သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-10-09
တစ်နိုင်ငံလုံးမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ပါတီရုံးခန်းတွေ ဖွင့်လှစ်ဖို့အတွက် ပါတီဗဟိုကနေ တစ်မြို့နယ်ကို ငွေကျပ် သိန်း ၁၅၀ ချထားပေးမယ်လို့ သိရပါတယ်။
2017-10-09
ထိုင်းနိုင်ငံမှာ အထောက်အထား သက်သေခံလက်မှတ် CI ထုတ်ပေးတဲ့ စခန်းတွေမှာ ငွေကြေးတောင်းခံတာတွေရှိတယ်ဆိုတဲ့ တိုင်ကြားမှုတွေကြောင့် မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ထိုင်းနိုင်ငံဘက်က တာဝန်ရှိသူတွေ ဝင်ရောက်စစ်ဆေးတာတွေရှိတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။
2017-10-08
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံနေတဲ့ ဒုက္ခသည်တွေကို စိစစ်ပြီးထားဖို့ အတွက် တောင်ပြိုလက်ဝဲနဲ့ ငခူရတို့မှာ ယာယီစခန်းတွေဖွင့်လှစ်ဖို့ လျာထားတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကနေ သိရပါတယ်။
2017-10-08
မွန်တစ်ပါတီတည်းဖြစ်ရေး ဆွေးနွေးကြမယ့် မွန်အမျိုးသားညီလာခံကို လာမယ့် ၂၀၁၈ ဇန်နဝါရီလမှာ ကျင်းပမှာဖြစ်ပြီး မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာပါတီတို့ကို တက်ရောက်ဖို့ဖိတ်ခေါ်သွားမယ်လို့ မွန်ညီညွတ်ရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး နိုင်စိုးအောင်က ပြောပါတယ်။
2017-10-08
စာပေဟောပြောပွဲကနေ ပြန်လာတဲ့ စာရေးဆရာ ညီမင်းညို စီးလာတဲ့ကားကို ခဲနဲ့ပေါက်ခဲ့သူ ၂ ဦးထဲက ၁ ဦးကို မနေ့က ဖမ်းမိထားပြီး စစ်ကိုင်းမြို့မ ရဲစခန်းမှာ ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်ထားပါတယ်။
2017-10-08
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် အုပ်ချုပ်ရေးမှူးကို အဂတိလိုက်စားလို့ဆိုပြီး ထိထိရောက်ရောက် အရေးယူပေးဖို့ ဒေသခံ ၁၅၀၀ လောက်က ဒီကနေ့ ကနီမြို့နယ်မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
2017-10-08
ငြိမ်းချမ်းရေး အမြန်ဆုံးရရှိအောင် စစ်ဘေးကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြတဲ့ အမျိုးသမီးတွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဗဟိုအမျိုးသမီးကော်မတီဥက္ကဋ္ဌ ဒေါက်တာမေဝင်းမြင့်က ဒီနေ့ တိုက်တွန်းခဲ့ပါတယ်။
2017-10-08
ထိုင်းနိုင်ငံ ရေလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားအပါအဝင် နိုင်ငံခြားသားရေလုပ် သားတွေကို လှေလုပ်သားကတ်ဖြစ်တဲ့ Seabook တွေထုတ်ပေးဖို့နဲ့ လစာကို ဘဏ်စနစ်နဲ့ပေးဖို့ ထိုင်းအစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းက ညွန်ကြားထားပါတယ်။
2017-10-08
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်ပြီး ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် ပြုလုပ်မယ့် ဘာသာပေါင်းစုံဆုတောင်းပွဲကို လူဦးရေ ၃သောင်းလောက် တက်ရောက်မယ်လို့ဖြစ်တယ်လို့ ရန်ကုန်တိုင်း NLD ပါတီ ဒုဥက္ကဌ ဒေါက်တာစိုးဝင်းဦး က ပြောပါတယ်။
2017-10-07
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုအမျိုးသမီးလုပ်ငန်းကော်မတီဟာ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်း ၄ ခုကို သွားရောက်ပြီး အကူအညီတွေ ပေးအပ် ခဲ့တယ်လို့ ဗဟိုအမျိုးသမီးလုပ်ငန်းကော်မတီဝင်ဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာ က ပြောပါတယ်။
2017-10-07
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့ စာပေဟောပြောပွဲကနေ ပြန်လာတဲ့ စာရေးဆရာ ညီမင်းညို လိုက်ပါလာတဲ့ကားကို စစ်ကိုင်းမြို့နယ် ကျောက်ဆည်ရွာထိပ်နားမှာ လူနှစ်ယောက်က ခဲနဲ့ပစ်ပေါက်တာကြောင့် စာရေးဆရာ ညီမင်းညို မျက်နှာမှာ ဒဏ်ရာရရှိခဲ့ပါတယ်။
2017-10-07
အမျိုး၊ ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) အဖွဲ့ဝင်ဟောင်းတွေ ဦးဆောင်မယ့် မျိုးချစ်ညီညွတ်ရေးပါတီရဲ့ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားမှုကို ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနတို့က စစ်ဆေးနေဆဲဖြစ်တယ်လို့ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်းက ပြောပါတယ်။
2017-10-07
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ကေအိုင်အေ တပ်ရင်း ၃ က ဖမ်းဆီးခေါ်ဆောင်သွားသူ အယောက် ၄၀ ထဲက ရှမ်းတိုင်းရင်းသား ၆ ယောက်ကို ပြန် လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
2017-10-07
ရခိုင်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်ရွက် ချက်တွေအပေါ် ထောက်ခံပွဲကို ဒီနေ့ညနေပိုင်းက မန္တလေးမြို့မနော်ရမ္မံ လူထုဟစ်တိုင်ကွင်း မှာ ပြုလုပ်ခဲ့ပြီး လူဦးရေ သောင်းနဲ့ချီပြီး တက်ရောက်ခဲ့ကြပါတယ်။
2017-10-06
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြိုနဲ့ ကျွန်းစုမြိုနယ်တွေမှာ စက်တင်ဘာ ၃၀ ရက်နေ့ကနေ အောက် တိုဘာ ၃ ရက်နေ့အထိ ၄ ရက်အတွင်း တရားမဝင်သစ်တန်ချိန် ၄၀၀ကျော်ကို ဖမ်းဆီးရမိတယ်လို့ တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇေယျ က ပြောပါတယ်။