သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-10-09
ဥပဒေနဲ့ ဆန့်ကျင်သူတွေထဲမှာပါဝင်ခဲ့မှုနဲ့ ထောင်ဒဏ် ၈ လ အမိန့်ချမှတ်ခံခဲ့ရတဲ့ မြောက်ဦးမြို့နယ် က ဒေသခံ ၈ ဦးကို ရဲက နိုင်ငံတော်အလံဥပဒေနဲ့ ထပ်မံဖမ်းဆီးတရားစွဲဆိုတာကို မြောက်ဦး မြို့နယ် တရားရုံးက ဒီနေ့ ပယ်ချလိုက်ပါတယ်။
2018-10-08
ရခိုင်ပြည်နယ် ပြဿနာဖြေရှင်းရေးမှာ မြန်မာအစိုးရရဲ့ နားလည်မှုစာချွန်လွှာ အရေးကြီးတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပြောပါတယ်။
2018-10-08
မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ငြိမ်းချမ်းရေးနိုဘယ်ဆုက ဖြေရှင်းမပေးနိုင်ဘူးလို့ တရုတ်အစိုးရအာဘော် Global Times သတင်းစာ ခေါင်းကြီးပိုင်းက ရေးသား ဖော်ပြခဲ့ပါတယ်။
2018-10-08
ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်အရေးနဲ့ ပတ်သက်ပြီး အစိုးရက ကိုင်တွယ် လုပ်ဆောင်နေတာတွေကို ပိုမိုပြီး ပွင့်လင်းမြင်သာမှုရှိအောင် လုပ်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကတိပေး ပြောကြားလိုက်ပါတယ်။
2018-10-08
TNLA တအာင်းပလောင် လွတ်မြောက်ရေးတပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားတာ ၂ လနီးပါး ကြာနေပြီ ဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့က နန်းမိုဟွမ်ကို ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်ပြီလို့ TNLA ပြောခွင့်ရသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောပါတယ်။
2018-10-08
ဖိလစ်ပိုင် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်ခံရမှုတွေ နောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်တဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ အတွက် ဆပ်ကော်မတီတစ်ခု ထူထောင်ပြီး ကနဦးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပြီလို့ ဒီနေ့ အစိုးရသတင်းစာတွေမှာ သတင်းထုတ်ပြန်ပါတယ်။
2018-10-08
မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ လာမယ့် ၃ နှစ်အတွက် စီပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း လျော့ကျနေဦးမှာ ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2018-10-08
မြန်မာနိုင်ငံ ဒေသအသီးသီးက စပါးတွေကို တရုတ်နိုင်ငံကို မှောင်ခိုလမ်းကြောင်းကနေ တင်ပို့ရောင်းချနေတာတွေရှိတဲ့အတွက် နယ်စပ်ဂိတ်တွေမှာ စီးပွားကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနဲ့ အကောက်ခွန်ဌာနတို့က ကွင်းဆင်းစစ်ဆေးနေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2018-10-08
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံး နဲ့ ကိုကျော်စိုးဦး တို့ကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ ကမ္ဘာ့နိုင်ငံပေါင်း ၄၀ကျော်က သတင်းထောက် ၄၅၀ နီးပါးဟာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာပြုလုပ်တဲ့ စုံစမ်းထောက်လှမ်း ဖော်ထုတ် သတင်းစာဆရာများညီလာခံ (IJA18) မှာ တောင်းဆိုလိုက်ပါတယ်။
2018-10-08
အမျိုးသားရေး စာရေးဆရာ မောင်သွေးချွန်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ (ဂ)နဲ့ စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
2018-10-08
အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်ပို့လိုက်တဲ့ မွတ်စလင် ၇ ဦးကို သူတို့နေထိုင်ခဲ့တဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွေက ကျေးရွာအသီးသီးကို အစိုးရက ဒီနေ့ ပြန်လည်ပို့ဆောင်လိုက်ပါတယ်။
2018-10-08
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ဂျပန်နိုင်ငံ တိုကျိုမြို့ ရှီနာဂါဝါက မြန်မာသံရုံးရှေ့မှာ ဂျပန်နိုင်ငံရောက် ရခိုင်တိုင်းရင်းသား ၇၀ လောက် စုပေါင်းဆန္ဒပြခဲ့ကြောင်း ဆန္ဒပြရာမှာပါဝင်တဲ့ ကိုသော်ဇင်ဖြိုးက RFA ကို ပြောပါတယ်။
2018-10-08
ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ဖူကူရှီးမားခရိုင်က သဘာဝနည်းနဲ့ စိုက်ပျိုးတဲ့ ဥယျာဉ်ခြံတခုကို သွားရောက်လေ့လာခဲ့ပါတယ်။
2018-10-08
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်က စိန့်မာတင်ကျွန်းကို မြန်မာပိုင်အဖြစ် မြေပုံမှာ ပြင်ဆင်ရေးဆွဲ ထားတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင်ပြောဆိုလိုက်ပါတယ်။
2018-10-07
ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနဲ့ ကစထမှူးအပြင် တပ်မတော်က ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ် ၁ဝ ဦးကျော်ကို သက်ပြည့်ပင်စင်ပေးတာ၊ အနားပေးတာနဲ့ ရာထူးပြောင်းရွှေ့တာတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး လူမှုကွန်ရက်မှာ ပေါက်ကြားလာတဲ့သတင်းနဲ့ ပတ်သက်လို့ တပ်မတော်က ငြင်းဆိုလိုက်ပါတယ်။