သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-11-08
အာဆီယံ ထိပ်သီးညီလာခံကို ၂၀၁၄ ခု ကျရင် မြန်မာနိုင်ငံမှာ အလှည့်ကျ ကျင်းပဖို့ အာဆီယံ ခေါင်းဆောင် အများစုက ထောက်ခံမဲ့ သဘော ရှိတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ဒီကနေ့ ပြောဆိုလိုက် ပါတယ်။
2011-11-07
မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးက နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့ ကနေဒါ ပြည်သူ့ဝန်ထမ်း အလုပ်သမား သမဂ္ဂအဖွဲ့ ကိုယ်စားလှယ် ၄၀၀ ကျော်က နိုဝင်ဘာ ၇ ရက် မနေ့က တောင်းဆိုလိုက်ကြပါတယ်။
2011-11-07
၂၀၀၇ ခု ရွှေဝါရောင် သံဃာ့ အရေးအခင်း အတွင်း သပိတ်မှောက် ကံဆောင်ခဲ့တဲ့ အတွက် ထောင်ချခံရပြီး မကြာခင်ကမှ လွတ်မြောက်လာတဲ့ သံဃာတော်တွေကို သိက္ခာထပ်ပွဲ တစ်ခု နိုဝင်ဘာ ၁၂ ရက်မှာ ကျင်းပမယ်လို့ သိရပါတယ်။
2011-11-07
တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို မလေးရှား အစိုးရက လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်ပြီးတဲ့နောက် မြန်မာသံရုံးမှာ နိုင်ငံကူး လက်မှတ် ပတ်စပို့ လျှောက်တဲ့အခါ မြန်မာအလုပ်သမားတွေ အခက်တွေ့နေရကြောင်း သိရပါတယ်။
2011-11-07
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ရဲ့ အသနားခံစာနဲ့ ပတ်သက်လို့ တချို့ကို လက်ခံလိုက်ပြီး မြန်မာ အသင်းကို ခြေစစ်ပွဲတွေမှာ ပြန်လည် ယှဉ်ပြိုင်ခွင့် ပြုလိုက်ကြောင်း FIFA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
2011-11-07
မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်နေပြီလို့ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့လော နိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ အီးယူ သံအမတ် David Lipman က ပြောပါတယ်။
2011-11-07
အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကို နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ချွင်းချက်မရှိ လွှတ်ပေးတာနဲ့ စတင်ဖို့ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း AAPP က အစိုးရကို ဒီကနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက် ပါတယ်။
2011-11-07
အီးယူ ဥရောပ သမဂ္ဂနဲ့ ပူးတွဲပြီး မြန်မာ့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက ဒီကနေ့ ဦးစီး ကျင်းပတဲ့ ဘဏ္ဍာရေး ဆိုင်ရာ ဖွံဖြိုးတိုးတက်မှု အလုပ်ရုံ ဆွေးနွေးပွဲကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အထူး ဧည့်သည်တော် အဖြစ် တက်ရောက်ခဲ့ပါတယ်။
2011-11-07
စစ်ရာဇဝတ်မှု နဲ့ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ မြန်မာစစ်အစိုးရရဲ့ ရာဇဝတ်မှုတွေ အတွက် ကုလသမဂ္ဂက စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းဆောင်ရွက်ပေးဖို့ အမျိုးသမီးများအဖွဲ့ချုပ် ( မြန်မာနိုင်ငံ ) WLB က တောင်းဆိုလိုက်ပါတယ်။
2011-11-07
ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်မယ်ဆိုရင် ကြိုဆိုရမှာ ဖြစ်တယ်လို့ ၂၀၁၀ ရွေးကောက်ပွဲမှာ အင်အား ဒုတိယ အကြီးဆုံး ပါဝင် ယှဉ်ပြိုင်ခဲ့တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2011-11-06
မြန်မာနိုင်ငံမှာ လူကြိုက်များတဲ့ ကားအမျိုးအစားတွေ ဂျပန်နိုင်ငံက လေလံဈေးကွက်မှာ ဈေး အဆမတန် ထိုးတက်နေတယ်လို့ ကားဈေးကွက် တင်သွင်းရောင်းချသူတွေက ပြောပါတယ်။
2011-11-06
ဖားအံအကျဉ်းထောင်မှာ ထောင်ဒဏ် ၁၁ နှစ် ကျခံနေရဆဲ ဖြစ်တဲ့ ဘလော့ဂါ ကိုနေဘုန်းလတ်က လောလောဆယ် သူ မလွတ်မြောက်သေးပေမယ့် တခြား ထင်ရှားတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေ အရင် လွတ်မြောက်ဖို့ လိုလားကြောင်း ပြောဆိုလိုက်ပါတယ်။
2011-11-06
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပါတီသစ် တရပ်ကသာ ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်မယ်ဆိုရင် အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီ အနေနဲ့ မဟာမိတ်ပါတီအဖြစ် ပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိကြောင်း NDF ပါတီ ခေါင်းဆောင်တဦး ဖြစ်သူ ဦးခင်မောင်ဆွေက RFA ကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2011-11-06
အကျဉ်းထောင်လက်စွဲ ဥပဒေပါ အကျဉ်းသားခံစားခွင့်တွေ ရရှိဖို့အတွက် အစာငတ်ခံ ဆန္ဒပြတောင်းဆိုနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် အစားအသောက် ပါဆယ်ထုတ်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက ပြန်လည် ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။
2011-11-05
မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံအစိုးရ ပူးတွဲ အကောင်အထည် ဖော်နေတဲ့ ကုလားတန်မြစ် စီမံကိန်းအတွက် ကန်ထရိုက်ရရှိထားတဲ့ Essar ကုမ္ပဏီ က စစ်တွေမြို့ဆိပ်ကမ်း တည်ဆောက်နေရာမှာ မြို့ ကျက်သရေဆောင် စစ်တွေပွိုင့်ကမ်းခြေမှာ သဲတွေ တိုက်ယူနေတယ်လို့ သိရပါတယ်။