သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-11-26
ပြည်ထောင်စုလွှတ်တော်က ပြဌာန်းထား ပြီးဖြစ်တဲ့ ဥပဒေတွေအတွက် အစိုးရဘက် က နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်၊ စည်းမျဉ်းစဉ်းကမ်းတွေ ကို ထုတ်ပြန်နိုင်ခြင်းမရှိတာဟာ ပြည်သူတွေက လွှတ်တော် နဲ့ အစိုးရအဖွဲ့အပေါ် ယုံကြည်မှုကျဆင်းသွားနိုင်တယ် လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်က အရေးကြီးအဆိုတင်သွင်းခဲ့ပါတယ်။
2014-11-26
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး အပြီး နိုင်ငံရေးဆွေးနွေးပွဲတွေကနေ ပေါ်ထွက်လာမယ့် နိုင်ငံရေး သဘောတူညီချက်တွေကို ထင်ဟပ်တဲ့ ဖွဲ့စည်းပုံပြင် ဆင်ရေးဖြစ်ဖို့ လိုအပ်တယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ဒီကနေ့ ပြောလိုက်ပါတယ်။
2014-11-26
တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ ကို ရွေးကောက်တင်မြှောက်တဲ့အခါ PR ခေါ် အချိုးကျ ကိုယ်စားပြုစနစ်ကိုကျင့်သုံးဖို့ အမျိုးသားလွှတ်တော်က အတည်ပြုခဲ့တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက် ညီကြောင်း လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် ပြောပါတယ်။
2014-11-26
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၇၀ နဲ့ မနက်ဖြန် နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ တွေ့ဆုံမယ်လို့ သိရပါတယ်။
2014-11-25
ပြီးခဲ့တဲ့ အာဆီယံ ဆွေးနွေးပွဲ အတွင်း တောင်တရုတ် ပင်လယ်ပြင်ရေပိုင် နက်အငြင်းပွားမှု ပြဿနာနဲ့ ပတ်သက်ပြီး၊ ဒေသတွင်း တင်းမာမှုတွေ လျော့ပါးသွားအောင် မြန်မာနိုင်ငံက အလှည့်ကျအာဆီယံ ဥက္ကဌအနေနဲ့ အဓိကအခန်းက ပါဝင်ဆောင်ရွက်နိုင်ခဲ့တယ်လို့ ပြန်ကြားရေးဌာနဝန်ကြီး ဦးရဲထွဋ်က ပြောဆိုကြောင်း Channel News Asia သတင်းက ဖေါ်ပြပါတယ်။
2014-11-25
မြန်မာနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးရေး ၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ တခြား ကိစ္စတွေအတွက် တစ်နှစ်ကို ယူရိုငွေ ၂၅၇ သန်းနဲ့ သုံးနှစ် အကူအညီပေးမယ်လို့ အီးယူ ဥရောပသမဂ္ဂက မနေ့ က ကြေညာခဲ့ပါတယ်။
2014-11-25
အစိုးရနဲ့လွှတ်တော်ကပြဌာန်းလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကို မုံရွာခရိုင် ကျောင်းသားတွေကလည်း လက်မခံတဲ့အတွက် မုံရွာမြို့ပေါ်မှာ မနေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
2014-11-25
နိုင်ငံတော်သမ္မတ ဂုဏ်သိက္ခာကို ထိ ခိုက်စေမှုနဲ့ တရားစွဲခံထားရတဲ့ မြန်မာ သံတော်ဆင့် သတင်းဂျာနယ်က ထုတ်ဝေ သူနဲ့ အယ်ဒီ တာချုပ်အပါအဝင် ၁၁ ဦးဟာ ပုဗ္ဗသီရိမြို့နယ် တရားရုံးမှာ တစ်ဦးကို အာမခံကြေး ကျပ် ၁ဝ သိန်းစီနဲ့ စုစုပေါင်း ငွေကျပ် သိန်း ၁၁ဝ တင်သွင်းခဲ့ပြီး ဒီနေ့ အာမခံ ရရှိခဲ့ပါတယ်။
2014-11-25
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီရဲ့ အစီရင်ခံစာနဲ့ လွှတ်တော် ကိုယ်စားလှယ် ၁၄၀ ဦး ရဲ့ ဆွေးနွေးချက်တွေအပေါ် အခြေခံပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်တဲ့မူကြမ်းကို လာမယ့် လွှတ်တော် အစည်းအဝေးတွေမှာ တင်သွင်းဆွေးနွေး မှာဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2014-11-25
အစိုးရစစ်တပ်နဲ့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေ ပဋိပက္ခဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ တပ်မတော်က ဒေသခံအမျိုး သမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်နေဆဲဖြစ်တယ်လို့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ဒီနေ့ ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန် ရက်ရုံးခန်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြော ပါတယ်။
2014-11-25
ပြည်ထောင်စုလွှတ်တော်က ၆ ပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးအဖြေရှာဖို့ ဒီကနေ့ ဆုံးဖြတ် လိုက်တာကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက ထောက်ခံကြောင်း ကြေညာချက်တစ်ရပ် ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
2014-11-25
ဖွဲ့စည်းပုံအခြေခံဥပဒေကို ခေတ်စနစ်နဲ့ အညီ ပြင်ဆင် သွားနိုင်ဖို့အတွက် ၆ ပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးဖို့ အရေးကြီးအဆိုကို ပြည်ထောင်စု လွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2014-11-25
ထိုင်းနိုင်ငံ ခိုတောင်းကျွန်းလူသတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမား ၂ ဦးအတွက် အာမခံကြေး ထိုင်းဘတ်ငွေ နှစ် သန်းကို မြန်မာသံရုံးက စိုက်ထုတ်ပြီး အာမခံတင်မယ်လို့ သိရပါတယ်။
2014-11-25
တရုတ်ပြည်မြောက်ပိုင်း မွန်ဂိုလီးယား အတွင်းပိုင်းဒေသမှာ မြန်မာအမျိုးသမီးတွေ ကို ဇနီးမယားအဖြစ် ရောင်းချ ဖို့ ခေါ်ဆောင်ထိန်းသိမ်းထားတဲ့ ၃၁ ဦးပါ လူမှောင်ခိုအဖွဲ့ကို တရုတ်အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။
2014-11-25
ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့က ဗိုလ်လောင်းသင်တန်းကျောင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က တပ်မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ဖြစ်ရပ်အတွက် ဝမ်းနည်းကြောင်း ဆုတောင်းပွဲတစ်ရပ်ကို တိုင်းရင်းသား လူငယ်တွေစုပေါင်းပြီး ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့က လွတ်လပ်ရေး ကျောက်တိုင်မှာ မနေ့က ကျင်းပခဲ့ပါတယ်။