သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-09-19
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်လန်တိုက် နယ်အနီးတဝိုက် ကျေးရွာတွေက ဒေသခံ ၅၀ ခန့်ကို မူးယစ် ဆေးဝါးသုံးစွဲမှုနဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA က မနေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့အတွက် ဒေသခံတွေကို ပြန်လွှတ်ပေးဖို့ အစိုးရဘက်က တောင်းခံထားတယ်လို့ ရှမ်းပြည် နယ်ရဲတပ်ဖွဲ့ ရဲမှူးချုပ်အောင်အောင် က ပြောပါတယ်။
2016-09-19
မန္တလေးတိုင်းဒေသကြီးက ရှေးဟောင်းပုဂံ ယဉ်ကျေးမှုနယ်မြေမှာ သြဂုတ်လအတွင်း က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ စေတီတွေ ကို ပြန်လည်ပြုပြင်ဖို့ အလှူငွေ ကျပ်သိန်းပေါင်း ၂ သောင်းကျော် ရရှိထားပါတယ်။
2016-09-19
ချင်းပြည်နယ် ပလက်ဝမြို့နယ် ပြိုင်စိုကျေး ရွာကနေ ကုလားတန်မြစ်ကမ်းဘေး က လောင်းတင်ရွာမှာ စစ်ဘေး တိမ်းရှောင်နေ ရတဲ့ ဒုက္ခသည် ၃၀၀ ကျော်ကို ၂၀၁၇ ခုနှစ် မတ်လမှာ နေရပ်ကို အပြီးပြောင်းရွှေ့ပေးနိုင်ဖို့ ချင်းပြည်နယ် အစိုးရအဖွဲ့က စီစဉ်နေပါတယ်။
2016-09-19
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်က ဘိုလေးကျွန်းကျေးရွာ၊ ညောင်ပင်စုကျေးရွာ နဲ့ နှစ်အိမ် တန်းကျေးရွာမှာ ဧရာဝတီမြစ်ရေတိုက်စား မှုကြောင့် ကမ်းပြိုနေတဲ့အတွက် ရွာလုံးကျွတ်နီးပါးနေ အိမ်တွေ အရေးပေါ် ပြောင်းရွှေ့နေရပါတယ်။
2016-09-19
တရားမဝင်သစ်ခိုးထုတ်တာတွေကို ဖမ်းဆီးတဲ့ သစ်တောဝန်ထမ်းတွေ လုံခြုံရေးအတွက် သစ်တော လုံခြုံရေးရဲတပ်ဖွဲ့ အင်အား ၂၀၀ ကျော်ကို တိုင်းနဲ့ ပြည်နယ် ၇ ခုမှာ တိုးမြှင့်တာဝန်ပေး လိုက်ပါတယ်။
2016-09-19
ကယားပြည်နယ် လွိုင်ကော်မြို့နယ် ချစ်ကယ်ကျေးရွာအုပ်စုမှာရှိတဲ့ မောဒူဒီး ဘိုးဟိုး ခန်းမဆောင်မှာ ကရင်နီပြည် အမျိုးသမီးတွေရဲ့အသံ ညီလာခံကို ဒီနေ့ စတင်ကျင်းပနေ ပါတယ်။
2016-09-18
အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေ တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် ဟားဗတ်တက္ကသိုလ်၊ ဟားဗတ်ဖောင်ဒေးရှင်းက ၂ဝ၁၆ ခုနှစ်အတွက် လူသားချင်းစာနာမှုဆိုင်ရာ ဆုကို စနေနေ့ ညနေပိုင်းက အခမ်းအနားနဲ့ ချီးမြှင့်ခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လက်ခံခဲ့ပါတယ်။
2016-09-18
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင် မြို့မှာ ပြီးခဲ့တဲ့စက်တင်ဘာလ ၁၅ ရက်နေ့ က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌဟောင်း နေအိမ်ပေါက်ကွဲမှု ဖြစ်ပွား ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ နေအိမ်အနီးတဝိုက်မှာ ဒုံးသီး သံထည် အပိုင်းအစတွေ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ချက်တွေအရ လောက်ကိုင်မြို့ အနောက်မြောက်ဘက် ၁ မိုင်အကွာ ကုန်းစောင်းတဝိုက်ကနေ ပစ်ခတ်ခဲ့ တာဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
