သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-11-01
လှိုင်သာယာမြို့နယ် ရန်ကုန် - ပုသိမ် လမ်းမကြီးတလျှောက်က ကျန်နေတဲ့ ကျူးကျော်တဲတွေကို နိုဝင်ဘာလ ၁ ရက် ဒီနေ့မနက်ပိုင်း စစ်ကောင်စီတပ်သားတွေက ဘူဒိုဇာ အပါအဝင် အင်အားအများအပြားနဲ့ လာရောက်ဖျက်ဆီးနေတာကြောင့် လမ်းတွေအားလုံး ပိတ်နေတယ်လို့ လှိုင်သာယာ ဒေသခံတွေက ပြောပါတယ်။
2021-11-01
နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးပြီးသူတွေ ထိုင်းနိုင်ငံ ကို ရောဂါကင်းရှင်းကြောင်း စောင့်ကြည့်စစ်ဆေးမှု မလိုဘဲ ဝင်ရောက်နိုင်မယ်လို့ ကြေညာတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ စာရင်းထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်လာပါတယ်။
2021-11-01
စစ်ကိုင်းတိုင်း ကလေးမြို့မှာ အောက်တိုဘာ ၃၁ ရက် မနေ့ညနေ ၇ နာရီခန့် က အောင်မေတ္တာရပ်ကွက် ပြင်သာ သုသာန်အနီးမှာ အမျိုးသားလေးဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့မနက်က ပြောပါတယ်။
2021-11-01
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို အလိုမရှိကြောင်း ဆန့်ကျင်ဆန္ဒပြမှုကို တောင်ကိုးရီးယား နိုင်ငံရောက် ဒယ်ဂူးဆရာတော် ဦးဝိသုတ ဦးဆောင်ပြီး၊ မြန်မာတွေနဲ့ ကိုရီးယားလူမျိုးတွေက တောင်ကိုရီးယားနိုင်ငံ အူဆန်မြို့မှာ အောက်တိုဘာလ ၃၁ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
2021-11-01
ချင်းပြည်နယ် ထန်တလန်မြို့မှာ စနေနေ့က စစ်ကောင်စီတပ်တွေက အိမ်တွေကို တိုက်ခိုက် မီးရှို့တဲ့ လုပ်ရပ်အတွက် အမေရိကန်ပြည်ထောင်စုက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က အောက်တိုဘာလ ၃၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
2021-10-31
ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ဆင်မလိုက်မှတ်တိုင်အနီးမှာ YBS 20 ခရီးသည်တင်ယာဉ်လိုင်းက ဘတ်စ်ကား တစ်စီး အောက်တိုဘာ ၃၁ ရက် ဒီနေ့မနက်ပိုင်းက မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-10-31
မန္တလေးမြို့ ပညာရေးကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်းက လူငယ် ခြောက် ယောက်ကို စစ်ကောင်စီ တပ်တွေက အောက်တိုဘာလ ၃၀ ရက် မနေ့ညပိုင်းမှာ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
2021-10-31
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ယောက်သွားအိုင်ရွာကို အောက်တိုဘာ ၃၀ ရက် မနေ့က စစ်တပ်နဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းခဲ့ရာ လူငယ်တစ်ဦး သေနတ် နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-10-31
ချင်းပြည်နယ် ထန်တလန်မြို့မှာ အောက်တိုဘာ ၂၉ ရက်နေ့က မီးလောင်ကျွမ်းခဲ့ပြီးနောက် စစ်အာဏာရှင် ဖြုတ်ချရေးအတွက် ချင်းပြည်နယ်က သွေးချင်းတွေနဲ့အတူ ရပ်တည်တယ်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုက အောက်တိုဘာ ၃၀ ရက် မနေ့က ထုတ်ပြန်လိုက်ပါတယ်။
2021-10-30
ထန်တလန်မြို့မှာ အရပ်သားတွေရဲ့ နေအိမ် ၃၀၀ ဝန်းကျင်နဲ့ ဘာသာရေးအဆောက်အအုံတွေ မီးလောင်ပျက်စီးခဲ့ရတာတွေနဲ့ ပတ်သက်ပြီး NUG ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်က အောက်တိုဘာလ ၃၀ ရက် ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
2021-10-30
ချင်းပြည်နယ် ထန်တလန်မြို့မှာ မနေ့က လောင်ကျွမ်းတဲ့မီးဟာ စစ်တပ်ရဲ့ လက်ချက်ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပေမယ့် ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒီမီးဟာ စစ်တပ်ကရှို့တာ မဟုတ်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။ ဒေသခံ CDF နဲ့ အရပ်ဘက်လူ့အခွင့်အရေးအဖွဲ့တွေကတော့ စစ်တပ်ကရှို့တာလို့ စွပ်စွဲထားတာပါ။
2021-10-30
စစ်ကိုင်းတိုင်း ကျွန်းလှနဲ့ တန့်ဆည်မြို့နယ်ထဲမှာ ဒေသခံ ခုခံကာကွယ်ရေးတပ် PDF တွေ ရှိနေနိုင်တယ်လို့ ယူဆတဲ့ နေရာတွေကို စစ်ကောင်စီဘက်က တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
2021-10-30
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မကျီးအုပ်ကျေးရွာကို စစ်တပ်နဲ့ လက်နက်ကိုင် ပျူစောထီးအဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့ပြီး အိမ်ခြေ ၅၀ လောက်ကို ဝင်ရောက်မွှေနှောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-10-30
ချင်းအမျိုးသားတပ်ဦး (CNF\CNA) ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ လျန်မှုန်းဆာခေါင်းရဲ့ ချင်းပြည်နယ် ဟားခါးမြို့က သူ့နေအိမ်ကို စစ်ကောင်စီက နိုင်ငံပိုင်အဖြစ်နဲ့ သိမ်းဆည်းလိုက်ပါတယ်။
2021-10-30
မြန်မာ့အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂရဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေ အချိန်နဲ့တပြေးညီ လိုအပ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။