သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-02-16
အင်တာနက် လွတ်လပ်ခွင့် မရှိတဲ့ နိုင်ငံတွေနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က ဖေဖော်ဝါရီ ၁၅ ရက် မနေ့က ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုခဲ့တဲ့အထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ခဲ့ပါတယ်။
2011-02-16
အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော် အမတ် Mr. Mitch McConnell ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖော်ဝါရီ ၁၅ ရက် မနေ့က ညနေပိုင်းက တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောခဲ့တယ်လို့ သိရပါတယ်။
2011-02-15
မြန်မာတိုင်းမ်ဂျာနယ် ထုတ်ဝေသူ သြစတြေးလျ နိုင်ငံသား Ross Dunkley ဟာ ရာဇဝတ်မှု ကျူးလွန်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံ ထားရတာဖြစ်တဲ့ အတွက် တစုံတရာ ကူညီဆောင်ရွက်ပေးဖို့ အစီအစဉ်မရှိဘူးလို့ ပုဂ္ဂလိက စာနယ်ဇင်း ဖွံ့ဖြိုးရေး ကော်မတီ Committee for Professional Conduct (CPC) ရဲ့ ဥက္ကဋ္ဌ ဦးကိုကို (စက်မှုတက္ကသိုလ်) က ပြောပါတယ်။
2011-02-15
နေပြည်တော် ဒက္ခိဏသီရိမြို့ တည်ဆောက်ရေး စီမံကိန်းအရ သိမ်းယူခံရတဲ့ လယ်ယာနဲ့ အိမ်မြေတွေကနေ ဖယ်မပေးတဲ့အတွက် အိမ်ထောင်စု ၁၄ စုကို ဆောက်လုပ်ရေး ဝန်ကြီးဌာနကနေ တရားစွဲဆို ထားတဲ့အတွက် အိမ်ထောင်စု ၁၄ စုလုံး ပြီးခဲ့တဲ့ ၁၄ ရက်နေ့က တရားရုံး တက်ခဲ့ရတယ်လို့ သတင်း ရရှိပါတယ်။
2011-02-15
နေပြည်တော်မှာ ဒီကနေ့ ကျင်းပခဲ့တဲ့ လွှတ်တော်မှာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် အရေ အတွက်ကို တည်ပြုခဲ့ပြီး၊ တရားသူကြီးအဖွဲ့ ဖွဲ့စည်းဖို့ အဖွဲ့ဝင် အရေအတွက်ကိုလည်း သမတ ဦးသိန်းစိန်က တင်သွင်းခဲ့တယ်လို့ သတင်းရရှိပါတယ်။
2011-02-15
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး လေးစား လိုက်နာလာဖို့ မြန်မာအစိုးရအပေါ် ဖိအားပေးမှု ပိုတိုးလုပ်ဆောင်ဖို့ ချက်သမတဟောင်း ဗားဆလပ် ဟာဗဲက ဖေဖော်ဝါရီ ၁၅ ရက် ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
2011-02-15
မြစ်ကြီးနားထောင်မှာ နှစ်ရှည် ထောင်ဒဏ် ကျခံနေရတဲ့ ဟာသပညာရှင် ကိုဇာဂနာကို ဂျာမနီနိုင်ငံ Bremen ဂီတအနုပညာ မြို့တော်ကနေ Bremen Solidarity Award - Bremen သွေးစည်း ညီညွတ်ရေးဆု ဒီနေ့ ချီးမြှင့်ပါမယ်။
2011-02-15
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နိုဝင်ဘာလက ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပေမဲ့ အခြေအနေတွေဟာ ပြောင်းလဲ မလာတဲ့အပြင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရက ဝေဖန် တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ဖေဖော်ဝါရီ ၁၄ ရက် မနေ့က ပြောဆိုလိုက်ကြောင်း အေအက်ပီသတင်းက ဖော်ပြပါတယ်။
2011-02-14
ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်ဖို့ ရောက်ရှိလာကြတဲ့ မြန်မာ အလုပ်သမား ၂၄ ဦးဟာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနေ့က နေ့လည်ပိုင်းမှာ ရနောင်းမြို့ကနေ ဖူးခက်မြို့ကိုအသွား လမ်းမှာ ထိုင်းစစ်တပ်ကနေ ဖမ်းဆီးခံခဲ့ကြရတယ်လို့ သိရပါတယ်။
2011-02-14
ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ကျင်းပတဲ့ ချင်းပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ပြည်နယ်ဝန်ကြီးချုပ် ပူးဟုန်ငိုင်းက တင်သွင်းခဲ့တဲ့ ဝန်ကြီး အမည်စာရင်းတွေ အထဲမှာ ပါဝင်တဲ့ ကြံ့ခိုင်ရေးပါတီက အမတ်တဦးကို ချင်းတိုင်းရင်းသား အတိုက်အခံအမတ်တွေက အပြင်းအထန်ကန့် ကွက်ခဲ့တယ်လို့ သိရပါတယ်။
2011-02-14
မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ လာမဲ့သီတင်းပတ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ကစလို့ ကာကွယ်ရေး ဝန်ကြီးဌာနဝင်း အပြင်ဖက်က နေအိမ်သစ်မှာ ပြောင်းရွှေ့ နေထိုင်တော့မှာ ဖြစ်တယ်လို့ နေပြည်တော် ဝန်ကြီးတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2011-02-14
အီဂျစ်နိုင်ငံမှာဖြစ်နေတဲ့ လူထုအုံကြွမှုကြီးလိုမျိုး မြန်မာနိုင်ငံမှာလည်း ဖြစ်ပေါ်ခဲ့တာကြောင့် နှိုင်းယှဉ်လေ့လာဖို့ သုံးသပ်ဆွေးနွေးပွဲတခု အမေရိကန်ပြည်ထောင်စု နယူးယောက်တက္ကသိုလ်မှာ ဖေဖော်ဝါရီ ၁၃ ရက် မနေ့က ကျင်းပခဲ့ပါတယ်။
2011-02-14
စစ်အစိုးရ နေပြည်တော်မှာ ဖေဖော်ဝါရီ ၁၄ ရက် ဒီကနေ့ ကျင်းပတဲ့ လွှတ်တော်မှာ ရွေးကောက်ပွဲ ကော်မရှင် အသစ်ဖွဲ့စည်းရေး အတွက် သမတဦးသိန်းစိန်က အဆိုတင်သွင်းခဲ့ကြောင်း သတင်းရရှိပါတယ်။
2011-02-14
အီဂျစ်နိုင်ငံမှာ သမတမူဘာရက် နုတ်ထွက်အပြီး အီဂျစ်ပြည်သူတွေ လွတ်လပ်ခွင့် ရသလိုမျိုး မြန်မာနိုင်ငံမှာလည်း ရလာလိမ့်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းက ဖေဖော်ဝါရီ ၁၃ ရက် တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။
2011-02-13
မြဝတီ- ကော့ကရိတ် ကားလမ်း တလျှောက် စစ်အစိုးရတပ် သယ်ယူ ပို့ဆောင်ရေး ယာဉ်တန်းတွေကို ဒီကေဘီအေ တပ်တွေက နောက်ထပ် တိုက်ခိုက်ဖို့ ရှိတဲ့အတွက် အဲဒီလမ်းကြောင်း တလျှောက် သွားလာနေတဲ့ ခရီးသွား ပြည်သူတွေကို ဒီကေဘီအေ တပ်ဖွဲ့တွေက သတိပေးထားတယ်လို့ သိရပါတယ်။