သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-10-21
မောင်တောဒေသမှာ နိုင်ငံသားစိစစ်ခံရမယ့်သူတွေ ကိုင်ဆောင်မယ့် သက်သေခံကတ်ပြား NVC ကတ်တွေ မထုတ်ယူဖို့ အကြမ်းဖက်သမားတွေက မွတ်စလင်တွေကို ခြိမ်းခြောက်ပြောဆိုမှုတွေ ရှိနေတယ်လို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။
2017-10-21
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်က ကျုံထော်ရွာအနီးမှာ တပ်မတော်၊ နယ်ခြားစောင့်တပ် ပူးပေါင်းအဖွဲ့နဲ့ DKBA ခွဲထွက်အဖွဲ့တို့အကြား ဒီရက်ပိုင်းအတွင်း ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ နယ်ခြားစောင့်တပ်က ဗိုလ်မှူး နိုင်မောင်ဇော်က ပြောပါတယ်။
2017-10-21
အွန်လိုင်းပေါ်ကတဆင့် လောင်းကစားလုပ်သူတွေနဲ့ ဆက်စပ်တယ်ဆိုပြီး ငွေလဲလုပ်ငန်း လုပ်ကိုင်တဲ့ မြန်မာနိုင်ငံသားတချို့ရဲ့ တရုတ်နိုင်ငံဘက်မှာဖွင့်ထားတဲ့ ဘဏ်စာရင်းတွေကို တရုတ်အစိုးရက အောက်တိုဘာလ ၁၈ ရက်နေ့က စပြီးပိတ်သိမ်းလိုက်တယ်လို့ မူဆယ်မြို့က ဆန်ကုန်သည်တစ်ယောက်ဖြစ်တဲ့ ဦးမင်းသိန်းက ပြောပါတယ်။
2017-10-20
ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် စက်မှုဇုန်တည်ဆောက်ရေး၊ စိုက်ပျိုးရေး လုပ်ငန်းတွေကို တစ်လအတွင်း အကောင်အထည်ဖော်ဖို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံက လမ်းညွှန်ထားတယ်လို့ ဇေကမ္ဘာကုမ္ပဏီ အကြီးအကဲ ဦးခင်ရွှေကပြောပါတယ်။
2017-10-20
ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးနဲ့ ဖွံ့ဖြိုးရေး စီမံကိန်းကော်မတီကို ပြည်တွင်းက ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေက ဒီကနေ့ ကျပ်သန်းပေါင်း ၁၆၇၀၀ လှူဒါန်းလိုက်ပါတယ်။
2017-10-20
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စုက တစ်သုံးလုံး ကုမ္ပဏီလုပ်ကွက်မှာ အောက်တိုဘာ ၁၈ ရက်နေ့ညက ရေမဆေးသမားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရုန်းရင်းဆန်ခတ်ဖြစ်ရာကနေ ပစ်ခတ်မှုဖြစ်ပြီး ရေမဆေးသမား ၅ ဦး သေဆုံးခဲ့တဲ့ အခြေအနေတွေကို သေမှုသေခင်းဖွင့်ပြီး စုံစမ်းနေတယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။
2017-10-20
ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့နဲ့ UWSA ဝ ပြည်သွေးစည်းညွညွတ်ရေးအဖွဲ့ အမျိုးသားဒီမို ကရက်တစ် မဟာမိတ်တပ်ပေါင်းစု NDAA မိုင်းလား အဖွဲ့တို့ ငြိမ်းချမ်းရေးကိစ္စဆွေးနွေးဖို့အတွက် အရင်က ဒီလထဲမှာတွေ့ဆုံဖို့စီစဉ်ထားပေမယ့် ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးအောင်စိုးက ပြောပါတယ်။
2017-10-20
ပုဂ္ဂလိက လုပ်ငန်းရှင်တွေက ရယူထားပြီး လုပ်ငန်းလုပ်ကိုင်ခြင်းမရှိတဲ့ ရန်ကုန်တိုင်းဒေသကြီး အတွင်းက နိုင်ငံပိုင် အဆောက်အအုံနဲ့ မြေနေရာတွေ ဘယ်လောက်ရှိသလိုဆိုတာကို တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေ ပူးပေါင်းပြီး သုသေတနပြုသွားမယ်လို့ မင်္ဂလာတောင်ညွန့် လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောပါတယ်။
2017-10-20
ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် မှုတွေကြောင့် စစ်တွေမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာသူ အများစုဟာ နေရပ်ပြန်သွားကြ ပြီဖြစ်ပြီး လက်ရှိမှာ နေရပ်စွန့်ခွာလာသူ ၁၆၀၀ လောက်ပဲ ကျန်ရှိတော့တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။
2017-10-20
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ မန်လွယ်ကျေးရွာအုပ်စုမှာ ဒီနေ့မနက်က မိုင်းပေါက်ကွဲ ခဲ့တဲ့အတွက် အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ မန်လွယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦသိန်းထိုက်ဇော် ကပြောပါတယ်။
2017-10-19
မွန်ပြည်နယ် သထုံမြို့နယ် အလံတစ်ရာနယ်မြေမှာ အရွယ်မရောက်သေးတဲ့ မိန်းကလေး အမြောက်အများကို သားမယားအဖြစ်ယူပြီး အတည်တကျ မပေါင်းသင်းတဲ့ အလံတစ်ရာ ဆရာတော် ဝင်စားတယ်လို့ ဒေသခံအချို့က ယုံကြည်နေသူကို ဥပဒေကြောင်းအရ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ မွန်ပြည်နယ်လွှတ်တော် ကလေးသူငယ်နဲ့ အမျိုးသမီးအခွင့်ရေးကော်မတီ ဥက္ကဌ ဒေါ်ခိုင်ခိုင်လဲ့က ပြောပါတယ်။
2017-10-19
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုက တစ်သုံးလုံး ကုမ္ပဏီလုပ်ကွက်မှာ မနေ့ညပိုင်းက ရေမဆေးသမားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ရေမဆေးသမား ၅ ဦး သေနတ်မှန်ပြီး သေဆုံးသွားတယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြောပါတယ်။
2017-10-19
နေပြည်တော်လေဆိပ်နဲ့ ACE ကုမ္ပဏီပိုင်ဟိုတယ်တွေမှာ လက်နက်တွေတွေ့ရှိတဲ့ အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို စိုးရိမ်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။
2017-10-19
နေပြည်တော် လေဆိပ်မှာ လက်နက်၊ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးထားတဲ့ ဦးဖြိုးကိုကိုတင့်ဆန်း ကို မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များ ဥပဒေပုဒ်မ ၆၁၊ (က)၊(င) အပါအဝင် ပုဒ်မသုံးခုနဲ့ ထပ်ပြီးအမှုဖွင့်လိုက်တယ်လို့ နေပြည်တော်၊ ဒက္ခိဏမြို့မ ရဲစခန်းမှူး ဒုရဲမှူးမြင့်စိုးက ပြောပါတယ်။
2017-10-19
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်က ကန်တော်ကြီးပဲလေ့စ် ဟိုတယ်မှာ ဒီကနေ့ မနက် ၃ နာရီ ခွဲအချိန်လောက်က မီးလောင်မှု ဖြစ်ပွားပြီး လူနှစ်ဦး သေဆုံးခဲ့ပါတယ်။