သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-02-10
၂၀၀၈ ခုနှစ် ဖဲ့ွစည်းပုံပြင်ဆင်ရေး အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရာမှာ ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေကို ဆန္ဒမဲပေးခွင့်ပြုလိုက်တာကို ရခိုင်လူမှုအဖွဲ့အစည်း ၂၀ ကျော်က ဒီနေ့ ကန့်ကွက် လိုက်ပါတယ်။
2015-02-10
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ကြီးနား ပင်မတက္ကသိုလ်ရှေ့မှာ တက္ကသိုလ်ကျောင်း သား ကျောင်းသူ ၅၀ လောက်က အမျိုးသား ပညာရေးဥပဒေကို ဒီနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။
2015-02-10
ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်မြန်မာ နယ်စပ် အနီး လောက်ကိုင်မြို့နယ် ဖုန်းရွှေးရှမ်းရွာနဲ့ ကြိုးထိုး ရှမ်းရွာတွေမှာ အစိုးရစစ်တပ် ခလရ ၁၂၉ နဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ MNDAA တို့အကြား ဒီကနေ့မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ ပါတယ်။
2015-02-10
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီး မြို့နယ် ဆည်တည်းကျးရွာအနီးက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာမှာ ဝမ်ပေါင် ကုမ္ပဏီက မြေတူးစက်တွေနဲ့ ဒီနေ့ ဝင်ရောက်တူးဖော်နေ တာကို ဒေသခံတွေကတားဆီးရာ လုံခြုံရေးရဲဝန်ထမ်းတွေ က သေနတ်ပစ်ဖောက်ပြီး လူစုခဲွဲခဲ့ပါတယ်။
2015-02-10
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် အဖွဲ့ဝင် ၁၉ ဦးပါတဲ့ ဗဟိုရွေးကောက် ပွဲ အောင်နိုင်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း NLD က မနေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2015-02-10
အကျင့်ပျက်ခြစားမှုနဲ့ လာဘ်ပေးလာဘ် ယူမှုဟာ မြန်မာနိုင်ငံရဲ့ အဆိုးရွား ဆုံး ပြဿနာတစ်ရပ် ဖြစ်နေတယ်လို့ဒီနှစ်ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာစီးပွားရေး စစ်တမ်းတစ်စောင်က ဖေါ်ပြ ပါတယ်။
2015-02-10
အစိုးရရဲ့ ကမ်းလှမ်းထားချက်အတိုင်း လာမယ့် ပြည်ထောင်စုနေ့မှာ ငြိမ်းချမ်းရေး သဘောတူညီမှု လက်မှတ်ထိုးဖို့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS အဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။
2015-02-09
ဧရာဝတီတိုင်း ပညာရေးဒီမိုကရေစီ စစ်ကြောင်းဟာ မအူပင်မြို့မှာရှိတဲ့ တက္ကသိုလ် ပရဝုဏ်တွေထဲမှာ မနေ့က လှည့်လည် ချီတက်ဟောပြောခဲ့ကြပြီး ကျိုက်လတ်မြို့ကို ဒီနေ့စတင်ချီတက်ကြမှာဖြစ်ပါတယ်။
2015-02-09
မော်လမြိုင်နဲ့ ထားဝယ်တို့က အမျိုးသား ပညာရေး ဥပဒေကို သပိတ်မှောက် ဆန္ဒပြနေတဲ့ ကျောင်း သား ကျောင်းသူတွေကို မော်လမြိုင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဌေးအောင် က မော်လမြိုင်တက္ကသိုလ် ကျောင်းဝင်းထဲကို ဝင်ရောက်ဟောပြောခွင့်မပေးဘူးလို့ သိရပါတယ်။
2015-02-09
အမျိုးသား ပညာရေးဥပဒေ ပြုပြင်ပြောင်း လဲရေး လေးပွင့်ဆိုင်ဆွေးနွေးပွဲကို လာ မယ့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ပြန် လည်စတင်ဖို့ ဒီကနေ့ပြုလုပ်တဲ့ အကြိုအစည်းအဝေးက အတည်ပြုလိုက်ပါတယ်။
2015-02-09
ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် မွေးနေ့ အခမ်းအနားကို ပြည်ထောင်စုလွှတ်တော် မှာ ဒီလ ၁၁ ရက်နေ့မှာ ကျင်းပမယ် လို့ ပြည်ထောင်စုလွှတ်တော် ဗိုလ်ချုပ် နှစ် ၁၀၀ ပြည့် အခမ်း အနားကျင်းပရေး ဗဟိုကော်မတီဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအေးမြင့် က ကြေညာလိုက်ပါတယ်။
2015-02-09
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူတွေကို မဲပေးခွင့်ပြု လိုက်တဲ့အတွက် ဆန္ဒပြဖို့စီစဉ်နေတာတွေ ဟာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေကို ပြောင်းလဲလို့ ရနိုင်မှာမဟုတ်ဘူးလို့ နိုင်ငံရေးပါတီ ၁၀ ပါတီ က ခေါင်းဆောင်တွေက ပြောကြားလိုက်ပါတယ်။
2015-02-09
ရန်ကုန်မြို့ကို ဆန္ဒပြချီတက်လာတဲ့ အမျိုးသားပညာရေးဥပဒေ သပိတ်မှောက်ကျောင်းသားတွေကို ထောက်ခံကြောင်း လက်မှတ်တွေကို မန္တလေး ဧရာဝတီ၊ ပဲခူးနဲ့ ရန်ကုန်စတဲ့ တိုင်းဒေသကြီးတချို့မှာ ကျောင်းသားအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ကောက်ခံနေကြပါတယ်။
2015-02-09
အစိုးရနဲ့ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် ဆွေးနွေးနေ တဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER အဖွဲ့ဝင်၊ အန်အယ်လ်ဒီရဲ့ အရန်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာသိန်းလွင်ကို တာဝန်ကနေ ရပ်ဆိုင်းကြောင်း အန်အယ်လ်ဒီပါတီက ဒီနေ့ ကြေညာလိုက်ပါတယ်။
2015-02-09
ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အကြို ကဗျာအော်ပရာပွဲကို မန္တလေးမြို့ အမျိုးသားကဇာတ်ရုံမှာ ဒီနေ့ညကျင်းပဖို့ စီစဉ်ထားတာကို တိုင်းဒေသကြီးအစိုးရက ဇာတ်ရုံကို အသုံးပြုခွင့်ကို ငြင်းပယ်လိုက်ပါတယ်။