သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-07-28
ဇူလိုင် ၂၆ ရက်နေ့က ရွေးကောက်ပွဲရလဒ် ပယ်ဖျက်တယ်လို့ စစ်ကောင်စီက ကြေညာလိုက်တာဟာ မူလအချုပ်အခြာအာဏာပိုင်ရှင်ဖြစ်တဲ့ ပြည်သူ့အာဏာကို မချေဖျက်နိုင်ဘူးလို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဇူလိုင် ၂၇ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
2021-07-27
မြန်မာစစ်တပ်ဟာ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ပြည်သူလူထုကို အားလျော့ သွားအောင် နှိမ်နှင်းဖို့အတွက် ကိုဗစ် ၁၉ ကပ်ရောဂါကို အသုံးချခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံက ဖြစ်ရပ်တွေကို စောင့်ကြည့်နေတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောလိုက်ပါတယ်။
2021-07-27
RSF နယ်စည်းမခြား သတင်းသမားများအဖွဲ့က ၂၀၂၁ အတွက် ပြုစုတဲ့ သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းမှာ နိုင်ငံ ၁၈၀ အနက် မြန်မာနိုင်ငံဟာ ၁၄၀ မြောက်ဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း RSF ကအတည်ပြုနိုင်သလောက် သတင်းသမား ၄၃ ယောက် လောလောဆယ် အကျဉ်းကျနေတယ်လို့ ပြောပါတယ်။
2021-07-27
မြန်မာစစ်တပ်အနေနဲ့ ပြည်သူတွေ ရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေးတွေကို အလေးမထားတာ၊ လူထုကျန်းမာရေးအတွက် ကာကွယ်ဆောင်ရွက်ဖို့ ပျက်ကွက်တာတွေဟာ လုံးဝ လက်ခံနိုင်စရာမရှိဘူးလို့ အမေရိကန်ကာကွယ်ရေး ဝန်ကြီး လွိုက် အော်စတင်က ပြောလိုက်ပါတယ်။
2021-07-27
UWSA၊ NDAA မိုင်းလား၊ KIA၊ SSPP စတဲ့ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေ တွေမှာ တရုတ်အစိုးရရဲ့ အကူအညီနဲ့ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးတွေ ထိုးနေပြီဖြစ်ပေမယ့် တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (TNLA)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်ဖွဲ့တွေ ထိန်းချုပ်ရာ နယ်မြေတွေမှာတော့ ကာကွယ်ဆေးရဖို့ ကြိုးပမ်းနေရဆဲပဲလို့ TNLA နဲ့ RCSS ပြန်ကြားရေးတာဝန်ခံတွေက ပြောပါတယ်။
2021-07-27
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် သောင်ရင်းမြစ်အနီးမှာရှိတဲ့ မြဝတီမြို့ပေါ် ရပ်ကွက်တွေထဲကို ဇူလိုင် ၂၆ ရက် ညပိုင်းကစပြီး သောင်ရင်းမြစ်ရေတွေ အလုံး အရင်း ဝင်ရောက်လာပြီး လူနေအိမ် တော်တော်များများ နစ်မြုပ်ကုန်တာကြောင့် အရပ်သား ၄၀၀၀ ကျော်ဟာ အိုးအိမ်တွေကို စွန့်ခွာလိုက်ရတယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက RFA ကို ပြောပါတယ်။
2021-07-27
သတင်းသမားတွေကို ဖမ်းဆီးအရေးယူတာတွေနဲ့ လွတ်လပ်တဲ့ သတင်းလုပ်ငန်း တွေအပေါ် ဖိနှိပ်စော်ကားတာတွေ စစ်ကောင်စီက ရပ်တန့်သင့်ပြီလို့ Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ဒီကနေ့ပဲ ကြေညာပါတယ်။
2021-07-27
နေပြည်တော်က ဆန္ဒပြပွဲတချို့မှာ ဦးဆောင်ပါဝင်ခဲ့တဲ့ အသက် ၂၀ အရွယ် ရမည်းသင်း နည်းပညာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား ကိုကျော်ဘိုဘိုခန့် ကို ဇူလိုင်လ ၂၇ ရက် ဒီနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်တွေက ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ နေပြည်တော် ကျောင်းသားများသမဂ္ဂက RFA ကို ပြောပါတယ်။
2021-07-27
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီ တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၉၆ ယောက်ရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေး ဝန်ကြီးဌာနက ဇူလိုင် ၂၆ ရက်ညက ထုတ်ပြန်ထားပါတယ်။
2021-07-27
မန္တလေးမြို့မှာ နေ့တိုင်းနီးပါး ဆန္ဒပြနေကြတဲ့ မြတောင်သပိတ်စစ်ကြောင်းဟာ ဒီကနေ့ ဇူလိုင် ၂၇ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ဖြိုခွဲခံလိုက်ရလို့ သေဆုံးသူတွေရှိနိုင်တယ်လို့ ဒေသခံတစ်ချို့က ပြောပါတယ်။
2021-07-27
ဖေဖော်ဝါရီလကစပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်ကြောင့် ချင်းတိုင်းရင်သား ၈၅ ဦးတို့ အသတ်ခံခဲ့ကြ ရပါတယ်။
2021-07-27
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က ဘုံဘေ ချစ်တီးထမင်းဆိုင်ပိုင်ရှင် ကိုကောင်းမြတ်သူနဲ့ သူ့အမျိုးသမီး တို့ကို ဒီကနေ့ ဇူလိုင်လ ၂၇ ရက်နေ့က မြင်းခြံကနေ ပုဂံညောင်ဦးဘက်ကို ထွက်တဲ့လမ်းပေါ်မှာ ကားတစ်စီးပေါ်ကနေ သေနတ်နဲ့ ပစ်လိုက်လို့ နှစ်ယောက်စလုံး သေဆုံးသွားတယ်လို့ မြင်းခြံမြို့ ဒေသခံတွေက ပြောပါတယ်။
2021-07-27
ရခိုင်ပြည်နယ် သံတွဲမြို့မှာ ရေကြီးရေလျှံနေလို့ လူနေအိမ်တွေ အများအပြား ရေနစ်မြုပ်နေတာကြောင့် အိမ်ထောင်စု ၂၀၀ ကျော် ပြောင်းရွှေ့နေရပြီလို့ ကူညီဆောင်ရွက်ပေးနေတဲ့သူတွေက RFA ကို ပြောပါတယ်။
2021-07-27
တရုတ်နယ်စပ်ဒေသတွေမှာ အလုပ်လုပ်နေပြီး နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသား တွေကို တရုတ်အာဏာပိုင်တွေက မူဆယ် နန်းတော်ဂိတ်ပေါက်ကနေ ဖွင့်ပေး လိုက်ပါတယ်။
2021-07-26
မြန်မာစစ်ကောင်စီကို ရုရှား Sukhoi လေယာဉ်ကုမ္ပဏီက ထုတ်လုပ်တဲ့ ဘက်စုံသုံး Sukhoi Su-30SME ဂျက်တိုက်လေယာဉ်တွေနဲ့ စစ်လေ့ကျင့်ရေးလေယာဉ်တွေ မကြာခင်က ပေးပို့လိုက်တယ်လို့ စစ်ဘက်ပူးပေါင်းဆောင်ရွက်ရေးဌာန အကြီးအကဲက ပြောကြားတဲ့ အကြောင်း AsiaNews သတင်းက မနေ့ကဖော်ပြပါတယ်။