သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-10-18
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ဘန်းချောင်းကျောက်မီးသွေးတွင်းမှာ ထုတ် လုပ်နေတဲ့ ထိုင်းနိုင်ငံပိုင် East Star ကုမ္ပ ဏီနဲ့ ဒေသခံတိုင်းရင်းသားတွေအကြား အခြေအ တင် ဖြစ်နေပြီး စီမံကိန်းနဲ့ ပတ်သက်လို့ KNU နဲ့ အစိုးရ တပ်တွေက ဒေသခံတွေကို ခြိမ်းခြောက်နေတယ်လို့ ထားဝယ်အခြေစိုက် လူမှုအဖဲ့ွအစည်းတွေက အောက်တို ဘာလ ၁၆ ရက် မနေ့က ပြောကြားလိုက်ပါတယ်။
2014-10-18
ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်မှာ ကညို့တောင် ကျောက်တူးဖော်ရေးလုပ်ငန်း ဆောင် ရွက်နေကြတဲ့ AAA အေသုံးလုံး ဘိလပ်မြေစက်ရုံ အလုပ်သမား ၄၅ ဦးဟာ အလုပ်ရှင် ပြင်ဆင်သတ်မှတ် လိုက်တဲ့ လုပ်ခနှုန်းထားနဲ့ လုပ်အားခဖြတ်တောက်မှုတွေကို မကျေနပ်တဲ့အတွက် သပိတ်စခန်းဖွင့် ဆန္ဒပြမယ်လို့ သိရပါတယ်။
2014-10-18
ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်း (ခေါ်) လိပ်ကျွန်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့အမှုကို စုံစမ်းစစ်ဆေးရာမှာ ဗြိတိန်ရဲတပ်ဖွဲ့ကို ဝင်ရောက်ကူညီ စစ်ဆေးခွင့်ပြုဖို့ ထိုင်းဝန်ကြီးချုပ်က သဘောတူလိုက်ပါတယ်။
2014-10-17
မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ လူ့အခွင့်ရေး အခြေနေတွေကို အများကြီး ပြောင်းလဲသွားတာကို အသိမှတ်ပြု ချီးကျူးရ မှာဖြစ်ပေမယ့် နောက်ကြောင်းပြန်လှည့်နေတဲ့ အရိပ် လက္ခဏာတွေကို မဖြေရှင်းခဲ့ရင် ရပြီးသားရလာဒ်တွေကိုပါ ထိခိုက်စေနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြေကြားလိုက်ပါ တယ်။
2014-10-17
ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်ရင်း ၆ အခြေစိုက်စခန်းအနီးမှာရှိ တဲ့ ဒေသခံတွေအနေနဲ့ ရွှေ့ပြောင်းစရာမလိုပဲ အေးချမ်း စွာနေထိုင်ဖို့ ဖားကန့်အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူး ကြီးမြင့်သန်းက ဒီကနေ့ ပြောကြားတယ်လို့ သိရပါတယ်။
2014-10-17
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေးကော်မရှင်ဟာ နိုင်ငံတော်ဘဏ္ဍာငွေကို သုံးစွဲနေပေမယ့် သီးခြားလွတ်လပ်တဲ့ အဖွဲ့ အစည်းဖြစ်ကြောင်း ကော်မရှင်ဥက္ကဌ ဦးဝင်းမရ က ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ ပြောပါတယ်။
2014-10-17
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန် ၃ မှာဖွင့်လှစ်ထားခဲ့တဲ့ ကိုရီးယားနိုင်ငံသားပိုင် Master Sports ဖိနပ်စက်ရုံကို ပိတ်လိုက်တဲ့အတွက် အလုပ်လက်မဲ့ဖြစ် သွားတဲ့ အလုပ်သမားတွေကို ကျန်ရှိ လုပ်ခလစာနဲ့ နစ်နာကြေးတွေ ဒီကနေ့ပေးအပ်ခဲ့ပါတယ်။
2014-10-17
PR ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲ စနစ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ပြည်သူ့ လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက် ခေါင်းဆောင် နှစ်ယောက်ကို တရားမဝင် စီတန်းလှည့်လည်ခြင်း ပုဒ်မ ၁၈နဲ့ ကျောက် တံတားမြို့နယ် တရားရုံးမှာ ဒီကနေ့ ပထမဆုံးအကြိမ်အဖြစ် ရုံးတင်စစ်ဆေးခဲ့ပါတယ်။
2014-10-17
အခြေခံပညာသင်ကျောင်းတွေမှာ ရောင်း ချနေတဲ့ အစားအသောက်တွေမှာ ဆိုးဆေးတွေ အသုံးပြုထားတဲ့အတွက် နေပြည်တော်ကောင် စီနယ်မြေ၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေ မှာ စစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာဒေါ်သိန်းသိန်းဌေးက ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2014-10-17
ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့နှစ်ဦးကို တွေ့ဆုံဖို့အတွက် မိဘဖြစ် သူတွေ ထိုင်းနိုင်ငံကို လာမယ့်အင်္ဂါနေ့မှာ ထွက်ခွာမယ်လို့ သိရပါတယ်။
2014-10-17
သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ပုဒ်မ နှစ်ခုနဲ့ တရားစွဲထားရာမှာ နေပြည်တော် ဒက္ခိဏသီရိခရိုင် တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၁၃ နှစ်နဲ့ ငွေဒဏ် ၁ သိန်း ပြစ်ဒဏ်ချမှတ်လိုက် ပါတယ်။
2014-10-17
မြန်မာနိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ရှာဖွေတူးဖေါ် ထုတ်ယူရေးကဏ္ဍအ တွက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ဖွင့်ပေးနေရာမှာ၊ လာမယ့် ၂၀၁၆ နှစ်ကုန်ပိုင်းအထိ နောက် ထပ် လုပ်ကွက်ပေါင်း ၁၅ ခု ချပေးမယ်လို့ သိရပါတယ်။
2014-10-17
မြန်မာနိုင်ငံ မိခင်နဲ့ ကလေး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ အတွက် IDA ခေါ် နိုင်ငံတကာ ဖွံ့ဖြိုးတိုး တက်ရေးအသင်းရဲ့ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို ကမ္ဘာ့ဘဏ်က အတည်ပြုလိုက်ပါတယ်။
2014-10-17
တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက် ဆံရေး ထိခိုက်ပျက်ပြားစေနိုင်တဲ့အ တွက် မြန်မာဈေးကွက် အတွင်းက အ များပြည်သူ ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ တရုတ်နိုင် ငံထုတ် မုန့်မျိုးစုံနဲ့ စားသောက်ကုန်တွေကို တရုတ်နိုင်ငံက တင်သွင်းတယ်လို့ မပြောဆို မသုံးနှုန်းဘဲ တဖက်နိုင်ငံက တင်သွင်းတယ်လို့သာ သုံးနှုန်းကြဖို့ နေပြည်တော်အာဏာ ပိုင်တွေက သတိပေးညွှန်ကြားထားတယ်လို့ သိရပါတယ်။
2014-10-16
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်း တွင်းဒေသမှာ အစိုးရတပ်မ ၆၆ လက်အောက်ခံတပ်တွေနဲ့ ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တို့အကြား စစ်ရေးတင်းမာ မှုတွေကြောင့် အောင်ဘာလေ၊ ကံဆီးခေါ၊ ဆိုင်းငိုင်စတဲ့ ရွာတွေက စာသင်ကျောင်းတွေကို ပိတ်ထားလိုက်ရပြီလို့ သိရပါတယ်။