သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-01-16
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုများတယ်လို့ MNDAA တပ်ဖွဲ့က ဇန်နဝါရီလ ၁၅ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
2023-01-15
Cognyte ဟာ လုံခြုံရေးနည်းပညာ စတော့အိတ်ချိန်းတစ်ခုဖြစ်တဲ့ NASDAQ စာရင်းဝင်ပြီး အသုံးပြုသူတွေကို ကြားဖြတ်နားထောင် စောင့်ကြည့်နိုင်ဖို့ မိုဘိုင်းဖုန်းအော်ပရေတာဖြစ်တဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)ရဲ့တင်ဒါအောင်ခဲ့တာလို့ ပြောပါတယ်။
2023-01-15
ဆန်၊ ဆန်ကွဲ၊ ပဲနဲ့ ဖရဲသီးအပါအဝင် အဓိကကျတဲ့ ကုန်စည်တွေကို ခွင့်မပြုတဲ့အတွက် ကုန်သည်တွေက မနှစ်က မေမှာ ပြန်ဖွင့်ထားတဲ့ ကျင်စန်းကျော့ဂိတ်ကနေ တင်ပို့နေရတယ်လို့ ပြောပါတယ်။
2023-01-15
စစ်ကောင်စီကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို ပြတ်ပြတ်သားသားဆန့်ကျင်ဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီက ဆုံးဖြတ်ထားတယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဇန်နဝါရီလ ၁၅ ရက်မှာ RFA ကို ပြောပါတယ်။
2023-01-15
စစ်ကိုင်းတိုင်း၊ ကျွန်းလှနဲ့ ကန့်ဘလူမြို့နယ်တွေမှာ ဇန်နဝါရီလ ၁၄ ရက်က စစ်ကောင်စီတပ်က ကျေးရွာ ၁၄ ရွာကို စစ်ကြောင်းထိုးလို့ အရပ်သား ငါးထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-15
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငါးမြောင်ရွာမှာ ဇန်နဝါရီလ ၁၄ ရက် မနက်အစောပိုင်းက ကလေးငယ် သုံးဦး အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပါတီဝင် မိသားဝင် ရှစ်ဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ ကန့်ဘလူ ဒေသခံတွေက RFA ကို ပြောပါတယ်။
2023-01-15
(KNU) ထိန်းချုပ်နယ်မြေ မုန်းမြို့နယ်မှာ စစ်ကောင်စီတပ်က ရွာတွေကို လက်နက်ကြီးနဲ့ အကြိမ်ကြိမ်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၁,၆၁၆ ဦး နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ KNU ဗဟိုက ဇန်နဝါရီလ ၁၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
2023-01-14
မွန်ပြည်နယ်၊ ကျိုက်ထိုနဲ့ သထုံမြို့နယ်မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ယူတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦး အပါအဝင်လူလေးဦး သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-14
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က Grand Royal အရက်ချက်စက်ရုံ မီးလောင်မှုကို ၁၆ နာရီကြာအောင် မီးငြှိမ်းသတ်ခဲ့ရပြီး မီးသတ်နဲ့ ပရဟိတအဖွဲ့ဝင် ၂၀ နီးပါး ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ခဲ့သူတွေက ပြောပါတယ်။
2023-01-14
ချင်းပြည်နယ် ထန်တလန်မြို့နယ် လုံလဲရ်တိုက်နယ်ဆေးရုံကို စေလွှတ်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဆေးမှူးဗိုလ်ကြီး နှစ်ဦးသေဆုံးခဲ့တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီလ ၁၃ ရက်မှာ ပြောဆိုခဲ့ပါတယ်။
2023-01-13
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှာဒူဇွပ်ရွာက ဒေသခံသုံးဦးဟာ ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းက ရွှေမှော်သွားတဲ့လမ်းမှာ မိုင်းနင်းမိပြီး အမျိုးသမီးတစ်ဦး သေဆုံးပြီး၊ ကျန်နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-13
ကုလားတန်မြစ်ကြောင်းဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းမှာ အရေးပါတဲ့ စစ်တွေဆိပ်ကမ်းစီမံကိန်းဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်လောက်ကတည်းက ပြီးစီးနေတာဖြစ်ပြီး ကုန်သွယ်မှုကိုတော့ ဒီနေ့မှ စတင်ရတာလို့ ဆိုပါတယ်။
2023-01-13
သေဆုံးသူတွေဟာ အသက် ၄၀ အရွယ် ကိုမြတ်လင်းအောင်နဲ့ အသက် ၂၇ နှစ်အရွယ် ကိုရဲလင်းခက်တို့ဖြစ်ပြီး ပခုက္ကူ-ရေစကြိုကားလမ်း၊ မြို့သစ်နဲ့ စက်မှုဇုန်ကြားမှာ ပစ်ခတ်ခံရပြီး သေဆုံးသွားတာလို့ ဆိုပါတယ်။
2023-01-13
ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်ကို ဇန်နဝါရီလ ၁၀ ရက်နေ့က စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ချိန် ထိခိုက်သေဆုံးမှုတွေရှိခဲ့တဲ့အပေါ် ဝမ်းနည်းတဲ့အနေနဲ့ ချင်းပြည်နယ်၊ ဟားခါးမြို့က ဈေးဆိုင်တွေ ဇန်နဝါရီလ ၁၁ ရက်နေ့က ပိတ်ထားခဲ့ကြတာကြောင့် စစ်ကောင်စီက ဇန်နဝါရီ ၁၂ ရက်နေ့က ဈေးဆိုင် ၁၁ ဆိုင်ကို ချိပ်ပိတ်သိမ်းဆည်းလိုက်ပြီး ဆိုင်ပိုင်ရှင် ၁၁ ဦးကိုလည်း ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2023-01-12
စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ်နှစ်စင်း ခရစ်ယာန်ဘုရားကျောင်းပေါ်ကို ပစ်မှတ်ထားပြီး ဗုံးနှစ်လုံးစီကြဲချတာလို့ မျက်မြင်တွေ့ရှိတဲ့ ရွာသားတွေရဲ့ ပြောပြချက်ကို David Eubank က ပြန်ပြောဆိုပါတယ်။