သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-12-24
မြန်မာပြည်သူပြည်သားတွေအနေနဲ့ ငြိမ်းချမ်းရေးနဲ့ တရားမျှတရေး အတွက် ဆောင်ရွက်ကြဖို့ မြန်မာပြည်ရဲ့ ပထမဆုံး ကာဒီနယ် ရဟန်းအမတ်ဖြစ်တဲ့ ဘုန်းတော်ကြီး ချားလ်စ် မောင်ဘိုက ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန် တဲ့ သူ့ရဲ့ ခရစ်စမတ်နှုတ်ခွန်းဆက်စကားထဲမှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။
2015-12-24
ကချင်ပြည်နယ် ဖားကန့်ဒေသကို တရုတ်ပြည်က မြေတူးစက်ကြီးတွေ နဲ့ မြေသယ်ကားကြီးတွေ ရောက်လာပြီး အလွန်အကျွံ ကျောက်စိမ်းတူးဖေါ်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ စုံစမ်းရေးအရင်ဆုံးလုပ်မယ့်အစား၊ အဲ့ဒီလုပ်ငန်းတွေ ချက်ချင်းရပ်ဖို့ ညွှန်ကြားသင့်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိ ဦးတင်ဦးက ပြောကြားလိုက်ပါတယ်။
2015-12-24
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်မယ့် အခြေအနေ နီးစပ်နေပြီလို့ NLD သဘာပတိအဖွဲ့ ဥက္ကဌ သူရဦးတင်ဦးက RFA ကို မနေ့က ပြောလိုက်ပါတယ်။
2015-12-24
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်း မြို့နယ်အတွင်းက ကြာညှပ်ကျေးရွာ မှာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရဲစခန်းမှူးတို့က တရားမဝင် နွားခိုးထုတ်နေသူတွေဆီကနေ နွားဖြတ်သန်းသွားလာမှုအတွက် ငွေကြေးကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2015-12-24
NLD ပါတီက ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေကို နေပြည်တော်မှာ သင်တန်းပေးရာမှာ ထူးကုမ္ပဏီ ဦးတေဇ ရဲ့ ရွှေစံအိမ်ဟိုတယ်ကို အသုံးပြုခွင့်ပြုခဲ့တဲ့ကိစ္စ၊ အဲ့ဒီနောက် သင်တန်းကို တခြားနေရာရွှေ့ပြောင်းခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး၊ ဦးတေဇက ထူးကုမ္ပဏီဝန်ထမ်းတွေကို ရှင်းလင်းတဲ့ စာတစ်စောင်ကို ဒီဇင်ဘာ ၂၁ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
2015-12-24
အစိုးရသစ် စတင်ချိန်မှာ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးအဖွဲ့ဝင်တွေ၊ ပြည်ထောင်စုအဆင့် တရားသူကြီးတွေ အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးက တရားသူကြီးစုစုပေါင်း ၆ဝ လောက်ကို အစားထိုးခန့်အပ်နိုင် ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြင်ဆင်ဆောင် ရွက်နေပြီလို့ သိရပါတယ်။
2015-12-24
ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံ သားနှစ်ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး တရားစွဲဆိုခံထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ထိုင်းနိုင်ငံကော့စမွီခရိုင်တရားရုံးက ဒီနေ့ သေဒဏ် ချမှတ်လိုက်တဲ့အပေါ် မြန်မာသံရုံး အထူးအဖွဲ့က တစ်လအတွင်း အယူခံဝင်သွားမယ်လို့ သိရပါတယ်။
2015-12-23
ထိုင်းမြန်မာနယ်စပ်က ကရင်ဒုက္ခသည် ၂၂ ယောက်ကို တောင်ကိုးရီးယားနိုင်ငံ မှာ ပြောင်းရွှေ့အခြေချ နေထိုင်ဖို့ခွင့်ပြုလိုက်တဲ့အတွက် မနေ့က ဆိုးလ်မြို့ကိုရောက်ရှိသွားပြီလို့ ကိုရီးယားပိုင် Yonhap သတင်းမှာ ဖေါ်ပြလိုက်ပါတယ်။
2015-12-23
သမ္မတဟောင်းတစ်ယောက်ကို သူတာဝန် ထမ်းဆောင်ခဲ့တဲ့အချိန်က ဆောင်ရွက်ချက်တွေနဲ့ ပတ်သက် လို့ တရားစွဲအရေးယူတာမရှိစေရဆိုတဲ့ ဥပဒေကို မြန်မာ့ လွှတ်တော်တွေအနေနဲ့ လက်မခံပယ်ချသင့်တယ်လို့ Human Rights Watch ခေါ် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က မနေ့က ပြောလိုက်ပါတယ်။
2015-12-23
ထိုင်းနိုင်ငံမှာ လူသတ်မှုနဲ့ ဖမ်းဆီးရုံးတင် ထားတဲ့ မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ အမှုကို ကော့စမွီး တရားရုံးက ဒီကနေ့ မနက် စီရင်ချက်ချမှာဖြစ်ပါတယ်။
2015-12-23
တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ဒုက္ခရောက်နေကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီဖို့အတွက် Peace Machine လို့ ခေါ်တဲ့လူငယ်အဖွဲ့က ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ရုံးကို ငွေကျပ် ၁၀ သိန်း ဒီကနေ့ လာရောက် လှူဒါန်းခဲ့ပါတယ်။
2015-12-23
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက် စိမ်းမြေစာသည် ကားတွေမြို့ထဲမဝင်ဖို့ တားဆီးပိတ်ပင်ခဲ့သူတွေထဲက ဒေသခံ ၇ ဦးကို KIA တပ်ရင်း ၆ က ဖမ်းဆီးခေါ်ဆောင်သွားရာကနေ မနေ့က ပြန်လွတ်ပေးလိုက်ပြီလို့ သိရပါတယ်။
2015-12-23
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ ရခိုင် အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်နိုင်ရေး သင်တန်းတွေကိုလည်း လာမယ့် နှစ်သစ်ထဲမှာ စတင်လုပ်ဆောင်သွားမယ်လို့ RWU ရခိုင်အမျိုးသမီးများ အစည်းအရုံးက ဒီကနေ့ ကြေညာ လိုက်ပါတယ်။
2015-12-23
လာမယ့် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကျင်းပရေးနဲ့ ပတ်သက်ပြီး ဒီနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ဝန်ကြီး ဦးအောင်မင်း တို့ နေပြည်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးအဆောင်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2015-12-23
ပြည်ထောင်စုအစိုးရရဲ့ သဘောတူညီချက် အရ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ခွဲဝေသုံးစွဲခွင့်ပြု တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေကို ပြင်ဆင်တဲ့ဥပဒေကို ဒီဇင်ဘာ လ ၂၂ ရက်နေ့က အတည်ပြု ပြဌာန်းလိုက်ပါတယ်။