သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-12-27
လာမယ့် ၂၀၁၇ ခုနှစ်ကစပြီး ကိုယ် ဝန်ဆောင်မိခင်တွေကို ကိုယ်ဝန်ဆောင်ချိန် ကနေ ကလေး နှစ်နှစ်အရွယ်အထိ တစ်လကို ငွေကျပ် တစ်သောင်းခွဲ ထောက်ပံ့ပေးဖို့ လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက စီစဉ်နေပါတယ်။
2016-12-27
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် က ဟိုတယ်ဝန်ထမ်း ၃၀၀ နီးပါးဟာ အနည်းဆုံးလုပ်ခ လစာအပြည့်အဝရရှိဖို့နဲ့ ဧည့်သည်တွေ ဆီကရရှိတဲ့ ဝန်ဆောင်ခတွေကို ဝန်ထမ်းတွေကို ပြန် လည်ပေးချေဖို့ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-12-27
၂၁၀၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် မွန်ပြည်နယ်အစိုးရအဖဲ့ွ ထပ်မံတောင်း ခံတဲ့ ဖြည့်စွက်ဘတ်ဂျက်ငွေ ကျပ်သန်း ၄ထောင်ကျော်ထဲမှာ မြို့နယ်အလိုက် အသုံးစရိတ်ခွဲဝေမှု မညီမျှတာတွေ ရှိနေ တယ်ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်တွေက ဒီနေ့ ပြည် နယ်လွှတ်တော်မှာ ဝေဖန်ဆွေးနွေးခဲ့ကြပါတယ်။
2016-12-27
ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျ ရပ်ကွက်မှာ သိမ်းယူခံထားရတဲ့ လယ်မြေ ဧက တစ်ရာကျော်ကို ပြန်လည်ရရှိဖို့ ဒေသခံတောင်သူ တစ်ရာကျော်က ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-12-27
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)နဲ့ အမှုရင်ဆိုင်နေရပြီး လက်ရှိအင်းစိန်ထောင် မှာ ဖမ်းဆီးခံထားရတဲ့ Eleven မီဒီယာဂရု CEO ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုး တို့ဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အစိုးရအဖွဲ့ ကို ပြန်လည်တောင်းပန်လိုက်ပါတယ်။
2016-12-27
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ နယ် ညောင်မောင်းကျေးရွာမှာ အစိုးရ တပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ကြား မနေ့က ဖြစ်ပွားခဲ့တဲ့တိုက် ပွဲကြောင့် ဒေသခံ ၃ ဦးသေဆုံးပြီး ၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
2016-12-26
လက်ရှိ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ် အတွက် ဖြည့်စွက်ရန်ပုံငွေ ကျပ်သန်းပေါင်း တစ်သိန်းခြောက် သောင်းကျော်ချထားပေးဖို့ ဒီနေ့ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ အစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက လွှတ်တော် ထံ တင်သွင်းခဲ့ပါတယ်။
2016-12-26
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုခံထားရတဲ့ NLD ပါတီ ဗဟို သုတေသနလမ်းညွန်အဖွဲ့ အတွင်းရေးမှူး ကိုမျိုးရန်နောင်သိမ်းရဲ့ အာမခံလျှောက်ထားမှုကို ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက ဒီနေ့ ပယ်ချလိုက်ပါတယ်။
2016-12-26
ရန်ကုန်မြို့က လိုင်းကားတွေပေါ်မှာ ခရီးသည်တွေကို ရိုင်းရိုင်းစိုင်းစိုင်းပြော တာတွေနဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို ပြန်လည်တုန့်ပြန်မယ့်သူတွေ အနေနဲ့ မထသ (ဗဟို) နဲ့ ပူးပေါင်းပြီး ဥပဒေနဲ့အညီဖြေရှင်း ဖို့ ပြောလိုက်ပါတယ်။
2016-12-26
နေအိမ်ပိုင်ဆိုင်မှုမရှိတဲ့ အငြိမ်းစား ဝန်ထမ်းတွေကို ဦးစားပေးရောင်းချမယ့် တန်ဖိုးနည်းအိမ်ရာတွေကို နေပြည်တော်မှာ လာမယ့် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်မှာ စတင်ဆောက်လုပ်မယ်လို့ ဆောက် လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2016-12-26
နိုင်ငံတော်အစိုးရက ရွေးချယ်ခန့်အပ်ရတဲ့ ဝန်ထမ်းတွေနေရာမှာ ဘွဲ့ရထားတဲ့ မသန် စွမ်းတွေကိုလည်း သင့်တော်တဲ့နေရာတွေမှာ ထည့်သွင်းခန့်အပ်ပေးဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အဆိုကို ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ လက်ခံဆွေးနွေးဖို့ ဒီနေ့ ဆုံးဖြတ် လိုက်ပါတယ်။
2016-12-25
မြန်မာနိုင်ငံအတွင်း လုံခြုံရေးအရ ကန့်သတ်ထားတဲ့ဒေသတွေကို ကမ္ဘာလှည့်ခရီးသည်တွေ သွားရောက်ဖို့ ခွင့်ပြုမိန့်တင်ပြ တာတွေ လက်ခံတော့မှာ မဟုတ်ကြောင်း ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ထား ပါတယ်။
2016-12-25
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးန် ဝန်ကြီးဌာနက တစ်ဦးချင်းကားတင်သွင်း ခွင့် လက်ခံထားတဲ့ လျှောက်ထားသူ ၁ ထောင်ကျော်ထဲမှာ မမှန်မကန်လျှောက်ထားသူတွေများနေတဲ့အတွက် အဲဒီ တစ်ထောင်ကျော်ကို ကားတင်သွင်းခွင့် ထုတ်ပေးတော့မှာ မဟုတ်ကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင် က ပြောပါတယ်။
2016-12-25
ဈေးကွက်အတွင်းရောင်းချနေတဲ့ ငရုတ်သီး မှုန့်တံဆိပ် ၅၆ ခုနဲ့ မဆလာတံဆိပ် ၁ ခုတို့ ဟာ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA ထောက်ခံချက် ရရှိထားခြင်းမရှိဘဲ ရောင်းချနေ တာဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2016-12-25
ပြီးခဲ့တဲ့ စက်ဘာလနဲ့ အောက်တိုဘာလ အတွင်း တိုက်ပွဲတွေကြောင့် ကရင်ပြည် နယ် မြိုင်ကြီးငူဒေသမှာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ၅ ထောင်ကျော် အတွက် စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ မြိုင်ကြီးငူ စစ်ဘေးဒုက္ခသည်စခန်းရဲ့တာဝန်မှူး ဦးစောဦး က ပြော ပါတယ်။