သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-03-19
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာမှာ ယာယီထားရှိထားတဲ့ X-Ray စက်ကြောင့် ကျေးရွာအတိုက်အခိုက်ခံရမှာ စိုးရိမ်လို့ ဒီစက်ပြောင်းရွေ့ပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။
2020-03-19
ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေ သိရှိနိုင်ဖို့အတွက် ရခိုင်နဲ့ ချင်းပြည်နယ်က ကိုးမြို့နယ်မှာ အင်တာနက်ဖြတ်တောက်ထားတာကို ပြန်ဖွင့်ပေးပါလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး REC က မတ်လ ၁၈ ရက် မနေ့က ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။
2020-03-18
တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ကုန်ကြမ်း ပြတ်လပ်မှုတွေကို ထိန်းနိုင်ဖို့ အတွက် မြန်မာနိုင်ငံအနေနဲ့ ကုန်ကြောင်းကနေ ပို့ဆောင်တာတွေရှိသလို မနေ့ကတော့ လေကြောင်းလိုင်းနဲ့ပါ ကုန်ကြမ်းတင်သွင်း နေရပါပြီ။ စက်ရုံတွေအနေနဲ့ ကုန်ကြမ်းမှာယူ တင်သွင်းတာတွေ ရှိပေမယ့် စက်ရုံ ပိတ်သိမ်းမှုတွေကတော့ ရှိနေပါတယ်။
2020-03-18
တိုင်းနဲ့ ပြည်နယ်ဝန်ကြီးတွေကို လွှတ်တော် ကိုယ်စားလှယ်တွေထဲကမဟုတ်ဘဲ အရည်အချင်းရှိသူတိုင်း ခန့်အပ်နိုင်ခွင့် ပြင်ဆင်တဲ့ ဖွဲ့စည်းပုံပါ ပုဒ်မကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်ရာမှာ ကိုယ်စားလှယ်မဲ ၇၅% ကျော်က ထောက်ခံတဲ့အတွက် ဒီပုဒ်မကို ပြင်ဆင်ဖို့ လွှတ်တော်က သဘောတူ ဆုံးဖြတ်လိုက်ပါတယ်။
2020-03-18
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲက မီးချောင်းတလျှောက်မှာ နေထိုင်တဲ့ဒေသခံ တစ်ထောင်လောက်ဟာ မြို့ပေါ်ထွက်ပြေးဖို့ ကြိုးစားနေပေမယ့် ကူညီနိုင်မယ့်သူမရှိလို့ အခက်အခဲဖြစ်နေပါတယ်။
2020-03-18
တပ်မတော်က ဧရာဝတီသတင်းဌာနနဲ့ ရိုက်တာသတင်းဌာနတွေကို တရားစွဲတိုင်ကြားထားတဲ့အမှုတွေကို ပြန်ရုပ်သိမ်းတော့မယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ MPC ကို အကြောင်းကြားထားပါတယ်။
2020-03-17
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူစုလူဝေး ပွဲလမ်းသဘင်တချို့နဲ့ ရုပ်ရှင်ရုံတွေကို ကန့်သတ်တာ ပိတ်တာတွေလုပ်လိုက်ပေမယ့် လူထောင်နဲ့ ချီတက်နေရတဲ့ တက္ကသိုလ်ကျောင်းတွေတော့ မပိတ်သေးပါဘူး။
2020-03-17
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်နေတဲ့အချိန်မှာ သင်္ကြန်တွင်း မြန်မာအလုပ်သမားတွေ နေရပ်မပြန်ကြဖို့ ဘန်ကောက်မြို့ မြန်မာသံရုံးက ပန်ကြားလိုက်ပါတယ်။
2020-03-17
တိုင်းရင်းသားတွေလိုလားနေတဲ့ ဗဟိုအစိုးရဆီက အာဏာခွဲရေး ပြင်ဆင်ချက် တစ်ခုဖြစ်တဲ့ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်ကို သက်ဆိုင်ရာ လွှတ်တော်တွေက ရွေးချယ်ခန့်အပ်ပိုင်ခွင့် ဖွဲ့စည်းပုံပါ ပုဒ်မ ၂၆၁ (ခ) ပြင်ဆင်ရေး ကြံ့ခိုင်ရေးပါတီရဲ့ အဆိုကို ဒီနေ့လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ အာဏာရ NLD ပါတီ ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြတဲ့အတွက် ပြင်ဆင်ရေးအဆို ရှုံးနိမ့်သွားပါတယ်။
2020-03-17
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးကို ထောင်ဒဏ် ခြောက်လ ချမှတ်လိုက်တာ တရားရုံးက ထုတ်ပြန်တဲ့ အမိန့်ရရင် လွှတ်တော် ကိုယ်စားလှယ် တာဝန်ကနေ ရပ်ဆိုင်းကြောင်း ထုတ်ပြန်မယ်လို့ လွှတ်တော် ဥက္ကဋ္ဌက ပြောပါတယ်။
2020-03-17
တပ်မတော်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့၊ ဒဏ်ရာရခဲ့တဲ့ နစ်နာသူမိသားစုတွေကို တရားဝင် တောင်းပန်ဖို့နဲ့ လျော်ကြေးပေးဖို့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ မတ်လ ၁၇ ရက်နေ့မှာ တပ်မတော်ကို တောင်းဆိုလိုက်ပါတယ်။
2020-03-16
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိကိုရိုနာဗိုင်းရပ်စ် ပြဿနာနဲ့ ပတ်သက်ပြီး အလုပ်သမားတွေ အလုပ်လက်မဲ့ မဖြစ်စေဖို့နဲ့ နိုင်ငံ့ စီးပွားရေးအတွက် အခွန်အကောက်တွေ၊ အတိုးနှုန်းတွေ လျှော့ပေးမယ်လို့ ပြောဆိုလိုက်ပါတယ်။
2020-03-16
ဗစ်တိုးရီးယား ကလေးငယ်အမှုနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ကလေးငယ်ရဲ့ အချက်အလက်တွေကို ထုတ်ဖော်ပြောခဲ့တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲအရာရှိ သုံးဦးနဲ့ ရဲဇာနည် ပေ့ချ် အက်ဒမင်တို့ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်သွားမယ်လို့ ဗစ်တိုးရီးယား အမှုမှန်ပေါ်ပေါက်ရေးကော်မတီက စာရေးဆရာထင်လင်းဦးက ဒီနေ့ ပြောပါတယ်။
2020-03-16
ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး အစိုးရကချမှတ်လိုက်တဲ့ ခရီးသွားကန့်သတ်ချက်နဲ့ သီးသန့်ခွဲထားမယ့်အစီအစဉ်တွေကို ကြိုဆိုသူရှိသလို မလုံလောက်ဘူးလို့ ထင်သူတွေလည်းရှိပါတယ်။
2020-03-16
ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်ပြီးနောက် ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကို နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီက ခေါ်ယူကျင်းပရမယ်ဆိုတဲ့ ပြဌာန်းချက်ကို ပယ်ဖျက်ဖို့ ကြိုးစားခဲ့ပေမယ့် တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ ထောက်ခံမဲ မရတဲ့အတွက် ၇၅ ရာခိုင်နှုန်း မကျော်ဘဲ ရှုံးနိမ့်ခဲ့ပါတယ်။