သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-10-16
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်းဘာဂနာက ရခိုင်ပြည်နယ်ရဲ့ ပြဿနာဟာ ထင်ထားတာထက် သိမ်မွေ့နက်နဲပြီး ရှုပ်ထွေးနေတဲ့အတွက် အချိန်ယူ ဖြေရှင်းရမှာဖြစ်သလို သူ့အနေနဲ့ ဒီအခြေအနေတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေ နားလည်အောင် ရှင်းပြသွားမယ့်အကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ကို ပြောဆိုခဲ့တယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
2018-10-15
မကွေးလေတပ်က F7 တိုက်လေယာဉ်အမျိုးအစားနှစ်စင်း ဒီနေ့မနက်က လေ့ကျင့်ပျံသန်းစဉ်မှာ မင်းဘူး-စကုမြို့ကြားမှာ ပျက်ကျခဲ့တာကြောင့် မောင်းနှင်သူ နှစ်ဦး သေဆုံးခဲ့သလို ဒေသခံ အလယ်တန်းကျောင်းသူတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
2018-10-15
မြန်မာနိုင်ငံက Facebook လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ရခိုင်ပြည်နယ်က မွတ်စလင်တွေနဲ့ ပတ်သက်ပြီး လှုံ့ဆော်နေတဲ့ သတင်းတွေရဲ့နောက်ကွယ်မှာ မြန်မာ့တပ်မတော်ရှိနေတယ်လို့ နယူးယောက် တိုင်းသတင်းစာက ဖော်ပြပါတယ်။
2018-10-15
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်က ဖုယွင် အထည်ချုပ်စက်ရုံရှေ့မှာ သပိတ်မှောက်ဆန္ဒပြနေတဲ့ အလုပ်သမားတွေကို လက်ရှိ စက်ရုံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေနဲ့ အမည်မသိ လူတစ်စု ပူးပေါင်းပြီး ဒီနေ့မနက်က ဝင်ရောက် ရိုက်နှက်ဖြိုခွဲခဲ့တာကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ဆန္ဒပြအလုပ်သမား ၂၅ ဦးဟာ စံပြဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။
2018-10-15
သတင်းလွတ်လပ်ခွင့်ရရှိရေးနဲ့ မတရား ဖမ်းဆီးခံရတဲ့ သတင်းသမားတွေ ပြန်လည် လွတ်မြောက်ရေးအတွက် စစ်ကိုင်းမြို့ အခြေစိုက်တဲ့ သတင်းထောက် ၁၀ ဦးလောက်က ဒီကနေ့ စစ်ကိုင်းမြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
2018-10-15
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကျောက်စိမ်းလုပ်ကွက်တစ်ခုမှာ သတ်မှတ်ချိန်မဟုတ်ဘဲ ရေမဆေးကျောက် ဝင်ရောက်ရှာဖွေတဲ့သူတွေကို ရဲတပ်ဖွဲ့က သေနတ်နဲ့ ခြောက်လှန့် ပစ်ခတ်တားဆီးရာကနေ ကျောက်ရှာတဲ့သူတစ်ဦး ဒီနေ့ မနက်က ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖားကန့် မြို့မရဲစခန်းကနေ သိရပါတယ်။
2018-10-15
ရခိုင်ပြည်နယ် မောင်တောဒေသမှာ အကြမ်းဖက်တိုက်ခိုက်ခဲ့သူတွေကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရ်ှ အစိုးရတို့ ပူးပေါင်းပြီး အရေးယူတိုက်ဖျက်နိုင်ရေးအတွက် ကုလသမဂ္ဂအနေနဲ့ ကြားဝင်ဆောင်ရွက် ပေးဖို့ မောင်တောမြို့ခံတွေက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်းဘာဂနာကို ဒီနေ့ တင်ပြလိုက်တယ်လို့ သိရပါတယ်။
2018-10-15
