သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-04-24
တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောင်းလဲ လိုက်တဲ့ YBS စနစ်နဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ က ဝေဖန်ဆွေးနွေးခဲ့တဲ့ ဒီကနေ့ ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခြင်းမရှိဘဲ ခွင့်တိုင်ခဲ့ပါတယ်။
2017-04-24
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA မှာပါတဲ့အချက်တွေ ကို ပြင်ဆင်ဖ့ို လက်မခံကြောင်းနဲ့ လက် မှတ်မထိုးရသေးတဲ့ ကျန်တဲ့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ NCA မှာ ပါတဲ့အချက်တွေအတိုင်း လိုက်နာ ကြဖို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ပြောပါတယ်။
2017-04-24
သိန္နီရေပူအမြဲတမ်း စစ်ဆေးရေးစခန်း ကို ဖြတ်သန်းသွားရမယ့် တရားမဝင် ကုန်ပစ္စည်းတင်တဲ့ကားတွေကို စစ်ဆေးရေးဂိတ်ရဲ့ အခြေ အနေ သတင်းပေးနေတဲ့သူကို လိုက်လံဖမ်းဆီးပေမယ့် လွတ်မြောက်သွားတဲ့အတွက် အရေးယူဖို့ ဆက်လုပ်နေ တယ်လို့ အကောက်ခွန်ဦးစီးဌာနက ဒုတိယညွှန်မှူး ဦးတက်ထွန်းအောင် က ပြောပါတယ်။
2017-04-24
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်မှာ WY ပုံစံတူ 881 အမည်ရှိတဲ့ မူးယစ်ဆေးပြားတွေ လွယ်လင့်တကူ ဝယ်ယူနိုင်နေပြီး လူငယ်တွေသုံးစွဲမှုတွေ များလာတဲ့အတွက် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေမှုတွေကို ထိထိရောက်ရောက် တားဆီးပေးဖို့ ဒေသခံ ၅၀ ကျော် က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2017-04-24
တနင်္သာရီမြို့တိုင်းဒေသကြီး တနင်္သာရီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပဝရွာ သားကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့တာနဲ့ ပတ် သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပဝရွာသူရွာသားတွေရှေ့မှာ ဒီနေ့ ပြန်လည်တောင်း ပန်ခဲ့လို့ နှစ်ဖက်ကျေအေးခဲ့တယ်လို့ ပြောပါတယ်။
2017-04-24
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် က နိုင်ငံတော်ပိုင်ကော်ဖီစီမံကိန်း မြေနေရာမှာ မြေယာသိမ်းဆည်းခံတောင်သူတွေက ဝင်ရောက်ထွန်ယက်ခဲ့တဲ့ အတွက် တောင်သူခေါင်းဆောင် ၁၀ ဦးကို နောင်ချိုမြို့နယ် တရားရုံးက ဒီကနေ့ အလုပ်နဲ့ထောင်ဒဏ် ၁၆ လစီ ချမှတ် ခဲ့ပါတယ်။
2017-04-24
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ရက္ခိုင့် တပ်မတော်ဖလား ဘောလုံးပွဲကျင်းပမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြတန်ဆောင်း ဆရာတော် အရှင်နန္ဒသာရနဲ့ ကိုခိုင်နီမင်းတို့ကို ပြန်လွှတ်ပေး ဖို့ ကျောက်တော်မြို့မှာ လူပေါင်း ၅၀၀ လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2017-04-24
ရန်ကုန်မြို့က အများပြည်သူပိုင်လမ်းတွေနဲ့ ပလက်ဖောင်းတွေပေါ်မှာ ကျူးကျော် ဆောက်လုပ်ထားတဲ့ အဖီတွေ၊ အဆောင်တွေနဲ့ ကားပါကင်တွေ ယူထားသူတွေကို ထိထိရောက်ရောက် အရေးယူဆောင် ရွက်ချက်တွေနဲ့ အရေးယူမှုရှိ၊ မရှိကို ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက မေးခွန်းမေးခဲ့ပါတယ်။
2017-04-24
မွန်ပြည်နယ် မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့ ကို ဆက်သွယ်ထားတဲ့ တံတားနာမည်ကို သံလွင်တံတား( ချောင်းဆုံ) ဆိုတဲ့ မူလနာမည်ပြန်ပေးရေး အတွက် တောင်းဆိုဖို့ လက်မှတ်ကောက်ခံရာမှာ ဒီကနေ့ အထိ လက်မှတ်ပေါင်း ၇ သောင်းလောက်ရထားတယ်လို့ သံလွင်တံတား (ချောင်းဆုံ) ဆိုင်ရာ လှုပ်ရှားမှုကော်မတီ ကနေ သိရပါတယ်။
2017-04-24
ရန်ကုန်တိုင်းဒေသကြီးအတွင်းက တရား ရုံးတွေမှာ အမှုစစ်ဆေးရာမှာ လိုအပ်တာ ထက် အချိန်ပိုမကြာဘဲ မှန်မှန်ကန် ကန်ဆောင်ရွက်နိုင်ဖို့ စီမံဆောင်ရွက်ရေးနဲ့ ပတ်သက်ပြီး ဒီကနေ့ ကျင်းပတဲ့ ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေး မှာ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း က မေးမြန်းခဲ့ပါတယ်။
2017-04-23
နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ဥပဒေရုံးက ဦးစီးအရာရှိ ဦးကျော်သူရဝင်းဟာ အမှုသည်ဆီကနေ လာဘ်ငွေယူထားတယ်ဆိုပြီး နေပြည်တော် အဂတိလိုက် စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဇမ္ဗူသီရိ မြို့မ အမှတ် ၁ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပါတယ်။
2017-04-23
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ကျေး ရွာအုပ်စုက ဝမ်းပျက်ဝမ်းလျှောတွေဖြစ်နေ တဲ့ ကျေးရွာ ၅ ရွာကို အထူးဆေးကုသရေးအဖွဲ့က သွားရောက်ကုသပေးနေ တယ်လို့ ရခိုင်ပြည်နယ်၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။
2017-04-23
ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ လုံခြုံရေးအရ ဆိုပြီး တပ်မတော်က ပြောင်းရွှေ့ခိုင်းထား တဲ့ နေပြည်တော် ဇေယျာသီရိ မြို့နယ်၊ လွှဲကြီး (မန်း) ကျေး ရွာက ဒေသခံတွေ ဟာ ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။
2017-04-23
တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ် ပါတီ NMSP ဟာ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA မှာ လက်မှတ်ရေးထိုးရေး မရေးထိုးရေး ကိစ္စအပါအဝင် မွန်ပါတီတွေ ပေါင်းစည်းနိုင်ရေးကိစ္စတွေ ဆွေးနွေးနိုင်ဖို့ ဗဟိုကော်မတီအစည်းအဝေးကို ဒီကနေ့ ရေးချောင်းဖျားမှာ စတင်ကျင်းပနေပါတယ်။
2017-04-23
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် ဆင်ကူးရွာဟောင်းမှာ မနေ့က ရွာထဲကို ဝင်လာတဲ့ တောဆင်ရိုင်းအနင်းခံ ရပြီး လူတစ်ယောက် သေဆုံးသွားပါတယ်။