သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-09-21
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ မနေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံပြီး ၂ နိုင်ငံ မဟာဗျူဟာ ဆက်ဆံရေးနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
2011-09-21
နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက်မရှိ လွှတ်ပေးခြင်းအားဖြင့်လည်း ရှေ့ဆက်ပြီး ငြိမ်းချမ်းရေးရဖို့ လမ်းစပေါ်အောင် ဆောင်ရွက်နိုင်စွမ်း ဖြစ်နိုင်ပါစေလို့ ဆုတောင်းပြီး အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားမှာ ပြောဆိုခဲ့ကြောင်း အဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးတင်ဦးက RFA ကို ပြောပါတယ်။
2011-09-20
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လွှတ်တော် နိုင်ငံရေးမှာ ပါဝင်လာမယ်ဆိုရင် ကြိုဆိုရမှာ ဖြစ်တယ်လို့ ပြည်ထောင်စု လွှတ်တော် အကြီးအကဲ ဦးခင်အောင်မြင့်က ပြောကြား လိုက်ပါတယ်။
2011-09-20
HRDP လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ရက်က ဦးဆောင်ပြီး မန္တလေးမြို့မှာ လူ့အခွင့်အရေး ပညာပေး ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့တယ်လို့ သိရပါတယ်။
2011-09-20
မြစ်ဆုံ ရေကာတာ စီမံကိန်းနဲ့ပတ်သက်လို့ ဝန်ကြီးအဆင့် ဆွေးနွေးပွဲအပြီး ပြည်တွင်း မြန်မာ သတင်းထောက်တွေက မေးမြန်းခဲ့တဲ့ အချက်တွေဟာ မှတ်သားလောက်တယ်လို့ ပြည်တွင်း သတင်းစာ ဆရာတွေက ချီးကျူးလိုက်ကြပါတယ်။
2011-09-20
မြန်မာနိုင်ငံမှာ သတင်းမီဒီယာတွေကို ဆက်လက်ပြီး တင်းတင်းကျပ်ကျပ် စိစစ် ဖြတ်တောက် နေတာ ဟာ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ဖီလာဆန့်ကျင် ဖြစ်နေတယ်လို့ သတင်းစာဆရာများ ကာကွယ် စောင့်ရှောက်ရေး ကော်မတီ CPJ က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2011-09-20
မြန်မာပြည်တွင်းမှာ ပိတ်ပင်ထားတဲ့ RFA၊ DVB၊ BBC စတဲ့ အင်တာနက် စာမျက်နှာတွေကို အစိုးရက ဖွင့်ပေးလိုက်ပြီ ဆိုပေမယ့် သတင်းထောက် ၁၇ ဦးကို ဆက်လက် ဖမ်းဆီးထားသလို အင်တာနက် မြန်နှုန်းကလဲ နှေးကွေး လေးလံ နေဆဲပဲလို့ ပြင်သစ်နိုင်ငံ အခြေစိုက် RSF ခေါ် နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ဒီနေ့ ထုတ်ပြန် ကြေညာ လိုက်ပါတယ်။
2011-09-20
မြန်မာနိုင်ငံကို ၂ဝ၁၄ ခုနှစ် အာစီယံ အလှည့်ကျ ဥက္ကဌတာဝန် ပေးမပေး ဆိုတာကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ သဘောထားကို ခံယူပြီး ဆုံးဖြတ်မယ့် အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ဒီကနေ့ ပြောလိုက်ပါတယ်။
2011-09-20
မြစ်ဆုံ ရေကာတာ တည်ဆောက်မှုနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ ဒီကနေ့ တစ်ကိုယ် တော် ဆန္ဒပြမှု တစ်ခု ဖြစ်ခဲ့တယ်လို့ RFA က စုံစမ်း သိရပါတယ်။
2011-09-20
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ပြင်ဦးလွင် မဲဆန္ဒနယ်အမှတ်-၂ ကနေ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ် တင်မြှောက် ခံခဲ့ရတဲ့ ဦးပီတာလင်းပင်ဟာ မနေ့က မြန်မာနိုင်ငံကို ပြန်သွားတယ်လို့ သိရပါတယ်။
2011-09-19
ကချင်ပြည်နယ်မှာ တရုတ်အစိုးရက တည်ဆောက်နေတဲ့ မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းဖို့ အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်ရောက် မြန်မာ့အရေး လှုပ်ရှားနေသူတွေက ဆန်ဖရန်စစ္စကိုမြို့ တရုတ် ကောင်စစ်ဝန်ရုံးရှေ့မှာ စက်တင်ဘာလ ၁၉ ရက်က ဆန္ဒပြခဲ့ကြပါတယ်။
2011-09-19
မြန်မာနိုင်ငံမှာ သက်ဆိုင်သူ အားလုံး ပါဝင်တဲ့ အသွင် ကူးပြောင်းရေး ဖြစ်ပေါ်လာဖို့ အတွက် မြန်မာ အစိုးရ အနေနဲ့ ပြုပြင် ပြောင်းလဲရေးတွေကို ရှေ့ဆက် ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။
2011-09-19
မြန်မာနိုင်ငံ တိုင်းရင်းသား ဒေသတွေမှာ အပစ်အခတ် ရပ်စဲရေး အတွက် နိုင်ငံတကာ အစိုးရတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေက မြန်မာ အစိုးရကို ဖိအားပေး တိုက်တွန်းဖို့ ပြည်ပရောက် ကရင် တိုင်းရင်းသား အဖွဲ့အစည်းတွေက ဒီကနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2011-09-19
အမေရိကန်၊ အီးယူ၊ ကနေဒါ စတဲ့ ချမ်းသာတဲ့ နိုင်ငံတွေ အနေနဲ့ ဆင်းရဲတဲ့ နိုင်ငံတွေနဲ့ ကုန်သွယ်ရေးမှာ GSP အစီအစဉ် အရ အခွန်လျှော့ပေးတဲ့ အထွေထွေ ဦးစားပေး အခွင့်အရေးတွေကို မြန်မာနိုင်ငံကို ပေးအပ်ဖို့ မသင့်လျော်သေးကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUB) က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
2011-09-19
ရန်ကုန်မြို့က တရုတ်သံရုံးရှေ့မှာ မြစ်ဆုံ ရေကာတာ အတွက် ဆန္ဒပြမယ်ဆိုတဲ့ သတင်းကြောင့် သတင်းထောက်တွေ အပါအဝင် လူ ၅၀ လောက်ဟာ ရန်ကုန်ရှိ တရုတ်သံရုံးရှေ့မှာ ဒီကနေ့ စုဝေးခဲ့ကြတယ်လို့ သိရပါတယ်။