆန္ဒပြကြဖို့ အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ကြေညာချက်ကို လိုက်နာရင် အသက်နဲ့ စီးပွားဥစ္စာတွေ အာမမခံဘူး ဆိုတဲ့ ခြိမ်းခြောက်စာတွေ ဟုမ္ပလင်းမြို့က လမ်းတွေပေါ်မှာ ဒီဇင်ဘာလ ၉ ရက်နေ့က ပျံ့နှံနေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။