သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-01-18
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို အရင်ထိန်းသိမ်းထားတဲ့ နေပြည်တော်ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့ကစပြီး တောင်ငူအကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ တောင်ငူအကျဉ်းထောင်နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
2023-01-17
စစ်ကြောင်းထိုးပြီး ပြန်လှည့်လာတဲ့ ခလရ ၂၇၄ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မဟာသီတို့ ညီအစ်မ ထွက်ပြေးတာကို မြင်တာကြောင့် သေနတ်နဲ့လှမ်းပစ်ခဲ့တာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
2023-01-17
ပဲခူးတိုင်း ထန်းတပင်မြို့နယ်၊ ရွာသာယာရွာမှာ ဇန်နဝါရီလ ၁၇ ရက် မနက် ၁၁ နာရီဝန်းကျင်က စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးနိုင်၊ အုပ်ချုပ်ရေးမှူးဟောင်း ဦးခင်မောင်ဝင်းတို့ သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးခဲ့သလို နောက်ထပ် ရှစ်လသားအရွယ် ကလေးငယ်တစ်ဦးလည်း ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-17
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်၊ ကောင်းဆောင်ရွာ စစ်ဘေးဒုက္ခသည်စခန်းနဲ့ ကယားပြည်နယ်၊ လွိုင်လင်လေးမြို့မှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ဘေးဒုက္ခသည်အမျိုးသမီးတစ်ဦး သေဆုံးခဲ့တဲ့အပြင် ငါးဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
2023-01-17
အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ စစ်ကောင်စီတပ်ကို လေကြောင်းတိုက်ခိုက်မှုအတွက် လေပိုင်နက်အသုံးပြုခွင့်မပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၇ ရက်မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။
2023-01-17
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြောင့် ထန်တလန်မြို့နယ်က ကြားကာလပညာရေး ကျောင်းပေါင်း ၉၅ ကျောင်းကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်လို့ ထန်တလန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပညာရေးဌာနက ဇန်နဝါရီလ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
2023-01-17
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ လူဦးရေစာရင်းကောက်နေချိန် ဖမ်းမိတဲ့ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်း လေးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2023-01-16
တရုတ်အစိုးရပိုင် NORINCO ကုမ္ပဏီဟာ မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (ကပစ) ကို စစ်လက်နက် ကုန်ကြမ်းထောက်ပံ့တဲ့ အဓိကနေရာကနေ ပါနေတယ်လို့ (SAC-M)ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2023-01-16
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးနဲ့ ကွတ်ခိုင်မြို့တွေမှာ ဇန်နဝါရီလဆန်းပိုင်းကစပြီး CDM ဝန်ထမ်းတွေ ဆက်တိုက်အဖမ်းခံနေရတာကြောင့် အချို့ CDM ဝန်ထမ်းတွေ ပုန်းရှောင်နေရတယ် လို့ မိသားစုဝင်တွေက ပြောပါတယ်။
2023-01-16
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့မှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ်တွေ တိုက်ပွဲဆက်တိုက်ဖြစ်နေပြီး ဒေသခံ ငါးဦးကိုလည်း စစ်ကောင်စီတပ်သားတွေ ပစ်သတ်သွားတယ်လို့ KNLA နဲ့ ပူးပေါင်းတိုက်နေတဲ့ နဂါးနီစစ်ကြောင်း ပြောခွင့်ရသူက RFA ကို ပြောပါတယ်။
2023-01-16
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ကို ဇန်နဝါရီလ ၁၅ ရက်နေ့ကစပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ချင်းတွင်းမြစ်ကမ်းတစ်လျှောက်ရွာတွေက ဒေသခံတစ်ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-16
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ရွာသုံးရွာကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ဒေသခံ ခုနစ်ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ထွက်ပြေးနေရသူတွေက ပြောပါတယ်။
2023-01-16
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့မှာနေထိုင်တဲ့ အွန်လိုင်းဆယ်လီ အလင်းသခင် ဆိုသူကို အကြမ်းဖက်ဥပဒေပုဒ်မ-၅၀ (ည) နဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်နေ့မှာ မူဆယ်မြို့နယ်၊ ခရိုင်တရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-16
သထုံမြို့နယ်၊ ဓနုကတိုက် ကျေးရွာအုပ်စုမှာရှိတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုပ်ကွက်ထဲကို ဇန်နဝါရီလ ၁၃ ရက် နေ့လယ်ပိုင်းက လက်နက်ကိုင်လူတစ်ခု ဝင်ရောက် ပစ်ခဲ့တာကြောင့် အလုပ်သမားနှစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာရခဲ့သလို နှစ်ဦးကိုလည်း ဖမ်းသွားပါတယ်။
2023-01-16
အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး ဇန်နဝါရီလ ၁၂ ရက်နေ့က မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရပြီး ကျူးလွန်သူကိုလည်း ဖမ်းမမိသေးဘူးလို့ ရွှေဘိုမြို့ခံတွေက RFA ကို ပြောပါတယ်။