သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-11-23
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့က ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ PSDA စခန်းဟာ စစ်တပ်နဲ့ ဌာနေပြည်သူ့စစ် ပူးပေါင်းအဖွဲရဲ့ ဝင်ရောက်စီးနင်းခံခဲ့ရပြီး ဒေသခံတစ်ယောက် သေနတ်မှန် သေဆုံးခဲ့တယ်လို့ PSDA က ထုတ်ပြန်ထား ပါတယ်။
2021-11-23
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ငွေတိုက်စာချုပ်တွေ စတင်ဖွင့်လှစ် ရောင်းချအပြီး တစ်ရက်အတွင်း ဒေါ်လာ ၆ ဒဿမ ၃ သန်းဖိုး ရောင်းချနိုင်ခဲ့တယ်လို့ NUG ရဲ့ PVTV က သတင်းထုတ်ပြန်ထားပါတယ်။
2021-11-23
ထုတ်ဝေခွင့်ပိတ်ပင်ခံထားရတဲ့ DVB၊ မဇ္ဇျိမ စတဲ့ သတင်းဌာနတွေရဲ့ ရုပ်သံလိုင်းတွေကို ဟိုတယ်၊ တည်းခိုခန်းတွေမှာ ဝန်ဆောင်မှုအနေနဲ့ မပြသကြဖို့ စစ်ကောင်စီက ညွှန်ကြားလိုက်ပါတယ်။
2021-11-22
ရခိုင်ပြည်နယ် တောင်ကုတ်မြို့က အထက်တန်းပြ ကျောင်းဆရာမ တစ်ဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) နဲ့ ဆက်စပ်တယ်ဆိုပြီး နိုဝင်ဘာလ ၂၀ ရက်နေ့က အဖမ်းခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-11-22
အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးကို အွန်လိုင်းကတဆင့် ဒီနေ့စတင် ကျင်းပနေပြီး မြန်မာနိုင်ငံက အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တက်ရောက်ခွင့်မရခဲ့ပါဘူး။
2021-11-22
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သဲကုန်းကြီးရွာကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်စီးနင်း တပ်စွဲခဲ့ပြီး ပြန်ထွက်သွားပြီးနောက် ရွာသားတစ်ယောက် အသတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-11-22
တရုတ်-မြန်မာနယ်စပ် မုံးကိုးမြို့နယ် ရှီကျိကျတောင်အနီး တပ်စွဲထားတဲ့ ကိုးကန့် တပ်ဖွဲ့ MNDAA ရဲ့ မန်ရန်စခန်းမှာ နိုဝင်ဘာ ၂၁ ရက်က စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ရာမှာ စစ်ကောင်စီဘက်က ၂၀ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ကိုးကန့် တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
2021-11-22
ဧရာဝတီတိုင်း မအူပင်မြို့နယ်က ပျိုးခင်းသစ်လူမှုအဖွဲ့ ဦးဆောင်သူ ကိုထိုက်ထိုက်ရဲ့ အိမ်နှစ်လုံးနဲ့ ခြံတစ်ခြံတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာ ၂၀ ရက်နေ့က ချိတ်ပိတ်သွားတယ်လို့ မအူပင်မြို့ ဒေသခံတွေက ပြောပါတယ်။
2021-11-22
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက်နဲရေလယ်ဘုရား ရေနစ်မြုပ်မှုကနေ ဒီနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ ညနေ ၃ နာရီအချိန်အထိ ရုပ်အလောင်း ငါးလောင်း ရှာဖွေတွေ့ရှိထားတယ်လို့ ရေပြင်ကယ်ဆယ်ရေးလုပ်နေတဲ့ သုခမေတ္တာ လူမှုကူညီရေးအသင်းက RFA ကို ပြောပါတယ်။
2021-11-22
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် တို့အပေါ် စွဲဆိုထားတဲ့အမှု တွေထဲက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ အမှုအတွက် လာမယ့် ဒီဇင်ဘာလ ၆ ရက်နေ့မှာ အမိန့်ချမယ်လို့ ရှေ့နေတွေနဲ့နီးစပ်တဲ့ အသိုင်း အဝိုင်းက စုံစမ်းသိရပါတယ်။
2021-11-22
မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ နိုဝင်ဘာ ၂၁ ရက် မနေ့နေ့လယ်ပိုင်းက စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရလို့ ဗိုလ်အဆင့် အပါအဝင် ၁၁ ယောက် သေဆုံးခဲ့ တယ်လို့ ယောဒေသကာကွယ်ရေးအဖွဲ့ (YDF) က နိုဝင်ဘာ ၂၂ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
2021-11-22
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကံဆီးရွာနားက Mytel တာဝါတိုင်တစ်ခု နိုဝင်ဘာ ၂၁ ရက် မနေ့ည ၉ နာရီခန့်က ဖောက်ခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဖားကန့်ဒေသခံ တွေက ပြောပါတယ်။
2021-11-22
ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရတဲ့ မြန်မာပြည်သူတွေ အတွက် ဥရောပသမဂ္ဂက မြန်မာငွေ ကျပ်သန်း ၆၀၀ ကျော် (ယူရို ၃ သိန်း) ပေးအပ် သွားမယ်လို့ နိုဝင်ဘာ ၂၂ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
2021-11-22
စစ်ကိုင်းတိုင်း ကလေးဝမြို့နယ်၊ ဇီးတော၊ အောင်ချမ်းသာနဲ့ သက်ကယ်ကျင်းရွာတွေ က အမျိုးသားလေးဦး တို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာ ၂၀ နဲ့ ၂၁ ရက် တွေက ဖမ်းဆီးသွားတယ်လို့ ကလေးဝ ဒေသခံတွေက ပြောပါတယ်။
2021-11-22
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဖိုးရှိတဲ့ အထူးငွေတိုက်စာချုပ်တွေကို ပထမ အသုတ်အနေနဲ့ ဒီနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ မနက်မှာ စတင်ရောင်းချလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။