2016-09-18
ရေအားလျှပ်စစ်စီမံကိန်းတွေကြောင့် ဧရာဝတီမြစ်နဲ့ဆက်စပ်နေတဲ့ သဘာဝ ပတ်ဝန်းကျင် ၊ လူမှုပတ်ဝန်းကျင်နဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုစတဲ့ ဘက်ပေါင်းစုံ မှာ ဖြစ်ပေါ်နိုင်တဲ့ အကျိုးသက်ရောက် မှုတွေကို လေ့လာ သုံးသပ်ပြီး အစီရင်ခံစာတင်သွားမှာဖြစ်တယ်လို့ ဧရာဝ တီမြစ်ဆုံ မြစ်ညာ မြစ် ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း များ လေ့လာစိစစ် သုံးသပ်ရေးကော်မရှင် အတွင်းရေး မှူး ဒေါက်တာ ဝင်းသိမ်း က ပြောပါတယ်။
2016-09-18
စစ်ကိုင်းတိုင်းဒေသကြီး၊ နန့်ဆီပွန်ဒေသ ကနေ ခန္တီးမြို့ပေါ်ကို အခွန်ဆောင်ဖို့လာ ကြတဲ့ ကျောက်မျက်သယ်ဆောင် လာသူ ၇ ဦးကို ခန္တီးမြို့နယ်ရဲတပ်ဖွဲ့က မနေ့က ကျောက်မျက်ဥပဒေ ပုဒ်မ ၄၂ (က) နဲ့ လမ်း ဖမ်းဆီးလိုက်တဲ့အတွက် တနိုင် တပိုင်ရှာဖွေ သူတွေအတွက် အခက်အခဲဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်းက ပြောပါတယ်။
2016-09-18
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့မှာ ရှမ်းနီအမျိုးသားအကျိုးတော်ဆောင်အဖွဲ့က ဦးဆောင်ပြီး ရှမ်းနီပြည်နယ် သတ်မှတ်ပေးဖို့ ဒေသခံ အင်အား သောင်းဂဏန်းလောက် က ဒီကနေ့ ဆန္ဒပြတောင်းဆိုလိုက်ပါတယ်။
2016-09-18
ရခိုင်ပြည်နယ်မှာ ဒီနှစ်အတွင်း ဂျပန် ဦးနှောက်ရောင်ရောဂါဖြစ်ပွားသူ ၄၅ ဦး ရှိခဲ့ပြီး ၆ ဦး သေဆုံးခဲ့တာကြောင့် လူဦးရေများတဲ့ စစ်တွေ မြို့နယ် မှာ ရောဂါကာကွယ်ဆေးတွေ ထိုးပေးနေတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဌာနမှူး ဒေါက် တာသောင်းလှိုင်က ပြောပါတယ်။
2016-09-18
ထိုင်းနိုင်ငံမှာရှိတဲ့ တရားမဝင် မြန်မာနိုင်ငံ သား အလုပ်သမားတွေကို စက်တင်ဘာလ ကနေ ဒီဇင်ဘာလအထိ စစ်ဆေးဖမ်းဆီး မယ်လို့ ထိုင်းအစိုးရ က မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေကို အသိပေးလိုက်ပါတယ်။
2016-09-18
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည် နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ ဝင်တွေဟာ တပတ်အတွင်း ရန်ကုန်မြို့မှာ လူထုတွေ့ဆုံပွဲပြု လုပ်ဖို့ ပြင်ဆင်နေပါတယ်။
2016-09-17
အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေ တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ စနေနေ့ မနက်က နယူးယောက်မြို့က မြန်မာအမြဲ တမ်းကိုယ်စားလှယ် အဖွဲ့ရုံးမှာ မြန်မာမိသားစုတွေနဲ့ တွေ့ ဆုံခဲ့ပါတယ်။