သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-10-06
အိမ်အကူမိန်းကလေးနှစ်ဦးကို ညှဉ်းပန်းနှိပ် စက်ခဲ့တဲ့ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ၆ ဦးကို ဒီကနေ့ ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့ပေမယ့် အင်းဝ အုပ်ချုပ်ဆိုင်ဖက် က ရှေ့နေမစုံတာကြောင့် အမှုကို မစစ်ဆေးဘဲ လာမယ့် အောက်တိုဘာလ ၁၃ ရက်နေ့ကို ချိန်းဆိုလိုက် ပါတယ်။
2016-10-06
တာမွေမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှာ အမျိုးသားရေး လှုပ်ရှားသူတွေထဲက သတင်းသမား ကိုမြတ်သူကျော်ကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့အမှု အတွက် ဒီကနေ့ ဗဟန်းမြို့နယ် တရားရုံးမှာ ရုံးချိန်းရှိ ခဲ့ပေမယ့် တရားစွဲဆိုခံရသူတွေဘက်က လာရောက်ခြင်း မရှိပါဘူး။
2016-10-06
မွန်ပြည်နယ် သထုံမြို့မှာ အာဇာ နည်ကျောက်တိုင် ဆောက်လုပ် ဖို့မြေနေရာ ပြန်ပေးဖို့အဆိုကို ဒီနေ့ ပြည်နယ်လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။
2016-10-06
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ၄ ဦးကို နှုတ်ထွက်ခွင့်ပြု လိုက်ကြောင်း နိုင်ငံတော်သမ္မတက ဒီကနေ့ အမိန့်ထုတ်ပြန်ုလိုက်ပါတယ်။
2016-10-06
ကချင်ပြည်နယ်မှာ အစိုးရတပ်မတော် နဲ့ ကေအိုင်အေတပ်ဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ပေးဖို့ မြစ်ကြီးနားမြို့ မှာ လူပေါင်း တစ်သောင်းကျော် ဆန္ဒပြတောင်းဆိုခဲ့ ကြပါတယ်။
2016-10-06
မြန်မာ့သဘာဝဓာတ်ငွေ့ တင်သွင်းနိုင်အောင် အိန္ဒိယနိုင်ငံရဲ့ အကူ အညီရရှိဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကြိုး စားနေတယ်လို့ ဒက္ကာမြို့ထုတ် Daily Sun သတင်းစာမှာ မနေ့က ဖော်ပြလိုက်ပါတယ်။
2016-10-06
မြန်မာနိုင်ငံဟာ အခုနှစ်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၇.၈% ရှိလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က ဗုဒ္ဓဟူးနေ့မှာ ပြောကြား လိုက်ပါတယ်။
2016-10-06
အမေရိကန်ပြည်ထောင်စုမှာ လာရောက် အခြေချနေထိုင်လိုတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ၂ဝ၁၈ ခုနှစ်အတွက် Diversity Visa Program (DV-2018) ကို အောက်တိုဘာ ၄ ရက်က စပြီး လျှောက်ထားနိုင်ပါပြီ။
2016-10-06
မိတ္ထီလာမြို့ကနေ ၂ဝ၁၃ ခုနှစ် လူမျိုးရေးနဲ့ ဘာသာရေး အဓိကရုဏ်းကြောင့် ဒုက္ခ သည်စခန်းတွေမှာ သွားရောက်နေထိုင်ရာ ကနေ အာဏာပိုင်တွေက နှင်ထုတ်တဲ့အတွက် ပြီးခဲ့တဲ့ စနေနေ့က မူလနေထိုင်ရာ ရန်မျိုးအောင်နဲ့ မင်္ဂလာဇေယျုံ ရပ်ကွက်တွေမှာ ပြန်လည်နေထိုင်ဖု့ိ ရောက်လာတဲ့ မွတ်စ လင် မိသားစုတချို့ကို ဒေသခံပြည်သူတွေက လက်မခံ ဘဲ မောင်းထုတ်ခဲ့ကြတယ်လို့ ဧရာဝတီသတင်းဌာန က အောက်တိုဘာ ၅ ရက်နေ့မှာ ဖေါ်ပြလိုက်ပါတယ်။
2016-10-05
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေထိုင် ရာနေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဇေယျ သိဒ္ဒိ ရပ်ကွက် မြနန်းဘုံသာလမ်း အိမ်နံပါတ် ၃၃ မှာ နေထိုင် တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်လမ်းထိပ်မှာ အောက်တို ဘာလ ၄ ရက် မနေ့ကစပြီး လုံခြုံရေးရဲကင်း တခုချထားတာ ကို တွေ့ရပါတယ်။
2016-10-05
ပြည်သူ့လွှတ်တော်မှာ အတည်ပြုထားတဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို အမျိုးသား လွှတ်တော် မှာ ပြင်ဆင်ဖြည့်စွက်ဆွေးနွေးမယ့် ကိုယ်စားလှယ် မရှိတဲ့အတွက် ပြည်သူ့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် အတိုင်း ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2016-10-05
ပြည်ထောင်စုအစိုးရရဲ့ ဘတ်ဂျက်ထဲ က ငွေကျပ် ၁ ဒဿမ ၅၉ ဘီလျံကို တစ်နိုင် ငံလုံးမှာရှိတဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနတွေအတွက် ခွဲဝေသုံးစွဲ ဖို့ ပြည်ထောင်စုအစိုးရက ခွင့်ပြုလိုက်ပါတယ်။
2016-10-05
တနင်္သာရီတိုင်းဒေသကြီး တနသာၤရီမြို့ နယ် ကြိမ်ချောင်းတလျှောက်မှာ တရားမဝင် သတ္ထုတူးဖော်နေတဲ့ ကုမ္ပဏီတွေကို ရပ်နားဖို့ ညွှန်ကြားထားပေမယ့် ဆက်လက်တူးဖော်နေ တာကြောင့် အဲဒီကုမ္ပဏီတွေကို တရားစွဲဆို သွားမယ်လို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင် က ပြောပါတယ်။
2016-10-05
အစိုးရတပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ DKBA ခွဲထွက်အဖွဲ့အနေနဲ့ ကရင်အမျိုးသား အစည်းအရုံး KNUနဲ့ ပြန်လည်ပူးပေါင်းဖို့ လက်ခံကြိုဆိုကြောင်း KNU က ဒီကနေ့ ရက်စွဲနဲ့ ကြေညာ ချက်ထုတ်ပြန်လိုက်ပါတယ်။
2016-10-05
ကရင်ပြည်နယ် မြဝတီမြို့မှာ ဖွင့်လှစ်ထား တဲ့ ကာစီနိုလောင်းကစားရုံတွေကို စစ်ဆေးတွေ့ရှိရင် ဥပဒေအတိုင်း အရေးယူ သွားမယ်လို့ ကရင်ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီး ကြည်လင်း က ပြောပါတယ်။