သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-10-19
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ မှာ မြေပြိုမှုကြောင့် သေဆုံးခဲ့သူ မိသားစုဝင် ၅ ဦးနဲ့ ဒဏ်ရာရရှိသူလေးဦးကို ရှမ်းပြည်နယ် အစိုးရအဖွဲ့နဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန် လည်နေရာချထားရေး ဝန်ကြီးဌာနတို့က ငွေကျပ်စုစုပေါင်း ၁၂ သိန်းခွဲ ဒီနေ့ ကူညီခဲ့တယ်လို့ သိရပါတယ်။
2014-10-19
မြန်မာငြိမ်းချမ်းရေးစင်တာက ဆောင် ရွက်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက် ပြီး ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းဆွေးနွေးသွား ဖို့ရှိတယ်လို့ သိရပါတယ်။
2014-10-19
အခြေခံဥပဒေပြင်ဆင်ရေးအတွက် တပ်မတော်က ပူးပေါင်းပါဝင်ပေးဖို့ ရန်ကုန်မြို့ခံတချို့က ရန်ကုန်မြို့၊ မြို့တော်ခန်းမအနီးမှာ ဒီနေ့ တောင်းဆိုခဲ့ကြပါတယ်။
2014-10-19
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ၁၀ ရက်ကြာကျင်းပမဲ့အာဆီယံ လုပ်ငန်းကျွမ်းကျင်မှှုပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ဖို့ အတွက် စက်မှုဇုန်အလုပ်သမား၊ နည်းပညာတက္ကသိုလ် နဲ့ စားသောက်ဆိုင်လုပ်ငန်းတွေမှာ လုပ်ကိုင်ကြသူ ၇ ဦးဟာ ဒီကနေ့ ညနေ ၇ နာရီမှာ ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကနေ ထွက်ခွါသွားကြပါတယ်။
2014-10-19
ပီအာခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပွဲနဲ့ အဲ့ဒီ စနစ်ကို ကျင့်သုံးမယ်ဆိုရင်ဖြစ်လာမယ့် ဆိုးကျိုးတွေကိုရှင်းလင်းတဲ့ ဟောပြောပွဲတစ်ရပ်ကို လှိှုင်သာယာမြို့နယ်မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
2014-10-18
ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်၊ ဆန်ခလဘူရီမြို့ နယ် နောင်လုမြို့နယ်ခွဲမှာရှိတဲ့ ၁ မိုင်ဝက်ခန့်ရှည်တဲ့ ကမ္ဘာပေါ်မှာဒုတိယအရှည်ဆုံး သစ်သားတံတားကြီးကို မနေ့က မနက်က ပြန်လည်ဖွင့်လှစ်ခဲ့ရာမှာ ထိုင်းအာဏာ ပိုင်တွေ၊ ဒေသခံတွေနဲ့ ထိုင်းမြန်မာနယ်စပ်က မွန်တိုင်းရင်းသားတွေ စုစုပေါင်းလူ ၃ဝဝဝ ခန့် တက်ရောက် ခဲ့တယ်လို့ သိရပါတယ်။
2014-10-18
ထိုင်းနိုင်ငံတောင်ပိုင်း ရာဘာခြံတွေထဲ မှာ ခေတ်သစ်ကျွန်တွေအဖြစ် လူပွဲစားတွေ ကရောင်းစား ခံရတော့မယ့် ဘင်္ဂလားဒေ့ ရှ် နိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေကဖမ်းဆီးခဲ့အပြီး ထိုင်းနိုင်ငံ ကနေ ဘင်္ဂလားဒေ့ရှ်ကို ပြန်ခေါ်မယ့်အကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က မနေ့က ပြောကြားလိုက်ပါတယ်။
2014-10-18
ထိုင်းတောင်ပိုင်း ခိုတောင်း (ခေါ်) လိပ် ကျွန်းလူသတ်မှု စုံစမ်းစစ်ဆေးရာမှာ ဗြိတိန်ရဲတပ်ဖွဲ့ဝင်တွေ ကို လေ့လာသူအဖြစ်သာခွင့်ပြုသွားမှာဖြစ်တယ်လို့ ထိုင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချားက ပြောကြားလိုက် ပါတယ်။
2014-10-18
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် မြန် မာနိုင်ငံ ကုန်ထုတ်နဲ့ စက်မှုလက်မှု အလုပ်သမားအဖွဲ့ချုပ်ရဲ့ ညီလာခံကနေ ပြည်နယ်နဲ့ တိုင်းမှာရှိတဲ့ အလုပ်သမားသမဂ္ဂတွေကို ပြဿနာတွေ ပူးပေါင်းဖြေရှင်းဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
2014-10-18
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ မနေ့ညနေပိုင်းက မိုးသည်းထန်စွာရွာပြီး ကုန်းအမြင့်မှာရှိတဲ့ ၁၅ ပေမြင့် ခြံစည်းရိုး အုတ်တံတိုင်း ပြိုကျတာကြောင့် အနီးကလူနေအိမ်ကိုပိမိပြီး အိမ်ထဲမှာရှိတဲ့ လူ ၅ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ် လို့ သိရပါတယ်။
2014-10-18
ရန်ကုန်မြို့သစ်စီမံကိန်းကို အမြန်ဆုံးပြန် လည်အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့အတွက် ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်းမှာ ရှိတဲ့ ကျေးရွာပေါင်း ၁၁ ရွာက ဒေသခံတစ်ထောင်နီးပါး ဒီကနေ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
2014-10-18
ရခိုင်ပြည်နယ်အတွင်းက မွတ်စလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ အစိုးရက စိစစ်ဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီး အားနည်း ချက်၊ အားသာချက် ဆွေးနွေးပွဲတစ်ခုကို ရခိုင်တိုင်းရင်း သားတွေက စစ်တွေမြို့မှာ နှစ်ရက်ကြာ ကျင်းပနေပါတယ်။
2014-10-18
အမျိုးသားလွှတ်တော်က အတည်ပြု လိုက်ပြီးဖြစ်တဲ့ Broadcasting Law ရုပ်သံဥပဒေမူကြမ်းဟာ ရုပ်သံသတင်းဌာန လုပ်ကိုင်လိုသူအားလုံးကို တရားမျှတတဲ့ ယှဉ်ပြိုင်ခွင့် ပေး မထားတဲ့အတွက် ပြင်ဆင်ပေးဖို့ သတင်းမီဒီယာသမားတွေ က ဒီနေ့ ဆွေးနွေးပွဲမှာ ထပ်မံတောင်းဆိုလိုက်ကြပါတယ်။
2014-10-18
တိုင်းရင်းသား လက်နက်ကိုင်တွေ၊ နိုင်ငံရေးပါတီတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဟာ လာမယ့် ၂၀၁၆ ခုနှစ်ထဲရောက်မှသာ ဖြစ်နိုင်ခြေ ရှိကြောင်း MPC မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတွေက ဒီနေ့ နေပြည်တော်မှာပြု လုပ်တဲ့ ဆွေးနွေးပွဲမှာ ရှင်းပြခဲ့ကြောင်း သိရပါတယ်။
2014-10-18
အရပ်ဖက်အဖွဲ့အစည်းတွေက ရွေးကောက်ပွဲကော်မရှင်နဲ့ အခုလ ၂ဝ ရက်နေ့ တွေ့ဆုံတဲ့အခါ ၂ဝ၁၅ ရွေးကောက်ပွဲမှာ မဲရုံတွေကို တရားဝင်စောင့်ကြည့်ခွင့်ရရေးအတွက် တင်ပြ သွားမယ်လို့ သိရပါတယ်။