နိုင်ငံဘဏ္ဍာငွေတွေ ဆုံးရှုံးနစ်နာမှုကို အရေးယူပေးဖို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်း တိုင်ကြားထားတဲ့ တိုင်စာကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ လက်ခံရရှိထားပြီး လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်လက် ဆောင်ရွက်သွားမယ်လို့ ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
2018-10-15
တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည်တွေ လွတ်မြောက်ရေးအတွက် မြစ်ကြီးနားမြို့မှာ ဆန္ဒပြခဲ့ရာမှာ ဦးဆောင်ခဲ့တဲ့အတွက် ကချင်တိုင်းရင်းသားနိုင်ငံရေးလှုပ်ရှားသူ ၃ ဦး အပေါ် အသရေဖျက်မှု ပုဒ်မ ၅၀၀နဲ့ အမှုဖွင့် အရေးယူထားတာကို ပြန်ရုပ်သိမ်းပေးဖို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး AI နဲ့ ပြည်သူများအရေး ကမ္ဘာ့မဟာမိတ်အဖွဲ့ဖြစ်တဲ့ CIVICUS (စီဗစ်ကပ်စ်) အဖွဲ့တို့က မြန်မာ အာဏာပိုင်တွေကို ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
2018-10-15
PSLF/TNLA ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးက ထောင် ၃ နှစ် ချမှတ်ထားတဲ့ ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့က ရှမ်းအမျိုးသမီး နန်းမိုဟွမ်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီကနေ့ လွှတ်ပေးလိုက်ပါတယ်။
2018-10-15
တပ်မတော်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်တွေအနေနဲ့ စစ်မြေပြင်မှာ တိုက်ခိုက်ဖို့ သတ္တိလိုသလို နိုင်ငံရေးဆုံးဖြတ်ချက်တွေ ချမှတ်ရေးအတွက်လည်း သတ္တိလိုကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားလိုက်ပါတယ်။
2018-10-14
မလေးရှားနိုင်ငံ Cameron Highlands ကမရွန်း ဟိုင်းလန်းစ် ခရိုင် Kuala Terla ကွာလာတားလာမြို့မှာ တနင်္ဂနွေနေ့ အာရုံမတက်မီ မနက် ၃ နာရီခန့်က မြေပြိုကျတဲ့အတွက် မြန်မာနိုင်ငံသား ၃ ဦး သေဆုံးသွားပါတယ်။
2018-10-14
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆေးရုံမှာ အဆုတ်ရောဂါနဲ့ မနေ့ညက ပျံလွန်တော်မူခဲ့တဲ့ မြိုင်ကြီးငူဆရာတော် အရှင် သုဇနရဲ့ ရုပ်ကလာပ်ကို ကရင်ပြည်နယ် မြိုင်ကြီးငူဒေသကို ဒီနေ့ ပြန်လည်ပင့်ဆောင်လာပါတယ်။
2018-10-14
ကယားပြည်နယ်အစိုးရရဲ့ တင်ဒါအောင်မြင်ထားတဲ့ ကုမ္ပဏီတွေထဲက အရည်အသွေးမပြည့်မီဘဲ ဆောက်ရွက်ထားတဲ့ ကုမ္ပဏီတွေနဲ့ လုပ်ငန်းရှင်တွေကို အရေးယူပေးဖို့ ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ ပြည်နယ်လွှတ်တော်က တင်ပြလိုက်ပါတယ်။
2018-10-14
နှစ်လနီးပါးကြာ သပိတ်စခန်းဖွင့် ဆန္ဒပြနေတဲ့ ဖုယွင်အထည်ချုပ်စက်ရုံ အလုပ်သမားတွေ အပါအဝင် စက်ရုံ ၇ ရုံက ရာနဲ့ချီတဲ့ အလုပ်သမား သမဂ္ဂအဖွဲ့ဝင်တွေဟာ အလုပ်ရှင်၊ အလုပ်သမား ပြဿနာတွေကိုအမြန်ဆုံး ဖြေရှင်းပေးဖို့ ဒီနေ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့တဲ့အပြင် ဆူးလေဘုရားလမ်းကနေ အနော်ရထာလမ်း၊ ပန်းဆိုးလမ်းအတိုင်း ချီတက်ဆန္ဒပြခဲ့ပါတယ်။