၂ဝ၁၈ ကမ္ဘာ့ဖလားဘောလုံး ခြေစစ်ပွဲတွေမှာ မြန်မာအသင်း ပါဝင် ယှဉ်ပြိုင် ခွင့်ပြု
2011.11.07

AFP
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်အပေါ် ချမှတ်ထားတဲ့ ဒဏ်ငွေကိုတော့ ပေးဆောင်ရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်က ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းမှာ ပြုလုပ်တဲ့ မြန်မာနဲ့ အိုမန် ခြေစစ်ပွဲမှာ မြန်မာအသင်း ရှုံးနိမ့်နေတာကို မကျေနပ်တဲ့ ပရိသတ်က ကွင်းထဲကို ဖိနပ်တွေ ခဲတွေ ရေပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့ကြတဲ့ အတွက် ပွဲပျက်သွားခဲ့ရ ပါတယ်။
အဲဒီနောက် စည်းကမ်းမဲ့ အားပေးမှုနဲ့ ၂ဝ၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ မြန်မာအသင်း ပါဝင် ယှဉ်ပြိုင်ခွင့် ပိတ်ပင်လိုက်ပြီး ဒဏ်ငွေ အဖြစ် ဆွစ်စ်ဖရန့် ၂ သောင်းခွဲ ပေးဆောင်ဖို့လည်း FIFA က ချမှတ်ခဲ့ ပါတယ်။