သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-01-09
လက်နဲ့ရိုက်နှက်တာအပြင် နည်းပေါင်းစုံသုံးပြီး နှိပ်စက်ခဲ့တယ်လို့ တရားရုံးက ဆုံးဖြတ်ပြီး အသက် ၆၄ နှစ်အရွယ် ပရီမာ နရေနာစမီ ဆိုတဲ့ အမျိုးသမီးကို ပြစ်ဒဏ်စီရင်လိုက်တာပါ။
2023-01-09
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအတွက် ချမှတ်ထားတဲ့ အာဆီယံအသင်းနဲ့ ဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ဖို့ အင်ဒိုနီးရှားနဲ့ မလေးရှားနှစ်နိုင်ငံခေါင်းဆောင်တွေက ဒီနေ့တိုက်တွန်းလိုက်ပါတယ်။
2023-01-09
ဒုက္ခသည်တွေဘက်က ရိက္ခာမသယ်ပေးဘူးဆိုရင် ဒုက္ခသည်စခန်းတွေကို ထောက်ပံ့နေတဲ့ ဆန်တွေကို ဖြတ်တောက်မယ်လို့ ခလရ (၂၈၉) ဒုတပ်ရင်းမှူးအောင်မင်းသူက ခြိမ်းခြောက်နေတယ်လို့လည်း ပြောပါတယ်။
2023-01-09
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ ဇန်နဝါရီလ ၄ ရက်ကနေ ၇ ရက်အထိ ဒေသခံအရပ်သား ခြောက်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-09
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က မော်မောင်းလျန်နဲ့ ဗလခမှော်ကို ဇန်နဝါရီလ ၇ ရက် ညနေပိုင်းက စစ်ကောင်စီ တပ်သားအင်အား ၅၀ နီးပါး ဝင်ရောက်စီးနင်းပြီး ရေမဆေးကျောက် ရှာဖွေသူ ၂၀ ဦးကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-09
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဝကုန်းရွာကို ဇန်နဝါရီလ ၈ ရက်မနေ့က စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့လို့ နေအိမ် ၁၅ လုံးမီးလောင်ပျက်စီးခဲ့ပြီး အရပ်သား ၄၀၀ ဝန်းကျင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-09
စစ်အာဏာသိမ်းမှုနောက် အပြန်အလှန်သတ်ဖြတ်မှုတွေကြောင့် တနင်္သာရီတိုင်းမှာ ၂၀၂၂ ခုနှစ်နှစ်အတွင်း အရပ်သား၂၄၈ ဦးသေဆုံးခဲ့တယ်လို့ Southern Monitor ရဲ့ ဇန်နဝါရီလ ၉ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။
2023-01-08
မနှစ်က နိုဝင်ဘာကစလို့ အင်ဒိုနီးရှားကို ရိုဟင်ဂျာတွေကို တင်ဆောင်ပြီး ဆိုက်ကပ်လာတဲ့ ငါးစင်းမြောက်လှေ ဖြစ်တယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။
2023-01-08
မကွေးတိုင်း မင်းဘူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဝင်း၊ ဇနီးဖြစ်သူနဲ့ သားသမီး သုံးဦးကို ဇန်နဝါရီလ ၈ ရက် ဒီမနက် ၄ နာရီဝင်းကျင်မှာ သူတို့ တိမ်းရှောင်နေတဲ့ နေအိမ်ထိ စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
2023-01-08
ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်အတွင်း ဇန်နဝါရီလ ၅ ရက်က အဓိကရုဏ်းတစ်ခု ဖြစ်ပေါ်ကာ နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံးခဲ့ပြီး အကျဉ်းသား ၇၀ နီးပါး ဒဏ်ရာရရှိခဲ့တဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဝေဖန်ပါတယ်။
2023-01-08
မကွေးတိုင်း ပေါက်မြို့နယ် ပြည်တော်သာရွာကို စစ်ကောင်စီတပ်တွေ ဇန်နဝါရီ ၈ ရက် ဒီမနက်ပိုင်းမှာ မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ်ပြာကျသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-08
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်ရှစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-08
ရန်ကုန်တိုင်း သုံးခွမြို့နယ် ကတုံးပေါ်ကျေးရွာအနီး ကတုံးပေါ်နယ်မြေရဲစခန်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား ဇန်နဝါရီလ ၈ ရက် ဒီကနေ့မနက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-08
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်းရွာနဲ့ ဘုတ်ရွာကို ဇန်နဝါရီ ၇ ရက်မနေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့လို့ အရပ်သား တစ်ထောင်နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-08
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ဆားတွင်းရွာထဲကို ဇန်နဝါရီလ ၇ ရက် မနေ့ နေ့လယ်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သား တစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။