သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-10-28
ဘူးသီးတောင် မောင်တောဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးပြီး မြို့နယ်အသီးသီးက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေသူတွေကို လာမယ့် နိုဝင်ဘာလ ၂ ရက်နေ့ နောက်ဆုံးထားပြီး နေရပ်ပြန်ကြဖို့နဲ့ စခန်းတွေကို ပိတ်သိမ်းဖို့ ရခိုင်ပြည်နယ်အစိုးရက မနေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2017-10-27
ရှမ်းပြည်နယ် လားရှိုးခရိုင်တရားရုံးကနေ နှစ်ရှည်ထောင်ဒဏ်တွေ ဒီကနေ့ ချမှတ်ခံလိုက်ရတဲ့ ကချင်ဘာသာရေးခေါင်းဆောင် ၂ ဦးအပေါ် တရားစွဲဆိုထားတဲ့အမှုတွေ ပြန်ရုပ်သိမ်းပေး ဖို့ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တွေဖြစ်တဲ့ HRW နဲ့ Fortify Rights အဖွဲ့တွေက ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုလိုက်ကြပါတယ်။
2017-10-27
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့မှာကျင်းပခဲ့တဲ့ ဘာသာပေါင်းစုံဆုတောင်းပွဲမှာ နေရာချထားမှုနဲ့ ပတ်သက်ပြီး အများဝေဖန်စရာဖြစ်ခဲ့တဲ့အတွက် တာဝန်ယူဆောင်ရွက်သူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်း က တောင်းပန်လိုက်ပါတယ်။
2017-10-27
၂၀၁၇ ခုနှစ်နောက်ပိုင်းထုတ်ဝေမယ့် ငွေစက္ကူတွေပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့သာ ရိုက်နှိပ် ထုတ်ဝေဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးဖို့ ကန့်ကွက်သူမရှိ ဆုံးဖြတ်လိုက်ပါတယ်။
2017-10-27
နေပြည်တော်တည်ဆောက်စဉ်က သိမ်းယူရာမှာ ပါဝင်ခဲ့တဲ့ လယ်ယာမြေတွေ ၃၈ ဧကအတွက် လယ်ယာမြေလျော်ကြေး ၃၉ သန်းကျော်ကို တောင်သူ ၁၅ ဦးကို နေပြည်တော်ကောင်စီက ဒီကနေ့ပေးအပ်ခဲ့ပါတယ်။
2017-10-27
ပြည်သူ့လွှတ်တော်ကို မောင်းသူမဲ့ လေယာဉ် Drone နဲ့ ဓာတ်ပုံရိုက်ဖို့ ကြိုးပမ်းခဲ့တဲ့ နိုင်ငံခြားသား ၂ ယောက်နဲ့ နိုင်ငံသားတစ်ယောက်ကို ရဲတပ်ဖွဲ့က ထိန်းသိမ်းပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။
2017-10-27
ရခိုင်ပြည်နယ် မောင်တောဒေသ ပြန်လည်ထူထောင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ လုပ်ငန်းရှင်တွေ၊ အသင်းအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေပါ ပါဝင်ကူညီလာနိုင်အောင် နှိုးဆော် သွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီကပြောပါတယ်။
2017-10-27
မတရားအသင်း ဆက်သွယ်မှုနဲ့ တပ်မတော်က တရားစွဲဆိုထားတဲ့ မုံးကိုးမြို့နယ် နှစ်ခြင်းခရစ်ယာန်အသင်း ဥက္ကဌ ဦးဒီဒီနောင်လတ်နဲ့ သင်းအုပ်ဆရာ ဦးလမ်ဂျော်ဂမ်ဆိုင်းတို့ကို ဒီနေ့ လားရှိုးမြို့နယ်တရားရုံးက ထောင် ဒဏ်တွေ ချမှတ်လိုက်ပါတယ်။
2017-10-27
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မန်ခေါက်ကျေးရွာက အလယ်တန်းကျောင်းခွဲ ကျောင်းအုပ် ဆရာမကို TNLA တပ်သား နှစ်ဦးက အဓမ္မပြုကျင့်ခဲ့ကြောင်းနဲ့ အရေးယူမှာဖြစ်ကြောင်း TNLA ကပြောပါတယ်။
2017-10-26
နေပြည်တော်မှာ ကျင်းပခဲ့တဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြတ်အေးနဲ့ ကုလသမဂ္ဂမြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေး အစီအစဉ် UN-Habitat က အရာရှိတွေဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ထွက်ပြေးသွားသူတွေ အတွက် အိုအိမ်တွေပြန်လည်ဆောက်လုပ်ပေးဖို့ သဘောတူညီချက်ရရှိခဲ့တယ်ဆိုပြီး မြန်မာအစိုးရ သတင်းစာမှာ ဖေါ်ပြခဲ့တဲ့အချက်ဟာ မှားယွင်းနေကြောင်းနဲ့ သဘောတူညီချက်တစ်စုံတရာ မရရှိသေးကြောင်း မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂရုံး ပြောခွင့်ရသူ Stanislav Saling က ပြောဆိုပါတယ်။
2017-10-26
တပ်မတော်က နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ ခ နဲ့ တရားစွဲဆိုထားတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှာ ဒီကနေ့ ၆ ကြိမ်မြောက် တရားရုံးထုတ်ခဲ့ပြီး တရားလို ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင်ကို စစ်ဆေးခဲ့ပါတယ်။
2017-10-26
ပြည်သူ့လွှတ်တော်က ပေးပို့လာတဲ့ မြန်မာနိုင်ငံတော် လွှတ်တော်အဖွဲ့ ဥပဒေကြမ်းကို ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ဆွေးနွေးရာမှာ ဆွေးနွေးတဲ့ ကိုယ်စားလှယ်အများစုက ကန့်ကွက်ဆွေးနွေးကြပါတယ်။
2017-10-26
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေးနဲ့ ဖွံ့ဖြိုးရေးကော်မတီရဲ့ စီမံကိန်းအတွက် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေက ၂၂၅ သိန်း လှူဒါန်းလိုက်ပါတယ်။
2017-10-26
ကချင်ပြည်နယ်က ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီတွေ သက်တမ်းတိုးလျှောက်တဲ့အခါမှာ EMP လို့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစီအမံတွေ စနစ်တကျထည့်သွင်း ရေးဆွဲထားခြင်း ရှိမရှိကို စိစစ်ပြီးမှ သက်တမ်းတိုးပေးဖို့ သင့် မသင့် ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦး H လအောင် က ဒီကနေ့ ပြောပါတယ်။
2017-10-26
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကို ထောက်ပံ့ပေးတယ်ဆိုပြီး မတရားအသင်း ဆက်သွယ်မှု အပါအဝင် ပုဒ်မ ၃ ခုနဲ့ တပ်မတော်က တရားစွဲဆိုထားတဲ့ မုံးကိုးမြို့နယ် နှစ်ခြင်းခရစ်ယာန်အသင်း ဥက္ကဌ ဦးဒီဒီနောင်လတ်နဲ့ သင်းအုပ်ဆရာ ဦးလမ်ဂျော်ဂမ်ဆိုင်းတို့ရဲ့ အမှုကို မနက်ဖြန် လားရှိုးမြို့ နယ် တရားရုံးမှာ အပြီးသတ်အမိန့်ချမှာ ဖြစ်ပါတယ်။