သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-02-16
စစ်ကောင်စီက လက်နက်ကိုင်ဆောင်ခွင့် မူကို ထုတ်ပြန်လိုက်တဲ့အတွက် ပြည်သူကို ပိုပြီး အကာအကွယ်ပေးနိုင်မယ့် နည်းလမ်းတွေကို စဉ်းစားရတော့မယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောလိုက်ပါတယ်။
2023-02-16
အမျိုးသမီးနဲ့ ကလေးငယ်တွေပါ လိုက်ပါလာတဲ့ အဲဒီစက်လှေဟာ ပင်လယ်ပြင်ထဲမှာ ၁၅ ရက်လောက် မျောနေပြီးနောက် ကမ်းတင်လာတာလို့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဆိုပါတယ်။
2023-02-16
မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီအဖြစ် ဒေါ်လာ သန်း ၅၀ ထောက်ပံ့မယ်လို့ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။
2023-02-16
ရွှေပြည်သာစက်မှုဇုန်က အထည်ချုပ်စက်ရုံလုပ်ငန်းရှင်နှစ်ဦးကို အလုပ်ထုတ်ခံထားရတဲ့အလုပ်သမားနှစ်ဦးက ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ တရားစွဲထားတယ်လို့ အလုပ်သမားအရေးကူညီပေးနေသူတွေက ပြောပါတယ်။
2023-02-16
အရာတော်မြို့ အခြေခံပညာအထက်တန်းကျောင်းကနေ စာမေးပွဲဖြေပြီးအပြန် မြို့ အထွက်မှာ မိုင်းဆွဲခံခဲ့ရတာပါ။
2023-02-16
ကသာမြို့နယ် အင်းကြီးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် သေနတ်နဲ့ ပစ်သတ်ခံထားရတဲ့ ရုပ်လောင်း ခုနစ်လောင်းကို တွေ့ရှိခဲ့ပါတယ်။
2023-02-16
ရေတာရှည်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ရွာသုံးရွာက ဒေသခံ ငါးထောင်နီးပါး ထွက်ပြေးနေရပါတယ်။
2023-02-16
ဖားကန့်မြို့ မှော်စီစာရွာက အရပ်သား ၂၀ ဝန်းကျင်လောက်ကို စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းဆီးသွားပါတယ်။
2023-02-16
ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ရွာကိုးရွာက ဒေသခံ တစ်သောင်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
2023-02-16
ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်ပြီး သုံးရက်အတွင်း ရွာခြောက်ရွာက နေအိမ် ၅၀၀ ကျော် မီးရှို့ခံခဲ့ရပါတယ်။
2023-02-15
အာဏာသိမ်းစစ်ကောင်စီအပေါ် အမေရိကန်အစိုးရက ဖိအားတွေ ပိုတိုးပေးမယ်လို့လည်း အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်းက ပြောလိုက်ပါတယ်။
2023-02-15
ဖေဖော်ဝါရီ ၁၅ ရက်နေ့ ဒီနေ့မှာ ပေါင်မြို့နယ် ရင်ငြိမ်း ကျေးရွာက ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပါတယ်။
2023-02-15
ကျောက်တော်မြို့နယ်က စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း ခလရ(၃၇၄) အနီးမှာ မြေမြှုပ်မိုင်းပေါက်ကွဲပြီး ဒေသခံတစ်ဦး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့ပါတယ်။
2023-02-15
ထောင်ဒဏ်ကျခံဖို့ အမိန့်ချခံထားရတဲ့ အဂတိလိုက်စားမှု နှစ်ခုနဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံတင်သွင်းမှုကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပယ်ချခဲ့ပါတယ်။
2023-02-15
ဘုရားကျောင်းတွေမှာ တနင်္ဂနွေနေ့ ဝတ်ပြုမယ့်အစီအစဉ်ကို တနင်္လာနေ့တိုင်းမှာ အုပ်ချုပ်ရေးရုံးကို ခွင့်ပြုချက်တင်ရမယ်လို့ အမိန့်ထုတ်ပြန်ခဲ့တာပါ။