သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-06
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခမှာ သေဆုံးခဲ့တဲ့ မိုးကြိုးပြင် အလယ်ရွာက တောင်သူ ဒေါ်ခင်ဝင်းအတွက် စစ်ကိုင်း တိုင်းဒေသကြီးအစိုးရ စုံစမ်းစစ်ဆေးရေးအဖွဲ့ က လျော်ကြေးငွေပေးမယ်ဆိုပြီး ဒေါ်ခင်ဝင်းရဲ့ သမီးဖြစ်သူ မဝင်းခိုင်ကို မနေ့က ခေါ်ယူအသိပေးခဲ့တယ်လို့ သိရပါတယ်။
2015-01-06
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော် မတီအဆင့်ဆင့်မှာ တာဝန်ထမ်းဆောင် ဖို့ ရွေးချယ်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ် ၁၁၅ ဦး က ကော်မတီဝင်တွေအဖြစ် တာဝန်ထမ်းဆောင်ဖို့အတွက် ဒီနေ့ ရန်ကုန်မြို့ မြို့တော်ခန်းမမှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ ကြပါတယ်။
2015-01-06
ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ဝင်ပေါက်ကို ၁၂ ရက်ကြာ ပိတ်ဆို့ဆန္ဒပြခဲ့တဲ့အတွက် ပုဒ်မ ၃ ခုနဲ့ တရားစွဲခံထားရတဲ့ မိကျောင်းကန်သပိတ်စခန်း က ဆန္ဒပြသူ ၁၄ ဦးကို ကျောက်တံတားမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ရာ တရားလို ၂ ဦးကို စစ်ဆေးခဲ့ပါတယ်။
2015-01-05
ထိုင်းနိုင်ငံကဘက်က တရားမဝင် မှောင် ခိုသွင်းလာတဲ့ ကြက်ဥ၊ ဘဲဥတွေကြောင့် ကြက်ငှက်တုတ်ကွေးရောဂါ ကူးစက် ပျံ့ပွားလာမယ့်အန္တရာယ်နဲ့ ဒေသတွင်း ကြက်ဥဈေး ကွက်ပြိုလဲသွားမယ့်အရေး မြန်မာ ကြက်မွေးမြူရေး သမားတွေ စိုးရိမ်နေကြကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်း ကဖေါ်ပြပါတယ်။
2015-01-05
ပြင်ပအဖွဲ့အစည်းတွေက ကူညီထောက်ပံ့ လှုံ့ဆော်တဲ့အတွက် လူနည်းစုတချို့ဟာ စနစ်တကျ အကောင်အထည်ဖော်ဆောင် ရွက်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းစဉ်တွေကို ဟန့်တားနှောင့်ယှက်နေပြီး၊ အလုံးစုံပျက်သုဉ်းရေးကို ဦးတည်သွားအောင် ပြဿနာ တစ်ခုမဟုတ် တစ်ခု ဖန်တီးနေကြတယ်လို့ လက်ပံ တောင်းတောင် ကြေးနီစီမံ ကိန်း စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ အကောင် အထည်ဖော်ဆောင်ရွက်မယ့် ကော်မတီက သတင်းထုတ်ပြန် လိုက်ပါတယ်။
2015-01-05
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့် အရေးအထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေကို ကြည့်ရှုလေ့လာ ဖို့လာမယ့် ဇန်နဝါရီ ၇ ရက်နေ့မှာ မြန် မာနိုင်ငံကို ဒုတိယအကြိမ် ရောက်ရှိမှာ ဖြစ်ကြောင်း ကုလ သမဂ္ဂက သတင်း ထုတ်ပြန်ပါတယ်။
2015-01-05
မန္တလေးတိုင်း မြင်းခြံခရိုင်မှာ စက်မှုစီမံ ကိန်းအတွက် သိမ်းဆည်းထားတဲ့ လယ်မြေဧက တစ်သောင်းကျော်အတွက် ထိုက်တန်တဲ့ လျော်ကြေးပေးဖို့နဲ့ ဖမ်းဆီးထားတဲ့တောင်သူ ၁ဝ ဦးကို လွတ်ပေးဖို့ ဒေသခံတောင်သူတွေနဲ့ လယ်သမား အရေးကူညီနေသူတွေ တောင်သူ တစ်ထောင်လောက်က ငါန်းဇွန်မြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2015-01-05
လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင် စုနေ့မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးနိုင် ဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေကို ဒီနေ့ တိုက်တွန်း လိုက်ပါတယ်။
2015-01-05
၆၇ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲတော်ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်က မနောကွင်းမှာ ဒီနေ့ စတင်ဖွင့်လှစ်လိုက်ပါတယ်။
2015-01-05
ကချင်ပြည်နယ်က တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ဝင် ၁၈၀ ကျော်လောက် လိုက်ပါလာတဲ့ ရွှေစင်စြင်္ကာဘတ်စ်ကား ဟာ ဒီနေ့ မနက်က နေပြည်တော်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၃၃ အနီးမှာ လမ်းပြင်နေတဲ့ ကရိန်းနဲ့ တိုက်မိပြီး တိမ်းမှောက်ခဲ့ရာမှာ ယာဉ်မောင်းတစ်ဦးသေ ဆုံးပြီး ယဉ်ကျေးမှုအဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2015-01-05
၆၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ ရိုဟင်ဂျာလူနည်းစု မွတ်စ လင်တွေကို နိုင်ငံသားအဖြစ် သတ်မှတ်ပေး ဖို့၊ တန်းတူအခွင့်အရေးတွေပေးဖို့ မြန်မာအစိုးရကို တိုက် တွန်းတဲ့ ဆုံးဖြတ်ချက်တွေကို ရခိုင်အမျိုးသားပါတီ ANP က ကန့်ကွက်ကြောင်း မနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
2015-01-04
ရိုမင်ကက်သလစ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကာဒီနယ် ခေါ် ခရစ်ယာန် ဘုန်းတော်ကြီးသစ် ၂ဝ ရဲ့ အမည်စာရင်းကို တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံက ခရစ်ယာန်ဘုန်းတော်ကြီး တစ်ဦး ပထမဆုံးအကြိမ် ပါဝင်ခဲ့ပါတယ်။
2015-01-04
မိမိတို့အစိုးရသက်တမ်း နောက်ဆုံးနှစ် မှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့နဲ့ ၂ဝ၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှ တတဲ့ရွေးကောက်ပွဲအဖြစ် ကျင်းပနိုင်ဖို့ဟာ အစိုးရအတွက် အဓိကစိန်ခေါ်မှုတွေဖြစ်တယ် လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ ပြောပါတယ်။
2015-01-04
ပြည်သူတွေအနေနဲ့ လွတ်လပ်ရေး ရေရှည် တည်တံ့ဖို့အတွက် တန်ဖိုးထားထိန်းသိမ်း ကြဖို့ လိုအပ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ကျရောက်တဲ့ ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ တိုက် တွန်းလိုက်ပါတယ်။
2015-01-04
အကျဉ်းထောင်တွေထဲမှာရှိနေတဲ့ နိုင်ငံရေး အကျဉ်းသား ၁၆၄ ကို အမြန်ဆုံးလွှတ်ပေး ဖို့နဲ့ တရားရင်ဆိုင်နေရတဲ့ နိုင်ငံရေးတက် ကြွလှုပ်ရှားသူ ၂ဝ၃ ဦးရဲ့အမှုကို ရုပ်သိမ်းပေးဖို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့တို့က တောင်းဆိုလိုက်ပါတယ်။