သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-08-30
ဒီကနေ့ မနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အိမ်မြေပိုင်ဆိုင်တဲ့ အမှုနဲ့ ဆက်နွယ်နေတဲ့ အိမ်ပြင်ဆင်တာနဲ့ ပတ်သက်ပြီး ဦးအောင်ဆန်းဦး ဘက်က အထွေထွေ အယူခံတဲ့ အမှုအတွက် နှစ်ဘက် ရှေ့နေတွေ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တရားရုံးမှာ လျှောက်လဲချက် ပေးတယ်လို့ သိရပါတယ်။
2011-08-30
UWSA ၀ ပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ကို ပြည်နယ်အလိုက် ငြိမ်းချမ်းရေး စကားပြောဖို့ အစိုးရရဲ့ ၀ ကိုယ်ပိုင် အုပ်ချုပ်ရေးတိုင်း ဦးစီးကော်မတီက ကမ်းလှမ်းတာကို UWSA အဖွဲ့က ဘာအကြောင်း ပြန်ကြား ချက်မှ မပေးဘူးလို့ RFA ကို ပြောပါတယ်။
2011-08-30
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရေးသားတဲ့ စာတိုတပုဒ် ကို ပြည်သူ့ခေတ်ဂျာနယ်မှာ ပုံနှိပ် ဖေါ်ပြဖို့ တင်ပြခဲ့ပေမယ့် စာပေစီစစ်ရေးက ဖေါ်ပြခွင့်မပြုသေးဘူးလို့ သိရ ပါတယ်။
2011-08-30
အတိုက်အခံ ပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ ပါတီသစ် ခေါင်းဆောင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် တင်သွင်းတဲ့ ၂၁ရာစုနဲ့ ညီညွတ်တဲ့၊ ဂုဏ်သိက္ခာကို အာမခံနိုင်တဲ့ အကျဉ်းထောင် အက်ဥပဒေသစ် မူကြမ်းကို ပြည်သူ့ လွှတ်တော်မှာ မနေ့က ဆွေးနွေးခဲ့ပါတယ်။
2011-08-30
မြန်မာကွန်ပြူတာ ပညာရှင်တဦးရဲ့ တီထွင်ဖန်တီးမှုနဲ့ အင်တာနက် Gtalk ကတဆင့် ပါဠိ- မြန်မာ- အင်္ဂလိပ် အဘိဓာန် အလွယ်တကူ ကြည့်နိုင်ပြီလို့ သိရပါတယ်။
2011-08-29
ဘိုကလေးမြို့က အသက် ၁၆ နှစ်အရွယ် မောင်ကျော်နိုင်ဝင်းဟာ စစ်သားအဖြစ် စုဆောင်းခံ ထားရပြီး ဖောင်ကြီး လေ့ကျင့်ရေးကျောင်းမှာ ရောက်ရှိနေတဲ့အတွက် မိသားစုက ပြန်လည် ခေါ်ယူလိုကြောင်း ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
2011-08-29
ပြီးခဲ့တဲ့ သီတင်းပတ်က အလုပ်သမား ဝန်ကြီး ဦးအောင်ကြည် အဆိုပြု တင်သွင်းတဲ့ အလုပ်သမား အဖွဲ့အစည်း ဥပဒေမူကြမ်းကို နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ ပထမအကြိမ် ပြည်သူ့လွှွတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးမှာ အတည်ပြုလိုက် ကြောင်း သိရပါတယ်။
2011-08-29
မန္တလေးဗြဟ္မစိုရ်အသင်းက စေတနာ့ဝန်ထမ်း ဆရာဝန်တွေနဲ့ ဆေးဝန်ထမ်းအဖွဲ့ဟာ ရေဘေး ဒုက္ခသည်တွေ ရှိရာကို ဒီကနေ့ သွားရောက်ပြီး ကျန်းမာရေး ပြုစု စောင့်ရှောက်မှု ပေးခဲ့တယ်လို့ သိရပါတယ်။
2011-08-29
နိုင်ငံတော် ဘတ်ဂျက်သုံးစွဲမှု စောင့်ကြည့် စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဖို့ အဆိုတရပ်ကို ဒီမိုကရေစီ အင်အားစု လွှတ်တော်အမတ်တွေက လွှတ်တော် အစည်းအဝေးမှာ တင်သွင်းခဲ့ပေမယ့် ဒီအဆိုကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမတ်အများစုက ကန့်ကွက်ခဲ့ တာကြောင့် ပယ်ချခံရတယ်လို့ သိရပါတယ်။
2011-08-29
ပြီးခဲ့တဲ့ သီတင်းပတ်တွေကစပြီး ပြည်တွင်းမှာ အရင်က ပိတ်ဆို့ထားတဲ့ အင်တာနက်စာမျက်နှာ တချို့ကို ပုံမှန် ဖွင့်ကြည့်လို့ ရနေပြီလို့ အင်တာနက် သုံးစွဲသူတွေရဲ့ သတင်းတွေအရ သိရပါတယ်။
2011-08-29
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝကို ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ကား ကို နိုင်ငံတကာ Rome ရုပ်ရှင်ပြပွဲမှာ မကြာခင် ပြသတော့မယ်လို့ သိရပါတယ်။
2011-08-28
စာရေးဆရာ သန်းဝင်းလှိုင် ရေးသားပြုစုတဲ့ “ဒီမိုကရေစီ မိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်” စာအုပ်ကို တနင်္လာနေ့က စပြီး ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှာ စတင် ဖြန့်ဝေမယ်လို့ သတင်းရရှိပါတယ်။
2011-08-28
ဧရာဝတီတိုင်း ဟင်္သာတမြို့မှာ သြဂုတ်လ ၂၇ ရက်နေ့ ညက ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ် ဘာသာဝင်တွေ အကြား အခိုက်အတန့် တင်းမာမှု ဖြစ်ပွားခဲ့ပေမယ့် မြို့ပေါ်ရှိ သံဃာတော်များရဲ့ ကြားဝင် ဖြန်ဖြေမှုကြောင့် အခြေအနေဟာ အေးအေးချမ်းချမ်း ပြီးဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။
2011-08-27
မြစ်ဆုံရေကာတာ တည်ဆောက်မှုနဲ့ ဧရာဝတီမြစ် ပျက်စီးမယ့် စီမံကိန်းတွေ ကို ရပ်တန့်ပေးဖို့ တောင်းဆိုမှုတွေကို ဒီကနေ့ မန္တလေး၊ ဟင်္သာတ အပါအဝင် ဧရာဝတီ မြစ်ကြောင်းတလျှောက်က မြို့ကြီးတွေမှာ စတင် ပြုလုပ်နေကြောင်း သတင်း ရရှိပါတယ်။
2011-08-27
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှာ အကောင်အထည်ဖော်မယ့် ထားဝယ် ရေနက်ဆိပ်ကမ်း ဆောက်လုပ်ရေး စီမံကိန်းအတွက် ကျေးရွာ ၁၉ ရွာကို ဖယ်ရှားပေးဖို့ သက်ဆိုင်ရာက သတ်မှတ်လိုက်ပြီလို့ သိရပါတယ်။